Thursday, July 8, 2010

. .

အကြမ်းဖက်စစ်အုပ်စုရဲ့လှုပ်ရှားမှုအထောက်အထား အမေရိကန်က ပါကစ္စတန်နိုင်ငံကိုသက်သေပြ

(နယူးယော့ခ်တိုင်းမ်)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၃)

ဝါရှင်တန် - အမေရိကန်ပြည်ထောင်စုသည် ခြိမ်းခြောက်မှုကြီးထွားလာနေခြင်းနှင့် စစ်သွေးကြွအုပ်စုတစ်စုသည် ပါကစ္စတန်ထောက် လှမ်းရေးနှင့် အဆက်အသွယ်ရှိသည်ဆိုသော သံသယရှိမှုကို ပါကစ္စတန်နိုင်ငံသို့ အထောက်အထားပြသခဲ့ကြောင်း အမေရိကန် အာ ဏာပိုင် များကဇွန်လ ၁၆ ရက်နေ့ကပြောသည်။

အမေရိကန်စစ်တပ်ခေါင်းဆောင်များသည် ပါကစ္စတန်စစ်ဦးစီးချုပ်အား အာဖဂန်နစ္စတန် ဘာဂရမ်အရပ်ဒေသရှိနေတိုးလေတပ်စခန်း အား လွန်ခဲ့သည့် လက တိုက်ခိုက်မှုတစ်ခု အပါအ၀င် ဗြောင် ကျကျ ဗုံးခွဲတိုက်ခိုက် မှုများတိုး မြှင့်လာမှုတွင် ဟက်ကာနီ ကွန်ရက်၏ အခန်းကဏ္ဍကို အသေးစိတ်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နှင့် နယ်ချင်းဆက် စပ်နေသည့် မြောက် ၀ါဇီရစ္စတန်လူမျိုးစု ဒေသမှ ဟက်ကာနီကွန်ရက်ကိုဖြိုခွင်း ရန် ၀ါရှင်တန်က အစ္စလမ္မာဘတ်ကို ကာလတာရှည်ကတည်းက ဖိအားပေး ခဲ့သည်။ ၎င်းတို့သည် တာလီဘန်တို့နှင့်နီးနီးစပ်စပ်လုပ်ဆောင်နေသည်ဟု ဆိုသည်။ သို့သော်လည်း ထိုအဖွဲ့သည် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့အတွင်းလှုပ်ရှားနေသည့် ခပ်စွာစွာအဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု လည်း အမေရိကန်အာဏာ ပိုင်များကပြောသည်။

အမေရိကန်အလယ်ပိုင်းတိုင်း အကြီး အကဲနှင့် အာဖဂန်နစ္စတန်စစ်ပွဲကို ကြီးကြပ်နေသူ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယပ်က လွှတ် တော်ကြားနာမှု တစ်ခု၌ပြောကြားရာတွင်ဟက်ကာနီအဖွဲ့သည်နိုင်ငံများကိုဖြတ်ကျော်ပြီးလှုပ်ရှားမည့်အစီအစဉ်ရှိကြောင်း၊ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီးတိုက်ခိုက်လာနိုင်ကြောင်း တင်ပြခဲ့သည်။

ဝါရှင်တန်သည် ပါကစ္စတန် တာလီ ဘန်အဖွဲ့ ကြီးထွား လာနေမှုကိုလည်း အလားတူ သတိပေးခဲ့သည်။ နယူး ယော့ခ်တိုင်း(မ်) စကွဲ အရပ်၌ ကားဗုံး ထောင်မှုတွင် စုံစမ်းစစ်ဆေးသူများက ပါကစ္စတန် တာလီဘန်အဖွဲ့ကို အပြစ် ဖို့ထားသည်။

ပါကစ္စတန်အာဏာပိုင်များက ဟက်ကာနီအုပ်စုကိုတိုက်ခိုက်ရန် ဇဝေဇ၀ါဖြစ်နေသည်။မဟာဗျူဟာရေးရာအကြောင်းများကြောင့်ဖြစ် သည်။ အိမ်နီးချင်း အာဖဂန်နစ္စတန်မှ စစ်ပွဲနှင့် ပတ်သက် သော သတင်း အချက်အလက်များကို ၎င်းတို့ထံမှရရှိနေသော ကြောင့်ဖြစ် သည်။

