Friday, July 2, 2010

. .

နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦး ထောင်ဒဏ်များ ကျခံရ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၄ မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၈ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ယမန်နေ့တွင် အနည်းဆုံး ၁ နှစ်မှ ၁၅ နှစ်အထိ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်၊ မကွေးတိုင်း ရေစကြို၊ စစ်ကိုင်းတိုင်း ရေဦးနှင့် မုံရွာတို့မှ လူငယ် ၈ ဦးဖြစ်ပြီး ရဲမှူးဝင်းကြည်ဆိုသူက တရားလိုအဖြစ် တရားစွဲဆိုခဲ့ကာ တရားမ၀င် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ဖောက်ခွဲမှု ပုဒ်မ (၃ ၊ ၄)၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) အပါအ၀င် ပုဒ်မ ၆ ခုဖြင့် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။်

“အောင်သူကို ပုဒ်မ ၃ ခုနဲ့ ပြစ်ဒဏ် ၁၅ နှစ် ချတယ်လို့ သိရတာပဲ။ သူကံနဲ့ သူပေါ့ဗျာ။ ကျနော်တို့က ဘာတတ်နိုင်မှာလဲ။ ဘာမှ မသိရတဲ့အတွက် မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာ သူအသိဆုံးပဲ။ ကျနော်တို့က တစွန်းတစမှ မသိရဘူး။ ရိပ်လည်း မရိပ်မိဘူး။ လူငယ်တွေဆိုတော့ မသွားနဲ့ဘာညာ တော်သင့်သလောက် ပြောတယ်။ မျက်စိရှေ့က ပျောက်သွားပြီးတော့ ပြန်လာမှ ရောက်ပြီဆိုတာလောက်ပဲ သိရတယ်” ဟု ကိုအောင်သူ၏ မိသားစုဝင်တဦးက ပြောသည်။
၎င်းတို့သည် ၂ဝဝ၈ နှစ်ကုန်ပိုင်းနှင့် ၂ဝဝ၉ နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရကာ ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံရေး အဖွဲ့အစည်းများထံ သွားရောက်ဆက်သွယ်ခဲ့သည်ဟု ရဲက စွပ်စွဲကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်သူကို ဖောက်ခွဲမှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ၁၅ နှစ်၊ အေးမင်းဖြိုး ခေါ် သားကြီးကို ဖောက်ခွဲမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၁ဝ နှစ်၊ ကိုမင်းမင်းထွန်းကို လ၀ကအမှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ၆ နှစ်၊ ကိုဇာနည်အောင်ကို လ၀က အမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၅ နှစ်၊ ကိုဇော်မင်းဦး ခေါ် ကိုကျော်ကွန့်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၄ နှစ်၊ အောင်ကျော်ကျော် ခေါ် ကိုဘောကြီးကို တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၅ နှစ်၊ ကိုဖြိုးမင်းဦးကို လ၀ကအမှုဖြင့် ၃ နှစ်နှင့် ကိုသူရထွန်း နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုဖြင့် ၁ နှစ် ပြစ်ဒဏ်ချခဲ့သည်။
၎င်းတို့နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များအတွက် အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးမြင့်သောင်းနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိသေးပါ။ သို့သော် မိသားစုဝင်များကမူ အမှုအတွက် အယူခံဝင်သွားမည်ဟု သိရသည်

No comments:

Post a Comment