
ဒီတားမြစ်မှုကို အများဆိုင်ရာအဆောက်အဦးတွေဖြစ်တဲ့ ကျောင်း၊ ကားကစားရုံ စတဲ့နေရာတွေမှာသာ ပြဋ္ဌာန်းတာဖြစ်ပြီး၊ ကျန်တဲ့နေ ရာတွေ မပါ ပါဘူး။ မကြာသေးခင် သီတင်းပါတ်တုန်းက အရှေ့မြောက်ဖက် ကာတာလိုးနီးရားဒေသက ဘာစီလိုးနား စတဲ့ ဒေသန္တရ အုပ်ချုပ်ရေးမြို့တွေက ဒီတားမြစ်ချက်ကို စပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပါတ်က ၀န်ကြီးချုပ်ရိုစ့်လူဝီရိုဒရီကွက်ဇ်ဇပါးတာရိုး ရဲ့ ဆိုရှယ်လစ်အစိုးရဆီတင်ထားတဲ့ ဒီတားမြစ်ချက်အဆိုကို စပိန်အ ထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပါတယ်။ ဘာသာရေးနဲ့ဆိုင်တဲ့ ဥပဒေသစ်အရအများ ဆိုင်ရာနေရာတွေမှာ မျက်နှာဖုံးခြုံ လွှာတွေအသုံးပြုတာ တင်းကျပ်ဖို့အစိုးရက စီစဉ်နေတယ်လို့ ဒီလအစောပိုင်းက တရားရေးဝန်ကြီး ဖရန်စစ္စကိုကာမန်နိုက ပြောပါ တယ်။
၁၉၉၉ စုနှစ်တွေကစပြီး စပိန်မှာ မူဆလင်တိုင်းပြည်ကလူတွေ ၀င်လာတာ အရမ်းများလာပါတယ်။ အခုဆို လူဦး ရေ ၄၇ သန်း ရှိတဲ့ စပိန်မှာ မူဆလင်ဦးရေဟာ တသန်းလောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့လက ဘယ်လ်ဂျီယံ၊ ဥပဒေပညာရှင်တွေက လမ်းတွေအပါအ၀င် အများ ဆိုင်ရာနေရာတွေမှာ မူဆလင်တွေ မျက်နှာဖုံးခြုံလွှာဝတ်တာကို တားမြစ်တဲ့ဥပဒေကြမ်းကို အတည်ပြုပါတယ်။ အထက်လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်ပေမဲ့လည်း ဒါဟာ ဥရောပအတွက်တော့ ပထမဆုံး အငြင်းပွားစရာ ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။
ပြင်သစ်မှာလည်း ဒေါသတကြီး ငြင်းခုံကြပါတယ်။ ဒါပေမဲ့ ကက်ဘိနက်ကတော့ ဒီတားမြစ်ချက်ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါပြီ။ ဇူလိုင်မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမတိုင်မီမှာ စာသားအသေးစိတ်ပြင်ဆင်ဖို့ ကိုလည်း လမ်းဖွင့်ပေးထားပါတယ်။
No comments:
Post a Comment