Thursday, July 8, 2010

. .

အရပ်ပုသော ကိုရင်လေး

News Pic

အသက် ၁၆ နှစ်အရွယ်ရှိသော်လည်း နှစ်ပေခွဲကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ) အမြင့်သာရှိသည့် ရှင်ကုဏ္ဍလ (လူအမည်ကျော်ဆန်းဦး) အား မကွေးတိုင်း၊ ပေါက်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ သာမန်ထက်ထူးကဲပြီး အရပ်ပုသော၊ ရှည်သောသူများကို ဂင်းနစ်စံချိန် တင်ရန် နိုင်ငံအများအပြား၌ ကြိုးစားနေကြချိန်တွင် မြန်မာနိုင်ငံ၌လည်း သတင်းထောက်များက ရှာဖွေဖော်ထုတ်လျက်ရှိရာ အဆိုပါ ကိုရင်ကြီး အား ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာတိုင်း(မ်)က သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။ အဖ ဦးကျော်မြင့်နိုင်၊ အမိ ဒေါ်ကြည်ဝင်းတို့က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မွေးဖွားပြီး မွေးချင်းညီအစ်ကို သုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ ဒုတိယတန်းအထိစာသင်ကြားခဲ့ဖူးပြီး ပေါက်မြို့၊ ရန်အောင်မြင် ကျောင်းတိုက်တွင် ပြီးခဲ့သည့်နှစ်မှစတင်၍ ကိုရင်ဝတ်ဖြင့်ပင် သီတင်းသုံးလျက်ရှိသည်။ မိခင်ဖြစ်သူဒေါ်ကြည်ဝင်း က "အရပ်များ ရှည်လာမလားလို့ ကိုရင်ဝတ်ပေးကြည့်တာ မထူးပါဘူး။ ဒီအရပ်က ငါးနှစ်သားလောက်ကတည်းက မတက်တော့တာ"ဟု ပြောသည်။ ဂင်းနစ်စံချိန်တင်နိုင်ရန်လျှောက်ထားသူသည်အသက် ၁၈ နှစ်ပြည့်ပြီးရန်လိုအပ်ပြီး လက်ရှိအနေအထားအရ ကမ္ဘာ့အရပ်အပုဆုံး လူသားအဖြစ် စံချိန်တင်နိုင်ရန် ကြိုးစားနေသည့် နီပေါနိုင်ငံမှ ခါဂန် ဒရာသပ္ပ မန်တရာသည် လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ၁၈ နှစ်ပြည့်မည်ဖြစ်ပြီး ၎င်း၏အရပ်သည် ၆၃ စင်တီမီတာခန့် မြင့်သည်။
သတင်း - နီလာဝင်း၊ ဓာတ်ပုံ - ဟိန်းလတ်အောင်

No comments:

Post a Comment