Monday, June 28, 2010

. .

မောင်းတောမြို့နယ်မှာ ဆင်ဖြူတော်လို့ ယူဆရတဲ့ ထူးခြားဆင်တစ်ကောင် ဖမ်းမိ



၂၅-၆-၁၀ ညနေ ၄ နာရီလောက်က မောင်းတောမြို့နယ်မှာ ဆင်ဖြူတော်လို့ ယူဆရတဲ့ ထူးခြားဆင်တစ်ကောင် ဖမ်းမိခဲ့တယ်လို့သိရပါသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တွင် ဆင်ဖြူတော် ထားရှိနိုင်ရန် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများကို တောနင်းရှာဖွေခိုင်းလျက်ရှိပြီး ဒေသခံများသည်လည်း ဆင်ဖြူတော် ရှာဖွေရေးအတွက် လုပ်အားပေးနေရကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဘုရင်တွေ ဘုန်းကြီးလာရင် ဆင်ဖြူတော်ကို လိုက်ဖမ်းစရာမလိုဘူး။ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ဒီစစ်အစိုးရက ဘုန်းကြီးတယ်လို့ ထင်အောင် ဆင်ဖြူတော်လိုက်ဖမ်း နေတာ။ တကယ်ရယ်စရာပဲ” ဟု ရန်ကုန်မြို့နေ ဗေဒင်ဆရာတဦးက ဆိုသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းမကွယ်လွန်ခင်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့ ဘယ်သူဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မကြည့်ဘဲ သူတို့ကို ဘယ်လောက် အနှောင့်အယှက် ပေးတယ်ဆိုတာကိုသာ ကြည့်လေ့ရှိပါတယ်။

No comments:

Post a Comment