Thursday, July 8, 2010

. .

မလေးရှားပညာရေးပွဲ ကျောင်းသားများ စိတ်ဝင်စားမှုများပြား

ရဲလင်းထွဋ်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၃)

News  Pic
မလေးရှား ပညာရေးပွဲတော်တွင် အင်္ဂလိပ်စာအရည်အသွေး အခမဲ့စစ်ဆေးခြင်းကို ဖြေဆိုနေကြသူများ။
ဓာတ်ပုံ- အေးဇော်မျိုး

၂၀၁၀ ပြည့်နှစ် မလေးရှားပညာရေး ပွဲတော်သို့ မြန်မာကျောင်းသား များလာ ရောက်မှုမှာ ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းခန့်ကျော် လွန်ခဲ့ပြီး ပြပွဲကာလ အတွင်းမှာပင် ကျောင်းအပ်နှံမှုများရှိခဲ့ သည်ဟု သိရသည်။

"ဖွင့်ပွဲနေ့ ပထမရက်မှာကတည်းက ကျောင်းသား ၁,၀၀၀ နီးပါးလောက် လာတယ်။ အင်္ဂလိပ်စာအရည်အချင်းစစ် ဖြေတဲ့ကျောင်းသား ကျောင်းသူတွေ တော်တော်များခဲ့ပါတယ်။ တချို့ ကျောင်းတွေကို ကျောင်းသားနှစ်ဦး သုံးဦး တစ်ခါတည်းကျောင်းအပ်သွား တာတွေ ရှိတယ်လို့ သိရတယ်"ဟု Jenko Group of Educare Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နီမြစီက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုနှစ် မလေးရှားပညာရေးပွဲတော် အား မလေးရှားနိုင်ငံ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံမှ Jenko Group of Educare Services ပညာ ရေးဝန်ဆောင်မှုလုပ်ငန်းတို့ ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့ တွင် ရန်ကုန်မြို့၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် တက်ရောက်လာသော ကျောင်းသားများ၏ အင်္ဂလိပ်စာ အရည်အသွေးကို London English Academy မှ ကြီးကြပ်ကာ အခမဲ့ စစ် ဆေးပေးခဲ့ပြီး ဖြေဆိုသူ ၁,၀၀၀ ကျော် ရှိခဲ့သည်။ ရလဒ်များကို အီးမေးလ်ဖြင့် ပေးပို့ပေးမည်ဖြစ်ပြီး ဖြေဆိုသူများအနေဖြင့် မိမိ၏အင်္ဂလိပ်စာအဆင့်အတန်းကို သိရှိနိုင်သည့်အပြင် အဆင့်အမြင့် ဆုံးသုံးဦးအား ပညာသင်ဆု ချီးမြှင့်သွားမည်ဟုလည်း သိရသည်။

မလေးရှား ပညာရေးပွဲတော်သို့ ကျောင်းသားများ တိုးမြှင့်ဝင်ရောက်လာမှုအပေါ်တွင် SR Education Centre မှ အမှုဆောင် အရာ ရှိချုပ် ဦးနေလင်းဖြိုးက "စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ပြောင်းလဲလာတဲ့ အခြေအနေမှာ ကိုယ့်ကိုလာအပ်တဲ့ကျောင်းသားတွေမှာ အကုန်အကျခံနိုင်မှုကွာဟချက်တွေ ရှိလာတယ်။ သူတို့ကို ၀န်ဆောင်မှုပေးဖို့ ထည့်သွင်းစဉ်းစားလာရတယ်။ မလေးရှားဟာ ရွေးချယ် စရာနိုင်ငံတစ်နိုင်ငံ ဖြစ်လာတယ်"ဟု ပြောသည်။

မလေးရှားနိုင်ငံ Malaysia Education Promotion Centre(MEPC) ၏ Education Attache ဖြစ်သူ Mr Helmy Sulaiman က "မလေးရှားမှာ စာရင်းအရ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာကျောင်းသား ၄၃၉ ဦး ပညာသင်ကြားနေပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

No comments:

Post a Comment