Monday, May 31, 2010

. .

FWWMC ကိုအကူအညီတောင်းခံခါမှ အလုပ်ပြုတ်သွားရတဲ့ မြန်မာ အလုပ်သမားတစ်ဦး (မလေးရှား)

(ခမိခဆဲ ကနေကူယူပြီးတဆင့်ဖော်ပြလိုက်တာပါ)

Petaling Jaya တွင်ရှိ Hung Tai Import & Export (M) Sdn., Bhd. No.17, 27-29, Jalan SS ,6/12, Kelana Jaya မှ Brother's ကားအပိုပစ္စည်းရောင်းချသောကုမ္ပဏီတွင်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများသည် မလေးရှားအလုပ် သမားဝန်ကြီးဌာန၏ ၂၀.၄.၂၀၀၉ ခုနှစ် အလုပ်သမားများကို Levy ကြေးကိုမကောက်ခံရန် တရားဝင်ထုတ်ပြန်ထားတဲ့စာရွက်ကို ၎င်းတို့၏ လုပ်ငန်းပိုင်ရှင်အားပြသခဲ့ပြီး ထိုအလုပ် သမားတို့၏ လုပ်ငန်းပိုင်ရှင်ကို Levy ကြေးများ မဖြတ်တောက်ရန် မြန်မာနိုင်ငံသားအလုပ်သမား အမျိုးသား၊ အမျိုးသမီးများအပါအဝင် အယောက် ၄၀ ကျော်နီးပါ လုပ်ငန်းပိုင်ရှင်သူဌေးကို တောင်းဆိုခဲ့ပါတယ်။ ထိုလုပ်ငန်း ပိုင်ရှင်သူဌေးမှ မည်သို့မျှ အကြောင်းမပြန်ပဲ ဆက်လက်၍ Levy ကြေးများအား ဖြတ်တောက်နေခဲ့ပါတယ်။်Friday, May 28, 2010


Petaling Jaya တွင်ရှိ Hung Tai Import & Export (M) Sdn., Bhd. No.17, 27-29, Jalan SS ,6/12, Kelana Jaya မှ Brother's ကားအပိုပစ္စည်းရောင်းချသောကုမ္ပဏီတွင်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများသည် မလေးရှားအလုပ် သမားဝန်ကြီးဌာန၏ ၂၀.၄.၂၀၀၉ ခုနှစ် အလုပ်သမားများကို Levy ကြေးကိုမကောက်ခံရန် တရားဝင်ထုတ်ပြန်ထားတဲ့စာရွက်ကို ၎င်းတို့၏ လုပ်ငန်းပိုင်ရှင်အားပြသခဲ့ပြီး ထိုအလုပ် သမားတို့၏ လုပ်ငန်းပိုင်ရှင်ကို Levy ကြေးများ မဖြတ်တောက်ရန် မြန်မာနိုင်ငံသားအလုပ်သမား အမျိုးသား၊ အမျိုးသမီးများအပါအဝင် အယောက် ၄၀ ကျော်နီးပါ လုပ်ငန်းပိုင်ရှင်သူဌေးကို တောင်းဆိုခဲ့ပါတယ်။ ထိုလုပ်ငန်း ပိုင်ရှင်သူဌေးမှ မည်သို့မျှ အကြောင်းမပြန်ပဲ ဆက်လက်၍ Levy ကြေးများအား ဖြတ်တောက်နေခဲ့ပါတယ်။ ထိုအလုပ်သမား

အားလုံးကိုခေါင်းဆောင်သူ ကိုဇေယျာလင်း သည် Bandar Puchong Jaya IOI အနီးရှိ Foreign Workers Welfare Management Centre (FWWMC) ရုံးသို့ ၁၈.၁၁.၂၀၀၉ ခုနှစ် နေ့ရက်တွင် သွားရောက်တိုင်ကြား ခဲ့ပါတယ်။ FWWMC ရုံးမှ တာဝန်ရှိတဲ့ Mr.See Laan က ဒီမှာ မြန်မာနိုင်ငံ သားတွေအတွက် အလုပ်သမား ပြဿနာ ကိစ္စအဝဝကို ဖြေရှင်းဖို့ နအဖစစ်အစိုးရ မလေးရှားမြန်မာ

သံရုံးက ကူညီဆောင်ရွက်ပေးဖို့ သဘောတူညီချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါ တယ်။ မင်းတို့ အဖွဲ့ဝင်လုပ်မှ ဖြေရှင်းလို့ရမည်ဟုပြောပါတယ်။ ထို့နောက် ကိုဇေယျာလင်း သည် FWWMC အဖွဲ့ထဲသို့အဖွဲ့အ ဝင်တစ်ယောက်အဖြစ်ပြုလုပ်ခဲ့ပြီး၊ အလုပ်သမားပြဿနာကိုကိုင်တွယ် ဖြေရှင်းပေးသွားမည်ဟုပြောဆိုလိုက်ပါ တယ်။

အလုပ်သမားတွေကိုခေါင်းဆောင်တဲ့ကိုဇေယျာလင်းသည် FWWMC အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး၊ အဖွဲ့ဝင် ကြေး ရင်းဂစ်၁၅၀ ပေးဆောင်ခဲ့ရပါတယ်။

၎င်းတို့၏ အလုပ်သမားပြဿနာကိစ္စအဝဝကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ FWWMC ၏လုပ် ဆောင်ချက် များမထိရောက်မှုကြောင့် လုပ်ငန်းပိုင်ရှင်သူဌေးသည် ကိုဇေယျာလင်း အားအလုပ်လုပ် ခွင့်မပြုတော့ပဲ၊ အလုပ် မှဖြုတ်လိုက်ပြီး အလုပ်သမားအဆောင်မှာ မနေထိုင်ဖို့ သတိပေးလိုက်ပါ တယ်။ ဆက်လက် နေထိုင်ပါက ရဲနဲ့ ဖမ်းခိုင်းမည်ဟုဆိုပြီး ၎င်းကို အဆောင်မှ နှင်ထုတ်လိုက်ပါတယ်။ ကိုဇေယျာလင်း ရဲ့ဖြစ်နေတဲ့ပြဿနာသည် အကူအညီတောင်းခံခါမှ ဘဝပျက်တဲ့ကိန်းဆိုက်ရောက်သွားခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးမကြုံရအောင် မြန်မာနိုင်ငံ သားအားလုံးကို သင်ခန်းစာယူဖို့ သတိပေးလိုက်ပါတယ်။ အလုပ်သမားပြဿနာကို အလုပ်သမားရုံးမှာပဲ ဖြေ ရှင်းလို့ရပါတယ်။

သူတို့မှာ နာမည်ခံပဲရှိပါတယ်။ သွားရောက်အကူအညီတောင်းခံခါမှ ပို၍ဆိုးစေပါတယ်။ သူတို့မှာဖြေရှင်းနိုင်တဲ့ စွမ်းအားဘာမှမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဘာမှလည်းမတတ်နိုင်ပါဘူး။ မလေးရှားနိုင်ငံမှာ အခမဲ့ရှေ့နေ၊ အလုပ် သမားရှေ့နေ၊ လူ့အခွင့်အရေးရှေ့နေတွေရှိပါတယ်။ အမှုကိုမြန်မြန်ပြီးချင် ရင်အစိုးရရှေ့နေတွေကိုငှားရမ်း လို့ရ ပါတယ်။

မလေးရှားတနိုင်ငံလုံးရှိ ပြည်နယ်တိုင်းမှာ မလေးရှားအစိုးရအလုပ်သမားဌာနခွဲတွေ မြို့နယ် တိုင်းမှာရှိပါတယ်။ မိမိတိုင်ကြားတဲ့အခါမှာ အလုပ်သမားဌာနခွဲ(သို့မဟုတ်)ရဲစခန်းမှာ ကြိုတင်၍ ပထမဦးဆုံးအမှုဖွင့်ဆိုဖို့ အဓိက လိုအပ်ပါတယ်။ ရဲစခန်းတွင်မိမိဘက်မှကြိုတင်၍ဦးစွာ ပထမဦးဆုံးအဆင့်အနေဖြင့် အမှုဖွင့်ဆိုတိုင်ကြားခြင်းကို ပြုလုပ်ရပါမယ်။ ထို မှတဖန် အလုပ်သမားဌာနတွင် ဒုတိယအဆင့်အနေဖြင့် အမှုဖွင့်ဆိုတိုင်ကြားခြင်း ကိုဆက် တိုက်ပြု လုပ်ရပါမယ်။ ယင်းအဆင့်နှစ်ခုအား မိမိဘက်မှကြိုက်နှစ်သက်သလို ကြိုတင်လက်ဦးမှုရယူ၍ဦးစွာ ဆက်တိုက် အမှုဖွင့် တိုင်ကြားရမှာ ဖြစ်ပါတယ်။

