Thursday, May 27, 2010

. .

မလေးရှား၌ ဒုက္ခသည်ကတ် ကိုင်ဆောင်ပြီးဆေးခြောက်ရောင်းနေသော မြန်မာမိသားစုဖမ်းမိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နယ်အတွင်းရှိ Ampang ဒေသတ၀ိုက်တွင်ဒုက္ခသည်ကတ် ကိုင်ဆောင်ပြီး ဆေးခြောက်ရောင်းနေသော မြန်မာမိသားစုအိမ်အား ရဲများက ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဒီနေ့ထုတ် THE STAR သတင်းစာ၌ ဖော်ပြထားပါတယ်။သက်သေခံပစ္စည်းများအဖြင့် ဆေးခြောက်၆၉ထုပ်နှင့်ဆေးခြောက်ရောင်းရငွေ ရင်းဂစ် ၄၀၀၀အားသိမ်းဆည်းရရှိပါသည်။၎င်းမိသားစုဝင်၅ယောက်သည် လွန်ခဲ့သောနှစ်တွင်မလေးရှားနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့ပြီး ဆေးခြောက်ရောင်းခြင်းကို လွန်ခဲ့သော ၆လခန့်မှစပြီးလုပ်ကိုင်ခဲ့၏။ ၎င်းတို့အဓိကဖြန့်ဖြူးသောနေရာမှာ ပန်ဒန်မဲဝါး(pandan mewah)ဒေသတ၀ိုက်တွင်နေထိုင်သော မြန်မာလူမျိုးများဆီသို့ဖြစ်သည်။ထိုနေရာတ၀ိုက်တွင် နိုင်ငံခြားသားအလုပ်သမားများ အလွန်များပြားသောကြောင့် ရဲမှမကြာခဏ ၀င်ရောက်စီးနင်းမှူများရှိသည်ဟုလည်းကြားရသည်။ယခုအခါတွင်မြန်မာနိုင်ငံသားများသည်မလေးရှားတွင် ရာဇ၀တ်မှုအများအပြားကျူးလွန်ရာတွင် ပါဝင်လျက်ရှိသည်။မလေးရှားတွင် မြန်မာနိုင်ငံသား၆သိန်းနီးပါးခန့် ရှိသည်။

No comments:

Post a Comment