Thursday, July 8, 2010

. .

လက်မထပ်မီ အိတ်ခ်ျအိုင်ဗွီစစ်ဆေးသော မိန်းကလေးများတွင ဆယ်နှစ်အောက် ငယ်ရွယ်လွန်းသူများပါဝင်ဟုဆို

ကွာလာလမ်ပူ၊
မလေးရှားကျန်းမာရေးဝန်ကြီး ဌာနမှ မကြာသေးမီကထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်အရ လက်မ ထပ်မီ HIV စစ်ဆေးမှုဆောင်ရွက်ကြ သော မိန်းကလေးများ၏အသက်အ ရွယ်သည် ဆယ်နှစ်အရွယ်ထိ ငယ်ရွယ် လွန်းသောမိန်းကလေးများပါရှိလာ ကြောင်း သိရသည်။်
မလေးရှားနိုင်ငံတွင် ထိုကဲ့သို့ စစ်ဆေးဆောင်ရွက်ရန် မွတ်စလင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်း ချက်အရ မဖြစ်မနေလုပ်ရသောကိစ္စ ရပ်တစ်ရပ်ဖြစ်ပြီး မွတ်စလင်မဟုတ် သော အခြားဘာသာဝင်များအတွက် မှု ရွေးချယ်ပိုင်ခွင့်ရှိကြကြောင်း သိရ သည်။
ထိုအစီရင်ခံစာသည် ကုလသမဂ္ဂ သို့ တင်ပြသော အစီရင်ခံစာတစ်ခု ဖြစ်ပြီး ထိုအထဲတွင် ဖော်ပြထားချက် အရ ပြီးခဲ့သည့်နှစ်တွင် လက်မထပ်မီ HIV စမ်းသပ်စစ်ဆေးမှုခံယူသော အမျိုးသမီးငယ်များတွင် အသက်(၁၉) နှစ်အောက်အရွယ် အမျိုးသမီးဦးရေ မှာ ၆၈၁၅ဦးဖြစ်ပြီး (၁၄)နှစ်အောက် မှာ၄၄၅ဦးဖြစ်ကာ ဆယ်နှစ်အောက် မှာ ၃၂ဦးဖြစ်ကြောင်း သိရသည်။
ဒေသခံသတင်းစာတစ်စောင်၌ ဖော်ပြထားချက်အရ ပြီးခဲ့သည့်လက ၀ီနန်တွင် သားယောက်ျားလေး မွေး ဖွားခဲ့သော ကိုးနှစ်အရွယ် မိန်းကလေး ငယ်သည် မလေးရှားနိုင်ငံတွင် အသက် အငယ်ဆုံးမိခင်ဖြစ်လာကြောင်း သိရ သည်။
အမည်မဖော်လိုသော သတင်း အရင်းအမြစ်များကိုအခြေပြု၍ ထို အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားချက်အရ ထိုကိစ္စတွင် မိန်းက လေးသည် အသက်(၁၄)နှစ်အရွယ် ကောင်လေးနှင့် လက်ထပ်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။်

No comments:

Post a Comment