Thursday, July 8, 2010

. .

မန္တလေးမြို့ ကျုံးရေကို တွင်းရေထက် ပိုမိုသုံးစွဲ

မန်းသားလေး
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၃)

မန္တလေးကျုံးရေသုံးစွဲသူဦးရေမှာ ၂၀၀၉-၁၀ ပြည့်နှစ်တွင် နှစ်ထောင်ဝန်း ကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။်

ယခင်က မန္တလေးမြို့တွင် ရေတွင်း များနှင့် ရေမီတာများကိုသာ သုံးစွဲသူ များသည် ယခုနှစ် မေလလယ်ပိုင်းက အပူချိန်လွန်ကဲမှု ကြောင့် ရေတွင်းများ ခန်းခြောက်ခဲ့ရာ တချို့က ဆက်လက်တူးဖော်ခြင်းများ ရှိသကဲ့သို့ တချို့က လည်းကျုံးရေကို ပြောင်းလဲသုံး စွဲလာ ကြကြောင်း သိရသည်။

မန္တလေးကျုံးရေမှာ သုံးလလျှင် ငါးမူးပိုက်ကို ကျပ် ၃၀၀၊ သုံးမတ်ပိုက် ကျပ် ၄၅၀၊ တစ်ကျပ်ပိုက် ကျပ် ၆၀၀ ပေးဆောင်ရသည်။
"မန္တလေးကျုံးကြီး ကို မဆည်ခင် တုန်းကတော့ အဲဒီကျုံးရေကို သုံးစွဲတဲ့ လူဦးရေ ငါးထောင် ကျော်လောက် ရှိပါတယ်။ ကျုံးရေ ဆည်ပြီးတဲ့နောက်မှာတော့ တစ်ထောင့်ရှစ်ရာလောက်ပဲ ကျန်တော့တယ်။ ခုတော့နှစ်ထောင် ၀န်းကျင်လောက်ပြန်ရှိလာပါပြီ"ဟု ရေခွန်ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးယု ကျော်က မြန်မာတိုင်း(မ်)ကို ရှင်းလင်း ပြောပြသည်။

"ရေမီတာလည်းသုံးတဲ့လူများပါတယ်။ ဒီနှစ်ပိုင်းမှာမန္တလေးမြို့နယ်ငါးမြို့နယ်မှာရေမီတာခုနစ်သောင်းကျော်လောက်သုံးစွဲတဲ့လူ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ရေမီတာမှာ တစ်ယူနစ်လျှင် ၅၅ ကျပ် ပေးဆောင်ရသည်။ ရေပေးဝေ သုံးစွဲမှု အများဆုံးမှာ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း သိရသည်။

အခြေခံလူတန်းစားများ သုံးစွဲသော အများသုံး ရေချိုးကန်များတွင် ငွေပေးဆောင်စရာမလိုသော်လည်း အိမ်တချို့က အများသုံး ရေကန်၌ ရေမော် တာများတပ်ပြီး သုံးစွဲ မှုများ ရှိနေသည်။

"အဲဒီလိုသုံးစွဲလို့တော့ မရပါဘူး။ အဲဒါကိုတွေ့ရင် ချက်ချင်းအရေးယူမှာပါ။ အများသုံးရေကန်မှာ ကိုယ့်ပိုက် လိုင်းနဲ့ ကိုယ့်အိမ်ကို ရေသွယ်တာ တွေ့တယ်ဆိုရင် ဖမ်းဆီးသွားမှာပါ" ဟု ရေခွန်ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးယု ကျော်က ပြောသည်။

မန္တလေးမြို့တွင် ရေများပြတ်လပ် သွားခြင်းမရှိအောင် မန္တလေးမြို့တော် စည်ပင်ကကြိုးစားလျက်ရှိပြီးပြီးခဲ့သည့် မေလလယ်က ရေပြတ်သည့်မြို့နယ် များကို ရေသယ်ကားများနှင့် အခမဲ့ လိုက်လံ ဖြည့်ဆည်းပေးခဲ့သည်။

No comments:

Post a Comment