အောင်နိုင်သူ
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
မူလစာမျက်နှာ
သီချင်း
သတင်း
စွယ်စုံကျမ်း
ဗွီဒီယို
ရာသီဥတုမှတ်တမ်း
စွယ်စုံကျမ်း
ဆက်သွယ်ရန်
Tuesday, May 25, 2010
. .
သူတို့အတွက်ဂုဏ်ယူပါတယ်
အစ်ကိုတစ်ယောက်နဲ့ စကားပြောရင်း ရေအလှူကိစ္စပြောတာကြားလို့ သူတို့အစားဝမ်းသာပီတိဖြစ်ပြီး တခြားလူတွေလည်း သာဓုခေါ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။၂၂ ရက်နေ့မှာကဗျာဆရာတွေ ပန်းဆိုးတန်းက စာပေလောက၅မှာ ပန်းချီဆွဲပြီး ပန်းချီကားရောင်းရငွေတွေကို ရေအလှူအတွက် နာရေးကူညီမှူအသင်းကို လှူဒါန်းခဲ့ကြပါတယ်။တကယ်တော့ သူတို့တွေအားလုံးဟာ လူချမ်းသာတွေ မဟုတ်ပေမယ့် စိတ်ဓာတ်ရေးရာမှာတော့ ချမ်းသာမှု့အပြည့်ရှိတယ်ဆိုတာ ပြသလိုက်သလိုပါပဲ။ကိုယ်တတ်တဲ့ပညာနဲ့ တတ်နိုင်သလောက်စုပေါင်းပြီး တဖက်တလမ်းကနေပြီး ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုကူညီလိုက်ကြတာပါ။သူတို့အတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါတယ်။သာဓုပါဗျာ...သာဓု...သာဓု...
မြန်မာ့စာပေလောကကြီး တည်တန့်ခိုင်မြဲ၍ ထွန်းတောက်အောင်မြင်ပါစေ...။
လေးစားစွာဖြင့်....အောင်နိုင်သူ။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment