Monday, June 28, 2010

. .

ရဲတိုင်းမှူး ဦးအောင်ဒိုင်းရဲ့အရှိန်နဲ့ထင်ရာစိုင်းခေါင်းပုံဖြတ်နေတဲ့ ကြည်ခိုင်ကျော်

ကြည့်လုပ်ပါဦး ရဲတိုင်းမှူး ဦးအောင်ဒိုင်း ရေ။ရဲမှူးကြီးခင်ဗျား၊

မဖြစ်သင့်တာတွေ ဖြစ်ပျက်နေတာ ကြိမ်ဖန်များစွာကြားကြားနေရလို့၊ ရိုးသားစွာ တင်ပြပါရစေ။တခြားမဟုတ်ပါ၊ သက်ဆိုင်ရာနယ်မြေက လုပ်ငန်းရှင်တွေ၊ အခြားလုပ်ဖေါ်ကိုင်ဖက်တွေက ၁။ ကင်ပေတိုင် ၂။ ပုလိပ် ၃။ ဖာဂူဆန် (မန် လည်းမန်၊ ယူလည်းယူ) ရယ်လို့ နာမည်ပေးကြသည့် ရဲမှူးကြီးရဲ့ တပည့်အရင်းခေါက်ခေါက်ကြီး ထလရ(နိုင်) က မောင်ကြည်ခိုင်ကျော် အကြောင်းပါ ခင်ဗျား။

အဆိုးများစွာထဲက ထင်ရှားသည့် အဖြစ်အပျက်တစ်ချို့ကို တင်ပြပါရစေ။
၁။ မြောက်ဥက္ကလာအဝိုင်းနားမှ နာမည်ကျော် KTVဆိုင်ကိုအပိုင်စီးမှု။
၂။ နယ်မြေမှ လက်အောက်ငယ်သားများအား ချဲဒိုင်မှ လိုင်းကြေးကောက်ခိုင်းရယူပြီးကာမှ၊ လိုင်းကြေး မရရှိသေးဟုဆိုကာ ထပ်မံ၍ တောင်းခံပြီး ၄င်းချဲဒိုင်ကိုဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးရရှိသည့် လောင်းကစားကြေငွေများကို တစ်ဝက်သာဌာနသို့တင်ပြ၍ ကျန်တစ်ဝက်ကို ဝေစုမခွဲပဲ တစ်ဦးတည်းမောင်ပိုင်ဆီးမှု။
၃။ အင်းစိန်ကုန်းတံတားနားမှ ဆီမှောင်ခိုဆိုင်အား အထက်ပါအတိုင်း အလားတူ ဧဓားပြတိုက်မှု။
၎။ နယ်မြေမှ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးအား အခြားဌာနများနှင့် သတင်းဖလှယ်သည်ဟုဆိုကာ မဟုတ်မမှန် လုပ်ကြံပြီး ဌာနစုမှူးထံ တင်ပြမှု။ (ဟိုလူခင်မြာ သားသမီးတသီတတန်းနဲ့၊ အလုပ်ကထွက်ရပြီး ဒုက္ခရောက်နေပါရောလား)။
၅။ အင်းစိန်ဘိုကုန်း (အမိုး) ဇိမ်ခန်း (ဘိ) မှ မိန်းခလေးတစ်ဦးကို (ချုပ်ထားသော) ဌာနဆိုင်ရာအချင်းချင်းလက်မှ ဖြတ်ခုတ်ပြီး၊ အချင်းချင်း ပြဿနာပေါ်သောအခါ မရတဲ့အမဲသဲနဲ့ပက်မယ် ဆိုသည့်အတိုင်း ၄င်းဇိမ်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့မှု။

တိတိကျကျဆိုရလျှင်၊ ၁၂-၅-၂၀၁၀ နေ့တွင် မြောက်ဥက္ကလာရှိ နာမည်ကြီး ဘီယာစတေရှင်တွင် စစစ၊ နှင့်အခြားဌာနဆိုင်ရာများနှင့် လူအများရှေ့တွင် တိုင်းရဲမှူးကို ငါပိုင်တယ်၊ (၅)ပုံးသာယူခဲ့၊ ကြည်ခိုင်ကျော် လို့ဆိုတာနဲ့ တရေးနိုးတောင် ထတွေ့လို့ရတယ်။ ငါ့ကိုထိရဲထိကြည့် မီးပွင့်သွားမယ်။ အောင်ဒိုင်း တပြည့်ကွ။ ဟုဆိုသောစကားလုံးများကိုလူအများရှေ့တွင်အမြဲတစေကြိမ်းဝါးနေလေ့ရှိပါသည်။အထက်ပါဖေါ်ပြချက်များသည် အဆိုးများများစွာထဲမှ တစ်ချို့တစ်ဝက်သာဖြစ်သည်ကို ၄င်း၏လုပ်ဖေါ်ကိုင်ဖက်များအပါအဝင် နယ်မြေဌာနဆိုင်ရာများကို မေးမြန်းကြည့်လျှင် သိနိုင်ပါသည်။ရဲမှူးကြီး တပည့်ဆိုး၏ လုပ်စားခံနေရခြင်းမှ ကင်းဝေးပါစေ။
ပေးပို့သူ။ ။ toke gyi

No comments:

Post a Comment