'ကန်'အရာရှိတစ်ဦးက ပါကစ္စတန်ထောက်လှမ်းရေးအားလုံးတော့မဟုတ်၊ တချို့သည်ဟက်ကာနီများကို ထောက်ခံလျက်ပင်ရှိသေး သည်ဟုပြောသည်။ ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်က နာမည် ဖော်ကြားခြင်းမရှိဘဲ အစ္စလမ္မာဘတ် သည် လူဆိုးလေးများ နှင့်သတင်း ရရန် အတွက် ဆက်ဆံနေသည်ဟုပြောသည်။

"သင့်အိမ်နောက်ဖေး အသိုက်ထဲမှာရှိတဲ့ အဆိပ်ရှိတဲ့မြွေတွေကိုမွေးမထားသင့်ဘူး။ သင့်ကိုမကိုက်ပေမယ့်လည်းသင့်အိမ်နီးနားချင်း ကလေးတွေကို ကိုက်လိမ့်မယ်" ဟု လည်း ၎င်းကပြော သည်။ "တဖြည်းဖြည်း နဲ့ သင့်ဘက် လှည့်လာပြီး သင့်ကိုရော၊ သင့်ကလေး တွေကိုပါ ကိုက်လိမ့်မယ်"ဟု မစ္စတာ ပက်ထရီးယပ်က တင်စားပြီးပြောသည်။

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့နှင့် အာဖဂန် တာလီဘန်အဖွဲ့တို့ ဆက်ဆံမှု ရှိသည်ဟု လန်ဒန်ဘောဂဗေဒကျောင်းမှအစီရင်ခံစာ တစ်စောင်ကို ပါကစ္စတန် နိုင်ငံက ငြင်းဆိုသည်။

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ သည် အာဖဂန်နစ္စတန်ရှိ တာလီဘန် တိုက်ပွဲဝင်သူများကို ငွေကြေးထောက်ပံ့ မှုပေးပြီး လေ့ကျင့် ပေးရုံသာမက ထို လှုပ်ရှားမှုအဖွဲ့၏ ခေါင်းဆောင်မှု ကောင်စီတွင်လည်း တရားဝင်ကိုယ်စား လှယ်အဖြစ်ပါဝင်နေသည်။စစ်ဆင်ရေး များတွင် ၎င်း၏ထူးခြားသည့်ဩဇာ သက်ရောက်မှုများလည်းရှိသည်။

ပါကစ္စတန်သည် တာလီဘန်တို့နှင့် ပုံစံအမျိုးမျိုး ဆယ်စုနှစ်ပေါင်းများစွာ ဆက်ဆံမှုရှိခဲ့ သည်မှာ ပြောစရာမလိုဟု ပက်ထရီးယပ်က ပြောသည်။ အာဖဂန် နစ္စတန်နိုင်ငံကို ဆိုဗီယက်တို့သိမ်းပိုက်ထားစဉ်က တာလီဘန်အဖွဲ့ကို အမေရိကန်တို့ကပင် ထောက်ပံ့ခဲ့သေး သည်။

"ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံမှုကရှိနေ တယ်။ တချို့ကတော့ သတင်းစုဆောင်း ပေးတယ်"ဟုလည်း ၎င်းကပြောသည်။

"ခင်ဗျားတို့ဟာ ဒီ လူဆိုးတွေနဲ့ ဆက်ဆံနေကြတယ်။ဒီလူဆိုးတွေဆီက သတင်းရဖို့အတွက်ဖြစ်တယ်"

ဟက်ကာနီကွန်ရက်အပါအ၀င် အုပ်စုအချို့က အနောက်တိုင်းတပ်ဖွဲ့ များကို ယခုအခါတိုက်ခိုက်နေကြသည်။

