အောင်နိုင်သူ
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
မူလစာမျက်နှာ
သီချင်း
သတင်း
စွယ်စုံကျမ်း
ဗွီဒီယို
ရာသီဥတုမှတ်တမ်း
စွယ်စုံကျမ်း
ဆက်သွယ်ရန်
Wednesday, May 26, 2010
. .
ကျိန်စာသင့်နေသောတိုင်းပြည် (သို့)မြန်မာနိုင်ငံ- ၂
အမည်မဖော်လိုတဲ့ ကျွန်တော့်အစ်ကိုတစ်ယောက် မီးလောင်တဲ့ ပုံတွေပို့ပေးပြီတော့ နောက်ထပ် ထပ်ပြီးပို့လိုက်တဲ့ရေလှူနေတဲ့ပုံလေးတွေပါ။ ကြည့်ရတာ စိတ်မချမ်းသာပါဘူးဗျာ။မကြည့်ဘဲလည်းမနေနိုင်ဘူး။ရေလှူတဲ့သူတွေ ကျန်းမာချမ်းသာ၍ ရေအကျိုးဆယ်ပါး မတောင်းမတဘဲရကြပါစေ။ ကျွန်တော့်စိတ်ထဲမှာတောင် ရေလှူတာကိုကြည့်ပြီး ပီတိဖြစ်နေရင် ကာယကံရှင်တွေဆိုဒီထက်ပိုဝမ်းသာပီတိဖြစ်မှာ ဧကန်မလွဲပါဘဲ။ရေလှူပြီးပြန်လာတဲ့သူတွေ တော်တော်များများဆီက ပြန်ကြားရတာတစ်ခုရှိတယ်။သူတို့ပြောတာကတော့`ရေသွားလှူတဲ့ လမ်းမှာ ခွေးလေခွေးလွင့်တွေ လမ်းမပေါ်တက်တက်ဟောင်လို မနည်းရှောင်တိမ်းပြီး သွားရတယ်။တိရိစ္ဆာန်ဆိုတော့ ရေလှူဖို့သွားတယ်လိုပြောဖို့ကလည်း လူစကားနားမလည်ကြတော့ခက်တယ်ကွာတဲ့´။ကျွန်တော်လည်းစဉ်စားလို့ မရဘူးဖြစ်သွားတယ်။ဘယ်လိုဖြစ်လို့ပါလိမ့်ပေါ့။သတင်းတွေပြန်ကြည့်တော့လည်းခွေးနဲ့ပတ်သက်တဲ့စကားလုံး တစ်ခုမှမပါဘူး။ပါတဲ့သတင်းကြတော့လည်း..``ရန်ကုန်ကတဆင့်အခြားနေရာများသို့ ရေသွားလှူသောသူများအား လမ်းတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှတား၍ ဘယ်ကိုသွားလှူမှာလည်း၊ဘယ်သူတွေလဲ၊ရေသွားလှူတယ်ဆိုရင် သွားလှူတဲ့ကားတွေမှာ သူတို့အလံတင်ဖို့ ပြောပါတယ်´´။ဒီသတင်းနဲ့တော့ မဆိုင်လောက်ပါဘူးနော့။ကျွန်တော်လည်းဥာဏ်မမီလို မစဉ်းစားတတ်တော့ဘူ။ကိုယ့်ကိုကိုယ်လည်း စဉ်းစားမိတာ ``အော်..ငါ.တော်တော်ဝေးပါလားလို့..´´။။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment