Monday, May 31, 2010

. .

ဝန်ထမ်းလောကတွင်းသို့ ထောက်လှမ်းရေးများဝင်ရောက်သတင်းယူ...

(ခွပ်ဒေါင်းသွေးမှတဆင့်ကူးယူဖော်ပြပေးလိုက်တာပါ) သတင်းတွေကတော့ ကြာလေပွင့်အန်ထွက်လာကြလေပဲဗျို့…..လာပြန်ပြီဗျာ ၀န်ထမ်းလောကထဲကနေ သတင်းတခုထွက်လာပြန်ပါပြီ..ဘာလဲဆိုတော့စစ်အစိုးရကနေ ဌာနဆိုင်ရာဝန်ထမ်းတွေကြားထဲမှာ ထောက်လှမ်း စုံစမ်းဖို့  အတွက် အယောင်ဆောင်ဝန်ထမ်းများ ထည့်သွင်းထားတယ်ဆိုတဲ့သတင်းပါပဲ ။

စစ်အစိုးရဟာယခုအစီစဉ်ကို ရွေးကောက်ပွဲကော်မရှင် ဥပဒေမထုတ်ပြန်ခင် အချိန်မတိုင်မီထဲက ကြိုတင်စနစ်တကျလုပ်ဆောင်ထားတာလို့ သိရပါတယ် ။ ရန်ကုန်မြို့ မှာရှိနေတဲ့ အစိုးရရုံးဝန်ထမ်းများအကြားမှာ ၀န်ထမ်းအသွင်ယူ၍သော်လည်းကောင်း ၊တရားရုံးများ နှင့် စည်ပင်ကဲ့သို့ဌာနများတွင် ပွဲစားများကဲ့ သို့  အသွင်ယူ၍ သော်လည်း ကောင်း ၊ ပညာရေးဌာနရှိကျောင်းများတွင်လည်း ကျောင်းသားမိဘများ ဆရာ/ဆရာမ(အသစ်)များကဲ့သို့ လည်းကောင်း ၊ ဆေးရုံဆေးခန်းများပါမကျန် ၀င်ရောက်သတင်း ရယူနေ ကြတယ်လို့ သိရပါတယ် ။
၎င်းတို့၏ အဓိက လုပ်ဆောင်ချက်များမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပါက်သတ်၍၀န်ထမ်းများ၏ သဘောထားများစုံစမ်းရန် နှင့် ၀န်ထမ်းများအားစည်းရုံးရန်တို့ဖြစ်ပါတယ်။စုံစမ်းရေး နှင့် စည်းရုံးရေးကို သီးခြားလုပ်ဆောင်ကြပြီးဌာနတခုတွင်အနည်း၃ဦးမှ၅ဦးအထိရှိသည်ဟုသိရပါသည်။ရန်ကုန်မြို့ အတွင်း၌ ရရှိလာ သော သတင်းများအားစုစည်းသည့်နေရာများထားရှိပြီး အဓိကအားဖြင့် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စည်ပင်ရုံး ဌာနအတွင်းရုံးခန်းတခန်းသီးသန့်ဖွင့်လှစ်ထားသည်ဟုသိရပါသည်။အလားတူပဲအခြားဌာန
ဆိုင်ရာများတွင်လည်းလျှို့ဝှက်ရုံးခန်းများထားရှိထားသည်ဟု ၀န်ထမ်းလောက မှခိုင်မာသည့်သတင်းများရရှိထားပါသည် ။
ထို့အပြင် ဘာသာရေးပွဲများ ဥပမာ အစ္စလာမ်ဘာသာရေးဆိုင်ရာတရားပွဲများ ၊ ခရစ်ယာန် ဘာသာ ဘုရားရှိခိုးသည့်နေများ အစရှိသည့်နေများတွင် စစ်အစိုးရမှ အဆိုပါပွဲများတွင်ဘာသာရေး ခေါင်းဆောင်များ ၏ဟောပြောမှု့များ ကို အသွင်အမျိုးမျိုးဖြင့်သတင်းရယူလျှက်ရှိနေသည်မှာလည်း အချိန်ကာလ အတန်ကြာ ရှိနေပြီဟု သိရပါသည် ။
ထို့ကြောင့်ဝန်ထမ်းများအနေဖြင့်သတိကြီးစွာဖြင့်နေထိုင်ကြပါရန်နှင့်မိမိဌာနများသို့ဝန်ထမ်း အသစ်များ ရောက်ရှိလာပါက ဦးစွာလေ့လာပြီးမှတာဝန်ထမ်းဆောင်ကြပါရန်အသိပေးနိုးဆော်လိုက်ရပါသည်။်

No comments:

Post a Comment