Saturday, May 29, 2010

. .

အင်းလေးကန်ပြန်လည်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်တော့မည်



အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အမွေအနှစ်တစ်ခု ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာ တစ်ခုလည်းဖြစ်ပါတယ်။ အင်းလေးကန်ပျက်ရင် အနီးတစ်ဝိုက်မှာရှိတဲ့ အင်းသားတွေရဲ့ ဘ၀ပျက်မယ်။ အင်းလေးကန်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ပျက်မယ်။ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲလို့ ခေါ်တဲ့ ငှက်တွေ၊ ငါးတွေ၊ အပင်တွေ အကုန်ပျက်မယ်
တိုင်းတာချက်များအရ စတုရန်း ကီလိုမီတာ ၁၀၀ ၀န်းကျင်သာ ကျန်ရှိတော့သည့် အင်းလေးကန် ပြန်လည် စိမ်းလန်းလာစေရန် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံခြား အဖွဲ့အစည်းများ ပူးပေါင်း၍ FREDA (Forest Resource Environment Development and Conservation Association) မှ စီမံကိန်းလေးရပ် ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။ စီမံကိန်း ကနဦးလုပ်ငန်းစဉ် အဖြစ် ဇွန်လအတွင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အင်းလေးကန် ပြန်လည်ထူထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

''အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အမွေအနှစ်တစ်ခု ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာ တစ်ခုလည်းဖြစ်ပါတယ်။ အင်းလေးကန်ပျက်ရင် အနီးတစ်ဝိုက်မှာရှိတဲ့ အင်းသားတွေရဲ့ ဘ၀ပျက်မယ်။ အင်းလေးကန်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ပျက်မယ်။ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲလို့ ခေါ်တဲ့ ငှက်တွေ၊ ငါးတွေ၊ အပင်တွေ အကုန်ပျက်မယ်။ အခုချိန် အင်းလေးကန် မှာ ငါးဖိန်းငါးမျိုးတွေ လုံးဝမရှိတော့ဘူး။ ပြီးတော့ အင်းလေးကန်က ဘီ လူးချောင်းနဲ့ ဆက်စပ်နေလို့ လောပိတ ရေအားလျှပ်စစ်စက်ရုံ ရေရရှိရေးကလည်း အင်းလေးကန်အပေါ် အများကြီး မူတည်နေပါတယ်။ ဒီအတွက် အင်းလေးကန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာဝန် ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါ တယ်။ ရှေ့လာမယ့် ဇွန်လအတွင်းမှာလည်း အင်းလေးကန်နဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲလုပ်မယ်။ ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာကဆိုရင် သစ်တောပါမယ်။ ဟိုတယ်ခရီး ပါမယ်။ စိုက်ပျိုးရေးပါမယ်။ ဆည်မြောင်းပါမယ် စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပြင် UNDP အပါအ၀င် ပြည်တွင်း NGO အဖွဲ့အစည်း ၄၊ ၅ ခု လောက်ကို အနည်းဆုံး ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်အပိုင်း နဲ့ ကိုယ် လုပ်သင့်တဲ့ကိစ္စတွေကို ဆွေးနွေးပြီး Project တစ်ခု ရေးဆွဲသွားပါမယ်''ဟု ဦးအုန်းက ပြောကြားခဲ့သည်။


အင်းလေးကန်တစ်နေရာကို ယခုနှစ်၌ တွေ့ရစဉ်
အဆိုပါ Project ၌ စီမံကိန်းလေးခု ပါဝင်မည်ဖြစ်ပြီး ပထမစီမံကိန်း အနေဖြင့် အင်းလေးကန် အတွင်းရှိ ရောဂါပိုးမွှားများ ပါဝင်နေသည့် ရေများကို သန့်စင်အောင် ပြုလုပ်မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ဟိုတယ်များမှ စွန့်ပစ်ပစ္စည်းထုတ်လုပ်မှု ကို ထိန်းချုပ်မည်ဖြစ်သည်။ တတိယအဆင့် အနေဖြင့် ဓာတုဓာတ်မြေ သြဇာများကြောင့် အင်းလေးကန်ဝန်းကျင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းသွားမည် ဖြစ်သည်။ စတုတ္ထအဆင့်အနေဖြင့် အင်းလေးကန် ၀န်းကျင် ခုနစ် မြို့နယ်တွင် စိုက်ပျိုးသင့်သည့် သစ်ပင်များကို ကွန်တို၌ စိုက်ပျိုးရေးစသည့် အချက်များပင် ဖြစ်သည်။
''အင်းလေးကန် ပြင်ဆင်ဖို့ အတွက်က အနည်းဆုံးဒေါ်လာ တစ်သန်းလောက် လိုအပ်မှာ ဖြစ်ပါ တယ်။ ရန်ပုံငွေအတွက်ကိုလည်း အလုပ်ရုံဆွေးနွေးပွဲပြီးရင် ပြည်တွင်း ပြည်ပကနေ ရှာဖွေသွားမှာဖြစ်ပါတယ်''ဟု ဦးအုန်းက ပြောကြားခဲ့ သည်။
အင်းလေးကန်သည် မိုးရာသီအချိန်၌ စတုရန်းကီလိုမီတာ ၁၄၅ ၀န်းကျင် ရှိတတ်သော်လည်း နွေရာသီတွင် စတုရန်းကီလိုမီတာ ၁၀၀ ၀န်း ကျင်သာ ကျယ်ဝန်းတော့ကြောင်း၊ မိုးရာသီ၌ အလျား ၅၇.၆ ကီလိုမီတာ ရှိသော်လည်း နွေရာသီတွင် ၂၀.၉၃ အထိ လျော့ကျသွားလေ့ရှိကြောင်း၊ ထို့ပြင် အနံမှာ မိုးရာသီသည်တွင် ၁၇.၆ ကီလိုမီတာရှိပြီး နွေရာသီတွင် ၄.၈ ကီလိုမီတာသာ ရှိတော့ကြောင်း သိရသည်။်

No comments:

Post a Comment