![]() | ![]() | ![]() |
ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး)တွင် ဇွန်လ ၂၈ ရက်နေ့က မြည်းပု(Donkey) သိပံ္ပနာမည် Equus astinus အထီးတစ်ကောင်အား ပေါက်ဖွားခဲ့ကြောင်း သိရှိရပါသည်။ မြည်းပုသည် မြင်းနှင့်ပုံသဏ္ဍာန်တူသော်လည်း အရပ်ပုကာ အရွယ်အစားသေးငယ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ကျောရိုးတစ်လျောက်မှ အမြီးထိ အညိုရောင် အစင်းကြောင်း နှစ်ကြောင်း ပါရှိကြောင်း၊ယင်း မြည်းပုများကို အာဖရိကတိုက်နှင့် အာရှတိုက်များ တွင် တွေ့ရှိနိုင်ကာ လေးလံသော ပစ္စည်းများကို တင်ဆောင်၍ မတ်စောက်သော တောင်ကုန်းများပေါ်သို့ တက်ရောက်နိုင်သည်ဟုလည်း သိရှိရပါသည်။ ဆက်လက်ပြီး မြည်းပု၏ သက်တမ်းမှာ ၂၅ နှစ်မှ ၃၀ နှစ်ထိ ရှိပြီး လက်ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး)တွင် မြည်းပုအထီးအမ စုစုပေါင်း ခြောက်ကောင်အား ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားကြောင်းလည်း သိရပါသည်။ |
No comments:
Post a Comment