

ရေအသက်ဆိုတာ တစ်မနက်
ကျနော်တို့ပြည်သူတွေ အသက်ရှင်ဖို့ ရေမှတပါးအခြားမရှိ
ဒီနေ့ လက်ရှိကျနော်တို့ မြန်မာပြည်ရဲ့ အခြေအနေဟာ သဘာဝဘေးအန္တရာယ်တွေဖိနှိပ်နေခြင်းကိုခံနေရပြီဖြစ်ပါတယ်။ အပူရှိန်ပြင်းထန်မှုကြောင့် လူကြီးလူငယ် မရွေး ရာနဲ့ချီပြီးသေဆုံးနေရသလို သောက်သုံးရေ ပြတ်လတ်မှုတွေကြောင့်လည်း လူသားမျိုးဆက်တွေ ထောင်ချီပြီးရောဂါဘယများ ခံစားနေကြရပါတယ်။ ကျိုးပဲ့ ခြောက်သွေ့ ကုန်ပြီဖြစ်တဲ့ ချင်းတွင်း နတ်သမီးရဲ့ လက်ချောင်းတွေကြားမှာ အော်သူတွေ ငိုသူတွေ ရေလိုနေသူတွေ ဒုနဲ့ဒေးရှိနေသလို ပတ်ကြား အက်တွေနဲ့ အင်းလေးအပျိုမရဲ့ ပါးပြင်ပေါ်မှာ ဖောင်တော်ဦးစေတီဟာ ဆီမီးယဲ့ယဲ့ ဆွမ်းကင်းမဲ့ ရေချမ်း နတ္ထိ ပန်းမရှိနဲ့ ဖြစ်နေရပါပြီ ထာဝစဉ် စိမ်းလန်း ငြိမ်းချမ်းခဲ့တဲ့ မြန်မာပြည်ဟာ အခုတော့ရေပြတ် လို့ ရေတွင်းတွေခမ်း ရေကန်တွေခြောက် မြစ်ချောင်းတွေကောနဲ့ ဘ၀အမောတွေရဲ့ ဖိစီးမှုဒဏ်ကို လူထုဟာ ထောင်းထောင်းကျေအောင် ခံစားနေကြရပါပြီ။ ရေကားတစီးကို (၆) သောင်း ရေသမ္ဗာန်တစီးကို တသောင်းခွဲ ရေစည်တလုံးကို လေးထောင်ဖြစ်နေတဲ့ ခေတ်ဆိုး ခေတ်ကြပ်ကြီး အောက်ကပြည်သူတွေကို ကျနော်တို့ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဘာလုပ်ပေးကြမလဲ ၊ ဘယ်လိုကူညီ၊ ထောက်ပံ့ ၊ လှူဒါန်းကြမလဲ….
အခုပြည်တွင်း ရေကူညီကယ်ဆယ်ရေး စီမံချက် အနေနဲ့ Sri Kuching ဆရာတော် ဦးနာရဒ ဦးစီး၍ မြန်မာ့အရေး ဆောင်ရွက်သူများက ဒီကိစ္စကို စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း စေတနာရှင် အပေါင်းကို ဖိတ်ခေါ်အပ်ပါတယ်။
ဆက်သွယ်ရန်။
အရှင်နာရဒ ဖုန်း၊ 016 602 5536
Sri Kuching Vihara၊ Block B/ ( 125 / 1 / 1 ) ၊ Jalan Seling Sing 5.. Taman Sri Kuching ၊ Kuala Lumpur (ဒီစာလေးကို အနည်းငယ်ပြုပြင်ပြီးမှ ပြန်လည်ဖြန့်ဝေခြင်းဖြစ်ပါတယ်။အလျှင်သင့်ရင်ဘုန်းဘုန်းအကြောင်းသီးသန့်ဖော်ပြပါမယ်။ ။အောင်နိုင်သူ)
No comments:
Post a Comment