ပါကစ္စတန်သည် မြောက်ဝါဇီရစ္စတန်တွင်စစ်ဆင်ရေးတစ်ခုကို တဖြည်းဖြည်းနှင့်အရှိန်မြှင့်ဆောင်ရွက်လိမ့်မည်ဟုယုံကြည်ကြောင်း ပင်တဂွန်ကထုတ်ဖော်ပြောကြားသည်။ ပါကစ္စတန် လက်နက်ကိုင်တပ်ဖွဲ့သည် အခြားလူမျိုးစုဒေသများ၌လောလောဆယ်စစ်ဆင် ရေးများ ပြုလုပ်နေသည်။

"ပြဿနာကတော့ အတိုင်းအတာ တစ်ခုအထိရှိနေပြီ။ နောက်ပြီး အဲဒီ အတိုင်းအတာကို ထိန်းထားနိုင်အောင် ကျွန်ုပ်တို့ ပြင်းပြင်း ထန်ထန် လုပ်ဆောင်နေရတယ်"ဟုလည်း ပက်ထရီးယပ်က ပြောကြားသည်။

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ပက်ထရီးယပ်အာဖဂန်နစ္စတန်ရှိ နေတိုးဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်နှင့်အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်တို့သည် ပါကစ္စတန်ကာကွယ်ရေးဦးစီး ချုပ် အက်ရှ်ဖက်ကာယာနီနှင့် မကြာမီ က တွေ့ဆုံဆွေးနွေးပွဲတွင် ဗုံးခွဲမှုများ နှင့် ဟက်ကာနီ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။"ကျွန်ုပ်တို့သူနဲ့သတင်းတွေ အပြန် အလှန်ဖလှယ်ကြ တယ်။ဟက်ကာနီ ကွန်ရက်ရဲ့ဦးဆောင် မှုအပိုင်းအဆက်အသွယ်တွေကို ပြောပြ တယ်။ ကဘူးလ်နဲ့ ဘာ ဂရမ်လေတပ်စခန်းကိုတိုက်ခိုက်တဲ့နေရာမှာ သူတို့ ရှင်းရှင်းလင်းလင်း အမိန့်ပေးနေပြီး စစ်ဆင်ရေးကိုလည်း ထိန်းချုပ်ခဲ့တယ်"ဟု ပက်ထရီးယပ်က ပြောသည်။

အသေခံဗုံးခွဲသမားများသည် ဘာဂရမ်လေတပ်စခန်းကိုမေလ ၁၉ရက်နေ့ အရုဏ်တက်က ဒုံးကျည်များ၊လက်ပစ်ဗုံးများဖြင့်တိုက် ခိုက်ခဲ့ရာ အမေရိကန်ကန်ထရိုက်တာတစ်ဦးသေ ဆုံးခဲ့ပြီး အမေရိကန်တပ်သားကိုးဦး ဒဏ်ရာရခဲ့သည်။ ယမ်းဘီလူးများကိုယ်မှာ ကပ်ထားသည့် စစ်သွေးကြွ တစ်ဒါဇင်ခန့်သေဆုံးခဲ့သည်ဟု ပင်တဂွန် က ထိုအချိန်ကပြောခဲ့သည်။

လွန်ခဲ့သည့်တစ်ရက်က ကဘူးလ် စစ်ကားတန်းကို အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦး၏တိုက်ခိုက်မှုကြောင့်အာဖဂန်အရပ်သား ၁၂ ဦးနှင့် တပ်သား ခြောက်ဦးသေဆုံးခဲ့သည်။

ဘာဂရမ်သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သောတပ်များ၏ အဓိကစခန်းဖြစ်သည်။ ထိုနိုင်ငံ၏ အကြီးဆုံး လေယာဉ် ကွင်းလည်းရှိသည်။ ၁၉၈၀ပြည့်လွန်နှစ်များက အာဖဂန်နစ္စတန်ကို ဆိုဗီယက်ယူနီယံကသိမ်းပိုက်ထားစဉ် ဆိုဗီယက်တို့အသုံးပြုခဲ့ သည့် လေတပ်စခန်းဖြစ်သည်။်

No comments:

Post a Comment