Thursday, July 8, 2010

. .

'အစ္စရေးတွေ ပါလက်စတိုင်းက ထွက်သွားသင့်တယ်'ဟုပြောသော အိမ်ဖြူတော်ဝါရင့်သတင်းထောက် အလုပ်မှထွက်ခဲ့ရ


ဝါရှင်တန်- သမ္မတဂျွန်အက်ဖ်ကနေဒီ မှ နေ၍ မစ္စတာ ဘားရတ်အိုဘားမား အထိ အိမ်ဖြူတော်သတင်းထောက်အဖြစ်လုပ်ကိုင် ခဲ့သော အသက်(၈၉)နှစ်အရွယ်ရှိ ဟယ်လင် သောမတ်စ်သည် အစ္စရေးတို့နှင့်ပတ်သက် ၍ ပြင်းထန်သော မှတ်ချက်စကားပြောကြား ခဲ့ပြီးနောက် အငြိမ်းစားဘ၀သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ မစ္စသောမတ်စ်သည် အမေရိကန်သို့ အခြေချဝင်ရောက်နေထိုင် သော လက်ဘနွန်လူမျိုးတစ်ဦး၏သမီးဖြစ် ပြီး လွန်ခဲ့သည့်လကမူ အစ္စရေးတို့အား ပါ လက်စတိုင်းကနေ ထွက်သွားသင့်တယ်ဟူ၍ ပြောကြားခဲ့သည့်အတွက် သူမ၏ အသက် မွေးမှုလုပ်ငန်းဘ၀ အဆုံးသတ်ခဲ့ရခြင်းဖြစ် သည်ဟု ဆိုသည်။
အိမ်ဖြူတော်၏ သက်တမ်းအရှည် ကြာဆုံး သတင်းထောက် အမျိုးသမီးကြီး မစ္စသောမတ်စ်အငြိမ်းစားယူသည့်သတင်း အား ပင်တိုင်ဆောင်းပါးရှင်အဖြစ် သူမလုပ် ကိုင်နေသည့် Hearst Corporation မှ နေ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်တွင် မေ ၂ရက်က ကျင်းပသော ဂျူးလူမျိုးများဆိုင်ရာ အမွေ အနှစ်အခမ်းအနားတွင် မစ္စသောမတ်စ်က အစ္စရေးတို့နှင့်ပတ်သက်၍ နိုင်ငံရေးအရ ပြင်းထန်သောမှတ်ချက်စကားမျိုးကို ပြော ကြားခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းနှင့်ပတ် သက်၍ လွန်ခဲ့သည့်ရက်သတ္တပတ်က You- Tube ဗီဒီယိုတွင် ပေါ်ထွက်လာခဲ့သကဲ့သို့ Rubbilive.com မှနေ၍ သူမ၏ပြောကြား မှုနှင့် ပတ်သက်မေးမြန်းခဲ့ရာ မစ္စသောမတ်စ် က ''သူတို့ကို ပါလက်စတိုင်းကနေထွက်သွား လို့ ပြောလိုက်''ဟူ၍ ပြန်လည်ဖြေကြားခဲ့ သည်။
မစ္စသောမတ်စ်က သူမ၏မှတ်ချက် စကားနှင့်ပတ်သက်၍ ပြန်လည်တောင်းပန် ခဲ့သော်လည်း အိမ်ဖြူတော်သတင်းထောက် များ အစည်းအရုံးဘုတ်အဖွဲ့က မစ္စသော မတ်စ်၏မှတ်ချက်စကားမှာ ခွင့်လွှတ်နိုင်စရာ မရှိကြောင်း၊ သူမ၏မှတ်ချက်စကားက အိမ် ဖြူတော်အား ခလောက်ဆန်စေသည့် အစ ပျိုးမှုပင်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment