Tuesday, May 18, 2010

. .

ဗဟုသုတဝေမျှပေးလိုက်ပါတယ်













သက်တန့်ချို
May 17
စကားဝါမြေ လာလေအဆွေ ပုပ္ပါးမြေ


ပုပ္ပါးတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၅၁၈ မီတာ( ၄၉၈၁ ပေ) ရှိတဲ့ မီးတောင်သေ တစ်ခု ဖြစ်ပါတယ် ။ မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး ပုဂံဒေသမှ အရှေ့တောင်ဖက် ၅၀ ကီလိုမီတာ ( မိုင် ၃၀) အကွာ လောက်မှာ တည်ရှိပါတယ် ။ ရာသီဥတုသာ သာယာမယ်ဆိုရင် ဧရာဝတီမြစ်မှ ကီလိုမီတာ ၆၀ (မိုင် ၄၀) လောက်မှာ ပုပ္ပါး တောင်ကို တွေ့မြင်နိုင်ပါတယ် ။ မြေကြီးပေါ်ကို ကြွတက်လာတဲ့ မြေလွှာတစ်ခုဖြစ်တဲ့ ပုပ္ပါးတောင်ကလပ်ပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကြောင့်လည်း ပုပ္ပါးတောင်ဟာ လူသိများ ထင်ရှား လှပါတယ် ။ အထွတ် အမြတ် ထားရာ ပုပ္ပါးတောင်ကလပ်ဟာ ၃၇ မင်းသော မဟာဂီရိနတ်မင်းတွေနဲ့ တခြားနတ် အပေါင်းတို့ နေထိုင်ရာ ဖြစ်တယ် လို့ အယူရှိကြပါတယ် ။
ပုပ္ပါးဆိုတဲ့ အမည်ဟာ ပါဋ္ဌိဘာသာစကားကနေ ဆင်းသက်လာပြီး " ပန်း" ဟုအဓိပ္ပါယ်ရပါတယ် ။ မီးတောင် သေကြီးဟာ ၁.၆ ကီလိုမီတာ (၀.၉၉ မိုင်) အနက်ရှိပါတယ် ။ ပုပ္ပါးတောင်ရဲ့ အနောက် တောင်ဖက်မှာ တောင် ကလပ် တည်ရှိပြီး ၇၃၇ မီတာ (၂၄၁၇ ပေ) ခန့်ရှိတဲ့ မီးတောင်သေ အစွန်းက တိုးထွက်နေခြင်းပဲ ဖြစ်ပါတယ် ။ ပုပ္ပါးတောင်ကလပ်ရဲ့ အပေါ်မှာ ကြည်ညိုဖွယ်ရာကောင်းတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း တွေ့ရှိနိုင်ပါတယ် ။ ဟိုးရှေးယခင်အချိန်အခါတုန်းက ရသေ့ကြီး ဦးခန္ဓီဟာ လှေကားထစ်ပေါင်း ၇၇၇ ခုကို တောင်ကလပ်ကို ရောက် ရှိဖို့အတွက် ပြုလုပ်ဖန်တီးခဲ့ပါတယ် ။
ဒါ့အပြင် ပုပ္ပါးတောင်မကြီးကိုလည်း တွေ့ရှိနိုင်ပြီး ပုပ္ပါးတောင်ကလပ်အပေါ်ကနေဆိုရင် အလွန်လှပတဲ့ ရှုခင်း များ ကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ရှေးဟောင်းပုဂံမြို့တော်ကြီးကိုလည်း လှမ်းမြင်နိုင်ပြီး မြောက်ဖက် မှာဆိုရင် လည်း ဂျပန်နိုင်ငံမှ ဖူဂျီတောင်ကဲ့သို့ တောင်မကြီးကိုလည်း တွေ့မြင်နိုင်ပါသေးတယ် ။
၃၇ မင်းနတ်အပေါင်း နေထိုင်တယ်ဆိုပေမယ့်လည်း တကယ်တော့ မင်းကြီး မင်းလေး မယ်ဝဏ္ဏ နဲ့ ဗျတ္တ တို့ နတ်လေး ပါးကတော့ ပုပ္ပါးတောင်ဟာ တကယ့် နေထိုင်ရာဖြစ်ပါတယ် ။ မြန်မာတစ်ပြည်လုံးက ဘုရားဖူး ပြည်သူ တွေဟာ နယုန် လပြည့် နဲ့ နတ်တော်လပြည့်နေ့တွေမှာ ဆိုရင် ပုပ္ပါးတောင်ကို အများအပြားလာရောက် ဖူးမျှော် လေ့ ရှိကြပါတယ် ။ အနော်ရထာမတိုင်မီက တိရိစ္ဆာန် ပေါင်း ရာပေါင်းများစွာကို ဒီပွဲတော်တွေမှာ ပူဇော်ပသလေ့ ရှိကြပါတယ် ။
ပုပ္ပါးတောင်နဲ့ ပါတ်သတ်ပြီးတော့ ဒဏ္ဍာရီပေါင်းမြောက်များစွာ ရှိပါတယ် ။ ဘီစီ ၄၄၂ လောက်တုန်းက ကြီးစွာ သော ငလျှင်လှုပ်ခတ်မှုကြောင့် မြေလွှာ ပြတ်ရွေ့မှုများကြောင့် မီးတောင်သေကြီး ဖြစ်ပေါ်လာရတယ်လို့လည်း ဆိုပါ တယ် ။ ပုပ္ပါးတောင်ကို နတ်တွေကြီးစိုးတယ်လို့ အယူရှိတဲ့အတွက် ဆုတောင်းမှုများ လာရောက် ပြုလုပ်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ ဧရာဝတီအပေါ်ပိုင်းမှ တကောင်းဒေသမှာ မဟာဂီရိ နတ်မောင်နှမ ဒဏ္ဍာရီ သူတို့ တွေ ဆုတောင်းခဲ့ကြလို့ ဒီဒေသမှာ နတ်လာဖြစ်ရတယ်လို့လည်း အစွဲရှိကြပါတယ် ။
ဒါ့အပြင် ပုပ္ပါးမယ်တော် မယ်ဝဏ္ဏ လည်း ပုပ္ပါးတောင်မှာ နေထိုင်ပါသေးတယ် ။ သူမက ဗျတ်ဝိ ဗျတ္တ ညီနောင် ထဲက ဗျတ္တနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ် ။ ဗျတ္တဆိုတာက ၁၀၄၄ မှ ၁၀၇၇ ခုနှစ်လောက်မှာ ဘုရင်မိဖုရားအတွက် ပုပ္ပါးတောင်မှ ပန်းတော်ဆက်တာဝန်ကို ယူထားသူ ဖြစ်ပါတယ်။ ဗျတ္တဟာ တာဝန်ပျက်ကွက်တဲ့အတွက် သူတို့ သားတွေဟာ နန်းတော်အပြင်ဖက်ကို စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။ မယ်ဝဏ္ဏ လည်း ဗျတ္တနည်းတူ ရင်ကွဲနာကျ သေဆုံးပြီး နတ်ဖြစ်လာရပါတယ် ။ သူတို့ သားနှစ်ယောက်ဟာလည်း မန္တလေးအနီးမှ တောင်ပြုန်းမှာ ဘုရား တည်တဲ့ လုပ်ငန်းကို ပျက်ကွက်တဲ့အတွက် ကွပ်မျက်ခြင်းခံခဲ့ရပါတယ် ။ သူတို့နှစ်ယောက်ဟာလည်း နတ်နှစ်ပါး ဖြစ်လာပြီး သူတို့ကို အမှတ်ရသော အားဖြင့် တောင်ပြုန်းဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ် ။ ၀ါခေါင်လ - August လမှာ တောင်ပြုန်းပွဲကို စည်ကားသိုက်မြိုက်စွာ နတ်ကနားပွဲတွေနဲ့ ကျင်းပလေ့ ရှိပါတယ် ။ မင်းကြီး မင်းလေးလို့လည်း ခေါ်တွင်ပါတယ် ။
အနီနဲ့ အနက်ရောင် မ၀တ်ရဘူး ။ အသား မယူဆောင်လာရဘူး အထူးသဖြင့် ၀က်သားပေါ့ နတ်တွေကို စော် ကား ရာရောက်တယ်ဆိုပြီးလည်း အယူတွေရှိပါတယ် ။ ပုပ္ပါးတောင်တက်ရာ လမ်းမှာလည်း ဖေဇော်ဂျီတွေ ဆေးမြစ် သွေးရာ ကျောက်ပြင်ကြီးကိုလည်း တွေ့နိုင်ပါတယ် ။ပုပ္ပါးတောင်ရဲ့ ၀ိသေသ တစ်ခုကတော့ မျောက်တွေ အလွန်ပေါများခြင်းပဲ ဖြစ်ပါတယ် ။ လူတွေနဲ့ အလွန် နီးနီး ကပ်ကပ် နေလေ့ ရှိပြီး မျောက်စာများကိုလည်း ကျွေးနိုင်ပါတယ် ။ ဒူးလေးကိုင်ထားတဲ့ မုဆိုးရုပ်ထုကြီးနဲ့လည်း အမှတ် တရ ဓါတ်ပုံ ရိုက်နိုင်ပါသေးတယ် ။
ယခုဆိုရင် ပုပ္ပါးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်တို့ နှစ်သက်ရာ ဒေသတစ်ခုလည်း ဖြစ်လို့နေပါပြီ ။ ရှေး ဒဏ္ဍာရီ များ စွာနဲ့ ထူးဆန်းဖွယ်ရာတွေဟာ အလည်လာသူတို့ကို စွဲဆောင်လေ့ရှိပါတယ် ။
စာရေးသူ......သက်တန့်ချို (၁၉.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
(သက်တန့်ချိုဘလောက်မှတဆင့် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။။ ။။အောင်နိုင်သူ)

No comments:

Post a Comment