Saturday, May 8, 2010

. .

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အများအပြားတွင် ရေများခန်းခြောက်လျက်ရှိ


ဒီနေ့မြန်မာပြည်ကအစ်မနဲ့ ဂျီတော့ပြောရင်းက ဧရာဝတီတိုင်းမှာလည်း ရေတွေခန်းခြောက်ပြီး သောက်သုံးရေအတွက် လူတွေဒုက္ခရောက်နေတယ်တဲ့။ရေကန်ထဲမှာအနည်ထိုင်တဲ့ရေတွေလောက်ပဲရှိတော့တယ်။ရေလာခပ်ကြတဲ့လူတွေက သူတို့အိမ်ရောက်ရင် ခပ်လာတဲ့ရေထဲကို ကလိုရင်းတို့၊ကျောက်ချဉ်တို့ထည့်ခတ်ထားပြီးမှ သုံးကြရတယ်။တအိမ်ထောင်စာအတွက် ရေနည်းနည်းလောက်ဘဲရကြတယ်။ကြားရတာ စိတ်မချမ်းသာလိုက်တာဗျာ။အဆိုးထဲက အကောင်းလို့ပြောရမှာက အဲ့ဒီဒေသတွေမှာ save the children အဖွဲ့နဲ့ တခြား NGO အဖွဲ့တွေက တတ်နိုင်သလောက်လိုက်ကူညီနေကြတယ်တဲ့။ တကယ်တော့ဒီလိုအဖြစ်အပျက်တွေဟာ ကမ္ဘာတ၀န်းလုံးမှာဖြစ်နေတာပါ။ လွန်ခဲ့တဲ့လတွေတောင်က မလေးရှားနိုင်ငံ ပီနန်ဒေသ တချို့သဘာဝပန်းခြံတွေက ရေတံခွန်တချို့ဟာရေတွေအလိုအလျောက်ခန်းခြောက်သွားသေးတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တောင်းဆိုချင်တာက မိမိတို့လက်လှမ်းမီသလောက် ၀ိုင်းပြီးကူညီပေးကြပါ။

No comments:

Post a Comment