Sunday, June 27, 2010

. .

အခြေခံပညာ ကျောင်းများ၏ ပရ၀ဏ်နှင့် ဆက်စပ်လျက်ရှိသည့် ပေ၃၀၀ အတွင်း ဆေးလိပ် ကွမ်းယာဆိုင်များ နှင့် ဗီစီဒီရောင်းချခွင့် စတင်ပိတ်ပင်


PDF Print E-mail
Share

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၏ ပရ၀ဏ်နှင့်ဆက် စပ်လျက်ရှိသည့်ပေ ၃၀၀ အတွင်း၌ ဆေးလိပ်၊ ကွမ်းယာဆိုင်နှင့် ဗီစီဒီများ ရောင်းချခွင့်ကို စတင်ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း ကျောင်းအုပ်ကြီးများ၏ ပြောကြားချက်များအရ သိရှိရသည်။ အခြေခံပညာကျောင်းများနှင့် ဆက်စပ်လျက်ရှိသည့် ပြင်ပနေရာများတွင် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို ဂရုမပြုဘဲ ရောင်းချလျက်ရှိသော အသားကင်ဆိုင်များ၊ ယင်နားနိုင်သည့် အစားအစာများ၊ ဆိုးဆေးများပါဝင်သည့် ဖျော်ရည်များအနက် ဆေးလိပ်နှင့် ကွမ်းယာဆိုင်များကို ပေ ၃၀၀ အတွင်း ရောင်းချခွင့်မပြုတော့ကြောင်း သိရှိရသည်။


''အခုနှစ် ကျောင်းဖွင့်ရာသီမှာ အခြေခံပညာကျောင်းနဲ့ ဆက်စပ်နေတဲ့ ပေ ၃၀၀အတွင်းမှာ ဆေးလိပ်နဲ့ ကွမ်းယာဆိုင်တွေကိုရောင်းချ ခွင့်လုံးဝမပြုတော့ဘူး။ ဒီဆိုင်တွေ ကိုလည်း ကျွန်တော်တို့ တာဝန်ရှိသူတွေက ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်မယ်။ အဲဒီအခါမှာပိတ်ပင် ထားတဲ့နယ်မြေအတွင်းမှာ ရောင်းချ နေတာတွေ့ရှိရင် သက်ဆိုင်ရာ ရပ် ကွက်ရဲ့တာဝန်ရှိသူတွေနဲ့ စည်ပင်က တာဝန်ရှိသူတွေက အရေးယူသွားပါမယ်။ ကျွန်တော်တို့ကျောင်းက တာဝန်ရှိသူတွေ အနေနဲ့ကလည်း သက်ဆိုင်ရာမြို့နယ်ရဲ့ ကျန်းမာရေးဌာနကို အမြဲတမ်းတင်ပြသွားမှာပါ။ ဒီလို ကျောင်းရဲ့ နီးစပ်ရာ ပေ ၃၀၀ အတွင်းမှာ ပိတ်ပင်လိုက်တဲ့အကြောင်း ကလည်းကျောင်းသား၊ ကျောင်းသူ တွေရဲ့ကျန်းမာရေးကို မထိခိုက်စေဖို့နဲ့ အမြင်တွေ့ရှိမှုနဲ့ ထိတွေ့မှု ဝေးသွားအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အရင်နှစ်တွေကဆိုရင် ကျောင်းရဲ့ နီးစပ်ရာနေရာတွေမှာ ကွမ်းယာနဲ့ ဆေးလိပ်ဆိုင်တွေ ရောင်းချတယ်။ အဲဒီအခါမှာ ကျောင်းသား၊ ကျောင်း သူတွေက ဆေးလိပ်သောက်တဲ့သူ တွေ၊ ကွမ်းယာစားတဲ့သူတွေကို တွေ့မြင်ပြီးတော့ သင်ယူစရာ မှား မှာကိုလည်း စိုးရိမ်ခဲ့ရပါတယ်''ဟု အ.ထ.က(၁)ဒဂုံမြို့နယ်မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကို က ပြောကြားခဲ့သည်။


အလားတူ ကျောင်းပြင်ပရှိ ကွမ်းယာနှင့်ဆေးလိပ်ဆိုင်များအပြင် ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အစားအစာရောင်းချသည့် ဆိုင်များ ကိုလည်း အရေးယူရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


ရန်ကုန်တိုင်း မိခင်နှင့်ကလေး ကျောင်းကျန်းမာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးကလည်း ''ကျွန်မတို့ အဖွဲ့အနေနဲ့က ကျောင်းအတွင်းမှာ ရောင်းချနေတဲ့ အစားအစာတွေ၊ ဈေးသည်တွေကို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ အမြဲတမ်း စစ်ဆေးပါတယ်။ နှစ်တိုင်းလည်း ကျောင်းအတွင်းမှာ ဈေးရောင်းချသူတွေကို ဆီး၊ ၀မ်း၊ သွေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးအောင်မြင်သူတွေကိုသာ ရောင်းခွင့်ပြုတာပါ။ ဒါပေမယ့် ကျောင်းပြင်ပနီးစပ်ရာ ပရ၀ဏ်မှာ ကျောင်းသားတွေကို ကျန်းမာရေး ထိခိုက်နိုင်တဲ့ အစားအစာရောင်းချ တာတွေ၊ ဆေးဆိုးထားတဲ့ အသားကင်ဆိုင်တွေကို အခုအချိန်ထိ တွေ့နေတုန်းပါပဲ။ ကျောင်းပြင်ပကို ကျွန်မတို့အဖွဲ့အနေနဲ့ ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး။ အဲဒါကြောင့်မို့လို့ သက်ဆိုင်ရာကျောင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကျောင်းသားမိဘတွေ ကို ဘယ်လိုအစားအစာတွေ မစားသင့်ဘူးဆိုတာကို လစဉ်ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။


ကျောင်းတွင်းနီးစပ်ရာပရ၀ဏ် အတွင်း ရောင်းချလျက်ရှိသော ဈေးသည်များကို ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် စည်းကမ်းရှိစွာဖြင့် ရောင်းချရန်အတွက် ခေါ်ယူ၍ပညာပေး ဟောပြောမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဈေးသည်များကို ထိရောက်စွာအရေး ယူရန်အတွက် သက်ဆိုင်ရာဌာနသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း ပြောကြားခဲ့သည်။

No comments:

Post a Comment