Friday, June 11, 2010

. .

ဘင်္ဂလားဒေခ်ျ့ ၀န်ကြီးချုပ်က မင်္ဂလာဆောင်မည့်ဆဲဆဲ မိဘများ မီးထဲ ပါသွားသူ သတိုးသမီး ၃ ဦးကို မင်္ဂလာဆောင်ပေး

6/10/2010: မောင်သန်းစိန်----------ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဝန်ကြီးချုပ် ရှစ်ဟားဆီးနာမှ ဇွန်လ ၃ ရက်နေ့က လောင်ကျွမ်း ခဲ့သော မီးကြောင့် မိဘမဲ့ ဖြစ်သွားသော သတိုး သမီးလောင်း ၃ ဦးကို မိခင် တဦး အဖြစ် တာဝန်ယူပြီး ၀န်ကြီးချုပ် နေအိမ်၌ ဇွန်လ ၉ ရက်နေ့က မင်္ဂလာဆောင်ပေးခဲ့သည်။


မိဘမဲ့ ဖြစ်သွားသော အမျိုးသမီး သတိုးသမီး ၃ ဦးမှာ မရတနာ၊ မရူနာ၊ မအာဆမာတို့ ဖြစ်ကြသည်။ မရတနာနှင့် မရူနာတို့မှာ ညီအစ်မ ဖြစ်ပြီး မိဘများနှင့် ဆွေမျိုးများမှာ မရူနာအား စေ့စပ်သည့်နေ့ ညဥ့်တွင် မီးလောင် သေဆုံးသွားခဲ့သည်။

မီးလောင်စဉ် အဆိုပါ ညီအစ်မ နှစ်ဦးမှာ မင်္ဂလာပွဲ အတွက် အလှပြင်ဆိုင်သို့ ရောက်ရှိနေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း မိဘများနှင့် ဆွေမျိုးများ အားလုံးမှာ မီးထဲ ပါသွားခဲ့သည်။
အစ်မ ဖြစ်သူ မရတနာအားလည်း ဇွန်လ ၂၂ ရက်နေ့တွင် မင်္ဂလာဆောင်ရန် မိဘများက စီစဉ်ထားရှိပြီး ညီမဖြစ်သူ မရူနာ၏ စေ့စပ်ပွဲ ညတွင် မီးလောင်ပြီး မိဘများ သေဆုံးသွားခဲ့သဖြင့် အဆိုပါ မင်္ဂလာပွဲ အစီအစဉ်မှာလည်း ပျက်စီးသွားခဲ့သည်။
အဆိုပါ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ကို ကြားသိရသဖြင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချစ်ဟာဆီးနာမှ အဆိုပါ ညီအစ်မ နှစ်ဦးအား ၀န်ကြီးချုပ်နေအိမ်သို့ ခေါ်ယူပြီး မိခင် တဦးအဖြစ်ဖြင့် မင်္ဂလာ ဆောင်ပေးရန် စီစဉ်ခဲ့သည်။
တခြားအမျိုးသမီး တဦးဖြစ်သူ မအာဆမာတွင်လည်း ဇွန်လအတွင်း လက်ထပ်ရန် စီစဉ်ပြီးမှ မိခင်ဖြစ်သူမှာ မီးလောင်မူကြောင့် သေဆုံးသွားပြီး ဖခင်ဖြစ်သူမှာလည်း မီးလောင်မူကြောင့် ဆေးရုံသို့ ရောက်ခဲ့ရသည်။
သို့အတွက် ၀န်ကြီးချုပ်မှ အဆိုပါ အမျိုးသမီး ၃ ဦးကို ၀န်ကြီးချုပ်နေအိမ်သို့ ခေါ်ယူပြီး လက်ထပ် ထိမ်းမြားပေးခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာမှ သတိုးသမီး တဦးချင်းစီအတွက် ရွှေ ၈ ကျပ်သားရှိ လက်ဝတ် ရတနာများ ကို ဆင်မြန်းပေးပြီး မရတနာနှင့် မစ္စတာ ဂျာမေလ် တို့ ဇနီးမောင်နှံအတွက် တာကာငွေ ၁၁၄၀၀၀၊ မရူနာနှင့် မစ္စတာ ရှုးမွန် တို့ ဇနီးမောင် အတွက် တာကာငွေ ၃၀၀၀၀၀၊ မအာဆမာနှင့် မစ္စတာ အာလုံးဂီ တို့ ဇနီးမောင်နှံ အတွက် တာကာငွေ ၂၀၀၀၀၀ နှင့် အတူ အိမ်ထောင် ပရိဘောဂ အပြည့်အစုံ တို့ကို လက်ဖွဲ့ပေးခဲ့သည်။
မရတနာနှင့် လက်ထပ်သူ မစ္စတာ ဂျာမေးလ်မှာ ဒူဘိုင်းတွင် နေထိုင်သူ ဖြစ်ပြီး သူ့တွင်လည်း မိသားစု ၇ ဦး မီးထဲ ပါသွားခဲ့သည်။
အဆိုပါ မင်္ဂလာဆောင်ပွဲသို့ အစိုးရ ၀န်ကြီးများ၊ အမတ်များနှင့် အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့သည်။
ဇွန်လ ၃ ရက်နေ့ ညနေက ဒက္ကားမြို့ နင်တိုလီ ရပ်ကွက် မီးလောင်မှုတွင် လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိကာ အဆောက်အဦး ၇ ခု မီးလောင်ကျွမ်းခဲ့သည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

No comments:

Post a Comment