Thursday, July 8, 2010

. .

အမွေပေးစရာရှား ခွေးတွေကိုပေးသတဲ့ ခွေးများနှင့် အထိန်းတော်များကို အမွေပေးခြင်းကြောင့် ကျန်ရစ်သူသားက တရားရင်ဆိုင်

နယူးယောက်၊ဇွန်-၂၂
အမွေစားအမွေခံတစ်ဦးသည် ဗြိတိသျှ ပေါင်စတာလင်ရှစ်သန်းတန်ဖိုးရှိ အမွေခံ ပစ္စည်းများအား သူမ၏ခွေးသုံးကောင်အတွက် ပေးခဲ့ခြင်းကြောင့် အုတ်အော်သောင်းတင်းဖြစ် ပွားမှုတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
မတ်လကသေဆုံးသွားခဲ့သော မစ္စဂေး ပို့စ်နာသည် သူမရရှိသော ပေါင်နှစ်သန်းတန် ရန်ပုံငွေတစ်ခု၊ ပေါင်ခြောက်သန်းတန်ဖိုးရှိ မီ ယာမီကမ်းခြေမှ အိမ်တစ်လုံးတို့အား သူမ၏ ခွေးသုံးကောင်ဖြစ်သည့် ကွန်ချီတာချီဟွာဟွာ၊ ဧပယ်မာရီယာနှင့် လူစီရာအမည်ရှိခွေးများနှင့် ၎င်းင်းတို့၏အထိန်းတော်များသို့ပေးခဲ့ကြောင်း သိရှိ ရသည်။
အိမ်စောင့်များနှင့် သက်တော်စောင့်များ အတွက်လည်း ပေါင် ၁၇သန်းပေးခဲ့ပြီး ခွေးများ ကိုစောင့်ရှောက်ရင်း အိမ်လခမပေးရဘဲ နေခွင့်ပြု ခဲ့သည်။ မစ္စပို့စ်နာ၏သားဖြစ်သူ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသောဘရက်ကားသည် ယခု တရား ရုံးတင်၍ရင်ဆိုင်ပြီဖြစ်သည်။
သက်တော်စောင့်များနှင့် ၀န်ထမ်းများ သည် သူ့အမေအား ဆေးခတ်ပြီး ဦးနှောက်ပုံမှန် မဟုတ်အောင်လုပ်ခဲ့ကြကြောင်း၊ ၂၀၀၈ခုနှစ် က သူ့အမေ၏ဆန္ဒကို ဆေးခတ်ပြောင်းလဲပြီး သူ့အားပေါင်ခြောက်သန်းခွဲသာရရန် ကြံစည်ခဲ့ ကြကြောင်း၊ သူ့အမေအနေဖြင့် သူ့ကိုသာ ပိုင် ဆိုင်မှုအားလုံးကိုပေးအပ်သင့်ကြောင်း ဖလော်ရီ ဒါတရားရုံးတွင် လျှောက်လဲခဲ့သည်။
မစ္စပို့စ်နာမသေဆုံးမီက သူမ၏ခွေးများ အတွက်သုံးဖြုန်းပစ်မှုသည် လူပြောစမှတ်ဖြစ် အောင်ကြုံရဖူးကြောင်း ဒေလီမေးလ်သတင်းစာ မှဖော်ပြထားသည်။ ခွေးတစ်ကောင်အား ပေါင် တစ်သောင်းတန်ကာတီရာဆွဲကြိုးတစ်ခုတပ်ပေး ထားရာ ခွေးက လက်မခံပေ။ ခွေးများစောင့် ရှောက်ခအတွက် အိမ်ဖော်အဲလိဇဘက်ဖို့အား ပေါင်သုံးသန်း၊ အိမ်ဖော်၏သမီးအား ပေါင် ခြောက်သိန်း၊ မစ္စပို့စ်နာ၏သက်တော်စောင့် ဟာနာဒိုကွင်တီရိုအတွက် ပေါင်ခုနှစ်သန်း၊ ဒုတိယသက်တော်စောင့်အတွက် ပေါင်ငါးသန်း နှင့် ခွေးလေ့ကျင့်ပေးသူအတွက် ပေါင်၁ဒသမ ၃သန်း အသီးသီးပေးခဲ့ကြောင်း လန်ဒန်တယ်လီ ဂရပ်ဖ်သတင်းစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment