Thursday, May 20, 2010

. .

မလေးရှားမှ ထွန်းတောက်နေတဲ့ မြန်မာ့ကြယ်ပွင့်လေးတစ်ပွင့်


`ထက်အောင်ရှိုင်း´ သူ့ကိုကျွန်တော်စသိခဲ့တာက မလေးရှားနိုင်ငံ၊ပီနန်နယ်ကပီနန်ဆရာတော်ကြီးကျောင်းမှာ အစည်းအဝေးပွဲတက်ရောက်စဉ်ကဖြစ်ပါတယ်။ဖော်ရွေသောအပြုံး၊ရိုးသားတဲ့မျက်လုံးနဲ့မဟုတ်မခံတက်ကြွတဲ့ သူစိတ်ဓာတ်တွေကြောင့် ကျွန်တော်အပါအ၀င် တွေတဲ့လူတိုင်း အားလုံးဟာသူကိုခင်မင်ကြပါတယ်။ သူဟာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကိုဂရုမစိုက်ပဲ သူယုံကြည်တဲ့လမ်းအတိုင်းတစိုက်မတ်မတ်သွားနေတာပါ။ လူငယ်တွေကြားထဲမှာတော့အတုယူဖွယ်၊လေးစားအားကျစရာပါ။အခုလည်း သူတတ်တဲ့အနုပညာနဲ့တိုင်းပြည်အတွက်အကျိုးပြုဖို့ကြိုစားနေပါတယ်။အဲဒါကတော့ မြန်မာပြည်ရဲ့ဖြစ်ပျက်နေတာတွေကို အခြေပြုပြီး သူကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ သီချင်းအခွေသစ်ကို မကြာခင် ကမ္ဘာတလွှားကို အခမဲ့ဖြန့်ချီပေးတော့ပါမယ်။ အချိန်အများကြီးအကုန်ခံပြီး ခဲရာခဲဆစ်ရှာဖွေထားတဲ့ သူ့ရဲ့ကိုယ်ပိုင်ချွေးနဲစာ နဲ့ သူငယ်ချင်းတွေဝိုင်းဝန်းကူညီမှုတို့ ပေါင်းစပ်ပြီးဒီအခွေဖြစ်မြောက်အောင်ထုတ်ခဲ့ပါတယ်။သူငယ်ချင်းတို့ရေး မြန်မာပြည်အနာဂတ်ရဲ့ ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးကို တို့တတွေ တတ်နိုင်တဲ့ဖက်ကနေ ၀ိုင်းဝန်းကူညီပေးသင့်တယ်။

(ကိုရှိုင်း...ရှေ့ကိုသာရဲရဲလျှောက်ပါ။သူငယ်ချင်းနောက်မှာတို့တတွေ အမြဲရှိနေပါတယ်။။ ။။အောင်နိုင်သူ)

No comments:

Post a Comment