Thursday, July 8, 2010

. .

မြန်မာနိုင်ငံတွင် နှစ်အတန်ကြာပျောက်ကွယ်နေသော ရှားပါးငှက်မျိုး ပြန်ရှာတွေ့


ရန်ကုန်၊ ဇွန် ၂၂-မြန်မာနိုင်ငံတွင် ရှားပါး မျိုးသုဉ်းလုနီးပါးဖြစ်နေသော Pied Falconet ငှက်မျိုးကို မြန်မာနိုင်ငံ ငှက်ဝါသနာ ရှင်များအသင်းမှ စစ်ကိုင်းအတွင်း ပြန် လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
''ဒီငှက်မျိုးက အရင်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ငှက်မျိုးပါ။ ဒါပေမဲ့ မတွေ့ ရတာအတော်ကြာပါပြီ။ အခုမှ ပြန်တွေ့ရ တာဖြစ်ပါတယ်။ အခုလိုပြန်တွေ့တာ ကျွန် တော်တို့တစ်ဖွဲ့တည်းမဟုတ်ပါဘူး။ တခြား ငှက်ကြည့်တဲ့အဖွဲ့တစ်ဖွဲ့ကလဲ ဒီငှက်ကို ရှမ်းပြည်နယ်မှာ တွေ့ခဲ့ရတယ်လို့ ပြောတဲ့ အတွက် အတည်ပြုမှတ်တမ်းတင်ထားတာ ပါ''ဟု မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း မှ အတွင်းရေးမှူးဦးသက်ဇော်နိုင်က ပြော သည်။
ယင်းငှက်အမျိုးအစားသည် ယခင် က အရှေ့တောင်အာရှ၌ နှစ်နိုင်ငံတွင် သာတွေ့ရှိရသောငှက်မျိုးဖြစ်ပြီး ယခုနှစ်မှ သာ မြန်မာနိုင်ငံတွင် တွေ့ရှိရခြင်းဖြစ် ကြောင်း သိရသည်။
''Pied Falconet ငှက်မျိုးက အုပ်စုအနေနဲ့ပြောရရင် သိမ်း၊ စာအုပ်စုလို့ ပြောလို့ရပါတယ်။ အခုလို ကျွန်တော်တို့ အနေနဲ့ ဒီငှက်မျိုးကို ပြန်လည်တွေ့ရှိရတဲ့ အတွက် အရှေ့တောင်အာရှမှာဆိုရင် ဒီ ငှက်မျိုးရှိ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင် ခွင့်ရရှိသွားပါပြီ။ အခုရှားပါးငှက်မျိုးတွေ မြန်မာနိုင်ငံအတွင်းက မပျောက်ကွယ်သွား အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု ယင်း က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငှက်မျိုး စိတ်ပေါင်း ၁၁၀၀ခန့်ရှိပြီး ကမ္ဘာ့ရှားပါး ငှက် မျိုး ၁၁၄မျိုး ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment