Wednesday, May 26, 2010

. .

မလေးရှားမှ ပညာရေးနို့ငတ်နေသော မြန်မာကလေးငယ်များ အတွက် မျှော်လင့်ချက်အလင်းရောင်(သို့)အမေ့ကျောင်း





စာသင်ကျောင်းနာမည်လေးက ´´အမေ့ကျောင်း``ပါ။နာမည်လေးကြားလိုက်ကတည်းက စိတ်ကိုအေးချမ်းသွားစေပါတယ်။စာသင်ကျောင်းနာမည်လေး လှပသလို ကျောင်းမှာစာသင်ပြပေးနေတဲ့ ဆရာ၊ဆရာမ တွေရဲ့ ကလေးတွေ အပေါ်ဆက်ဆံမှူကလည်း ကြင်နာမှု့အပြည့်နဲ့ပါ။

ကျောင်းမှာ ပင်တိုင်ဆရာ၊ဆရာမ ၃ ဦးရှိပြီး၊အချိန်ပိုင်းနဲ့လာရောက်သင်ကြားပေးတဲ့ ဆရာတွေလည်းရှိပါတယ်။ကျောင်းသား၊ကျောင်းသူပေါင်း ၃၁ယောက်တက်ရောက် ပညာသင်ကြားနေပြီး အသက်အရွယ်တွေကတော့ ၄နှစ် မှ ၁၃နှစ်အထိရှိကြပါတယ်။သင်ကြားပေးမှူအပိုင်းမှာတော့ မူကြိုတန်း၊KG(သူငယ်တန်း)တန်း၊YEAR 1 တန်းနဲ့ YEAR 3 တန်းဆိုပြီး ၄မျိုးခွဲခြားထားပါတယ်။





တစ်တန်းကို စာသင်ချိန်ကာလ၆ လကြာမြင့်ပြီိး မနက်၉နာရီမှ ညနေ၃ခွဲအထိကတော့ စာသင်ချိန်ဖြစ်ပါတယ်။ကြားထဲမှာ နားချိန်အဖြစ် ၁၂နာရီမှ ၁နာရီအထိဖြစ်ပါတယ်။ နေ့လယ်စာ အတွက်ကို ကျောင်းမှာပဲ စီစဉ်ပေးပြီး ၂နာရီ ပတ်ဝန်းကျင်လောက်မှာ ကလေးများအတွက်လက်ဖက်ရည်၊တခြားဖျော်ရည်နဲ့မုန့်ကျွေးပါသေးတယ်။