ကိုဇေယျာလင်း သည် သူရိယဂျာနယ် မှာပါသော မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စအဝဝအား ကူညီ ဆောင်ရွက်ပေးနေသူ ကိုရန်နိုင်ထွန်း (BCM)နဲ့ဆက်သွယ်မိခဲ့ပြီး၊ ၎င်းရဲ့အမှုကို ကူညီဆောင်ရွက်ပေးဖို့ အကူ အညီတောင်းခံခဲ့ပါတယ်။

၎င်းကိုယ်တိုင်ရဲစခန်းသို့သွားရောက်ခဲ့ပြီး၊ ၎င်းရဲ့နိုင်ငံကူးလက်မှတ် Passport စာအုပ်နဲ့ ၎င်း၏လုပ်အားခ တစ် လစာနဲ့အတူ ဖြတ်တောက်ခြင်းခံထားရသော Levy ကြေးများနှင့်အပြန်လေယာဉ်လက် မှတ်ပြန်လည်ရရှိရန် တိုင်ကြားလိုကြောင်းနှင့် ၎င်းကိုယ်တိုင် အလုပ်သမားအဆောင်မှမောင်းနှင် ထုတ်ခံလိုက်ရကြောင်း၊ ၎င်းကိစ္စအ တွက် ရဲစခန်း၌အမှုဖွင့် လိုပါကြောင်းနှင့် လုပ်ငန်းပိုင်ရှင်သူဌေးအား ၁.၄.၂၀၁၀ နေ့တွင် Kelana Jaya ရဲစ ခန်း၌ အမှုစတင်၍ ဖွင့်ဆိုခဲ့ပါတယ်။ Subang Jaya အလုပ်သမားဝန်ကြီးဌာနရုံးခွဲသို့ ၂.၄.၂၀၁၀ နေ့မှာ အမှု ထပ်မံဖွင့်ဆိုခဲ့ပါတယ်။

မလေးရှားလူ့အခွင့်အရေးဌာန(SUHAKAM) ရုံးသို့ထပ်မံ၍ ၂၇.၄.၂၀၁၀ နေ့တွင်အမှုဖွင့်ခဲ့ပါတယ်။ မလေးရှား ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချူပ်(MTUC)ရုံးသို့ ၁၈.၅.၂၀၁၀ နေ့တွင်သွားရောက်ခဲ့ပြီး၊ ၂၁.၅.၂၀၁၀ ရက်နေ့တွင် Subang Jaya အလုပ်သမားရုံးရှိ အလုပ်သမားတရားရုံးမှ အမိန့်ချမှတ်လိုက်ပါတယ်။

လုပ်ငန်းရှင်သူဌေးမှ ကိုဇေယျာလင်း အားလစာအပါအဝင် တစ်နှစ်စာ Levy ကြေးနဲ့အတူ လေယာဉ်လက်မှတ် ပါပေးဆောင်ရမည်ဟု အမိန့်ချမှတ် ပေးလိုက်ပါသည်။ ကိုဇေယျာလင်း သည် ပြန်ရရှိငွေ ရင်းဂစ် ၁၅၀၀ တိတိ နှင့်အပြန်လေယာဉ်လက်မှတ်ကို ပြန်လည်ရရှိခဲ့ပါသည်။

အဖြစ်အမှန်ကို သိလိုပါက ကိုဇေယျာလင်း ဖုန်းနံပါတ်-၀၁၆ ၄၈၁၆ ၂၈၅

ပေးပို့လာသူ။ ကိုဇေယျာလင်း

No comments:

Post a Comment