Thursday, July 8, 2010

. .

ရှားပါး ရောင်စုံ ငှက်ငယ် တစ်ထောင်ကို ဒက္ကားလေဆိပ်တွင် ဖမ်းဆီး


7/6/2010
Adjust font size:

အရောင်မျိုးစုံ ပါဝင်သော ရှားပါး ချစ်စဖွယ် ငှက်ငယ် အကောင်ရေ တစ်ထောင်ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားလေဆိပ်တွင် ဘင်္ဂလာအကောက်ခွန်ဌာနမှ ဖမ်းဆီးလိုက်သည်။

အဆိုပါ ငှက်ငယ်များကို အသက် ၂၉ အရွယ်ရှိသူ ပါကိစ္စတန် နိုင်ငံသား တဦးက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ခိုးထုတ်စဉ် ဇူလိုင်လ ၃ ရက်နေ့က လေဆိပ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသော ငှက်ငယ်များမှာ သာလိကာ၊ ကျေးတမာ၊ ဆက်ရက် အမျိုးအစား ငှက်ငယ်များနှင့် စာကလေးများ ပါဝင်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် ဘင်္ဂလယ် ပင်လယ်အော်နှင့် မြင့်မားသော ဟိမ၀န္တာတောင်တန်းမှ ခက်ဖြာ ထွက်လာသော တောင်တန်းများ အကြား တည်ရှိသဖြင့် တောရိုင်း သဘာဝ တိရစ္တာန်များ ကျက်စားရာ ဒေသ တခုဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသော ငှက်ငယ်များကို ကော့ဘဇား ခရိုင်အတွင်း တည်ရှိသော ဘင်ကာဘောင်ဒူ ရှိတ်မူဂျီ ရာဟာမန် ဘေးမဲ့ တိရစ္ဆာန် ဥယျာဉ်အတွင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော လအနည်းငယ်က ရှားပါး ကြယ်လိပ်မျိုးစိတ် လိပ်အမျိုး အများအပြားကို ပြည်ပသို့ ခိုးထုတ်စဉ် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဒက္ကားတွင် ဖမ်းဆီးခဲ့သည်။
: ----------------------------------- ----------------------------------- ----------------------------------(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

No comments:

Post a Comment