ကျောင်းစအပ်တဲ့ကလေးတွေရဲ့ပညာအရည်အချင်းကို သိနိုင်ဖို့နဲ့ မည်သည့်အတန်းတွင်ထားပေးရမည်ကို သိရှိရန်အတွက် ၀င်ခွင့်စာမေးပွဲကိုဖြေကြားရ၏။တစ်ခါတစ်ရံ အချို့သောကလေးများသည် အရွယ်ရောက်ပြီးသည့်တိုင်အောင် ကျောင်းမနေဖူး၍ က၊ခ၊အေ၊ဘီ၊စီ စသည်တို့ကို အစအဆုံးမသိကြပေ။အချို့သော အဖွဲ့အစည်းများနှင့် အလှူရှင်တချို့ကြောင့်သာစာသင်ကျောင်းလေးဆက်လက် ရပ်တည်နိုင်ခြင်းဖြစ်သည်။သိုသော်မည်သူမျှ အမြဲတမ်းအဆင်ပြေကြသည်မဟုတ်ပါ။ ရံဖန်ရံခါ၌သာ ၎င်းတို့လည်းလှူဒါန်းနိုင်ကြပါသည်။ထိုကြောင့် ``အမေကျောင်း´´စာသင်ကျောင်းလေး ရေရည်တည်တန့်နိုင်ဖို့ ကျွန်တော်တို့အားလုံးနှင့်သက်ဆိုင်ပါသည်။ကျွန်တော်တို့၏ မလိုအပ်ဘဲ သုံးစွဲနေသော အပိုသုံးငွေများကို မသုံးစွဲဘဲ ထိုသို့သော အကျိုးပြုလုပ်ငန်းများတွင် လှူဒါန်းလိုက်ပါက ၎င်းတို့အတွက်အကျိုးရှိယုံမက မိမိအတွက်လည်း ဘာနှင့်မျှမလဲနိုင်သောဝမ်းသာပီတိကိုရရှိမှာပါ။မလေးရှားနှင့် နိုင်ငံတကာရှိ ညီအစ်ကိုမောင်နှမများလည်း ဖြစ်နိုင်ရင် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီလှူဒါန်းပေးကြပါ။ပညာရေးအတွက်လှူဒါန်းတာဟာ အလွန်မွန်မြတ်လှပါတယ်။ပညာရေးအတွက် လှူဒါန်းလို့အားလုံးကအသိအမှတ်ပြုပြီး ကမ္ဘာကျော်သွားတဲ့သူ တစ်ယောက်အကြောင်းပြောပြချင်ပါတယ်။အဲဒီတစ်ယောက်ဟာ ငယ်စဉ်ကတည်းက ပညာရေးကိုဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရပါဘူး။ထူးခြားတဲ့ကုသိုလ်ရှင် ချန်ရှုချု ခေါ် ဟင်းရွက်သည်မတယောက် အကြောင်း ဖြစ်ပါတယ်။ ချန်ရှုချုဟာ ထိုင်ဝမ်တောင်ပိုင်းက မြို့တမြို့ထဲမှာ ဈေးရောင်းတဲ့ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။ သူ့အကြောင်းကို တခြားစာနယ်ဇင်းတွေမှာလဲ ဖတ်ရပါတယ်။ အသက် ၆၀ ခန့်ရှိ တကိုယ် တည်း အပျိုးကြီး ဒေါ်ချန်ဟာ ဟင်းသီးဟင်းရွက်ရောင်းလို့ရတဲ့ ၀င်ငွေထဲ က ထိုင်ဝမ်ဒေါ်လာ ၁၀ သန်းလောက် ကို လှူတန်းခဲ့ပါတယ်လို့ ဆိုပါတယ်။ (အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ လောက်ပါ။) သူ့အယူ အဆက ငွေဆိုတာ လိုအပ်တဲ့ နေရာမှာ အသုံးပြုမှ အကျိုးရှိပါတယ်တဲ့။ ကျမအနေနဲ့တော့ အလှူအတန်းကြီးကြီးကျယ်ကျယ် လုပ်တာ မဟုတ်ပါဘူးလို့ လည်း ပြောပါသေးတယ်။ သူ့အလှူထဲမှာ ကလေးများအတွက် ရန်ပုန်ငွေက ဒေါ်လာ ၃၂၀၀၀၊ ကျောင်းစာကြည့်တိုက် အတွက်က ဒေါ်လာ ၁၄၄,၀၀၀ တို့ ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးသုံးယောက် အတွက် ကျောင်းနေစရိတ်လည်း ထောက်ပံ့ထားပါတယ်တဲ့။ ခုလည်း ဆင်းရဲတဲ့ ကလေးသူငယ်များအတွက် ပညာရေးရန်ပုန်ငွေ တရပ် ပြုလုပ်ထားပါ သေးတယ်။
သု့ကို နယူးယောက်မှာ “တိုင်းလူရည်ချွန် ၁၀၀” ဂုဏ်ပြုပွဲမှာ ဖိတ်ကြားတဲ့အခါ သူနဲ့ အာလစကား Governor ဟောင်း ဆာရာပေါ်လင်း တို့ စကားလက်ဆုံကျကြကြောင်းသတင်းများလည်း ပါရှိပါတယ်။
ဒေါ်ချန်ဟာ ထိုင်ဝမ်တရုတ်ဖြစ်လို့ ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်ဟန်ရှိပါတယ်။ လှူချင်တန်းချင်တဲ့စိတ်လည်း ထက်သန်ပါတယ်။ သူ့အလှူဟာ အမေရိကန်ကုဋေကြွယ်သူဌေးတွေရဲ့ အလှူနဲ့စာရင် ညောင်စေ့လောက်ပဲရှိပါတယ်။ ဒါပေမဲ့ သူရဲ့ပြုမူချက် နမူနာက အလွန်ထူးခြားပြီး ညောင်ပင်ကြီးလောက် ကြီးကျယ်ပါပေတယ်။ သူလှူတာက ဘာသာရေးအလှူ တွေ မဟုတ်ဘဲ လူမှုရေးအလှူ၊ ပညာရေးအလှူတွေသာ ဖြစ်တာ တွေ့ရပါတယ်။ သူငယ်စဉ်က ညီအကို မောင်နှမ ရှစ်ယောက်ရှိတဲ့ မိသားစုမှာ လူဖြစ်လာခဲ့ရပြီး ပညာကောင်းကောင်း မသင်ရပဲ အသက် ၁၃ နှစ်လောက် အရွယ်ကစပြီး ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်မလေး ဖြစ်ခဲ့ရရှာပြီး လက်ထပ်တာလည်း အချိန်ရွှေ့ခဲ့ရလို့ တကိုယ်တည်း အပျိုကြီးဖြစ်ခဲ့ရပါတယ်။ သူငယ်စဉ်က ကျောင်းကောင်းကောင်း မနေခဲ့ရတာကို သတိရပြီး ပညာရေးအလှူတွေကို အထူးပြုနေတာ ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟင်းရွက်သည်မလေးရဲ့ အလှူဟာ ဘုရားရှင်လက်ထက်က မဟာဒုက်ရဲ့ အလှူလို ကမ္ဘာကျော်သွားခဲ့ပါပြီ။ တကယ်လို မိတ်ဆွေတို့လှူချင်တယ်ဆိုရင်အောက်ပါလိပ်စာ အတိုင်းဆက်သွယ်လိုက်ပါ။ ။ကျေးဇူးတင်စွာဖြင့်..အောင်နိုင်သူ။
ဆက်သွယ်လှူဒါန်းလိုပါက-
MOTHER`S SCHOOL
NO.1-2C,JALAN DESA 1/5
TAMAN DESA AMAN PURI
52100 KEPONG ,K.L
MALAYSIA
ကျောင်းတွင် သင်ကြားသည့်ဘာသာရပ်များ
မြန်မာ၊ English , Maths, Science, Chinese

ကျောင်းမှာ လိုအပ်သည့်အရာများ
စာရေးကိရိယာများ
ကွန်ပြူတာများ
နေ့စဉ် မုန့် များ
ကျောင်းတက်ရန်အခက်အခဲရှိသည့် ကျောင်းသားများအတွက် ဖယ်ရီခများ ၊ ကျောင်းလစဉ်ကြေးများ




ဆက်သွယ်ရန် အီးမေး mskp.my@gmail.com, zawsai88@gmail.com
ဆက်သွယ်ရန်ဖုန်းး 012 6021 460 ၊ ဦးချို
017 2783 754 ၊ ကိုဇော်စိုင်း
CONTACT NUMBER-OO6016 224 0196

No comments:

Post a Comment