Thursday, October 21, 2010

. .

မလေးရှားUNHCR ရုံးရှိအရာရှိ ဆိုးကြောင့် မလေးUNHCR ပြသာနာနှင့်ကြုံရ

သတင်း-အောင်နိုင်သူ ၂၁-၁၀-၂၀၁၀(ကြာသပတေး)

၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကိုမိုးဇော်အောင်နဲ့ မလေးရှားယူအန်ရုံးကိစ္စကို ကိုပါလရဲ့ နွံဆိုတဲ့ ဘလောက်မှာတင်ပြခဲ့ကြတာမှတ်မိကြမှာပါ။မသိသေးတဲ့ သူတွေအတွက် အကျဉ်းပြောပြရရင် ၁၉ရက်နေ့မှာ မလေးရှိ ယူအန်ရုံးကို အကြောင်းကိစ္စတစ်ခုကြောင့် ရောက်ရှိခဲ့ပါတယ်။ ရုံးအပြင်နားမှာရပ်နေတာကို ရုံးကအရာရှိတစ်ယောက်က ထွက်လာပြီး ရုံးအပြင်ဖက်မှာ ရပ်မနေဖို့ ပြောဆိုပါတယ်။ဒီလိုပြောတဲ့အခါမှာ ကောင်းမွန်စွာ ပြောဆိုခြင်းမရှိပါဘူး။အဲဒါနဲ့ ကိုမိုးဇော်အောင်နဲ့ စကားအခြေအတင်များကြပါတယ်။ယူအန်ကအရာရှိက ကိုမိုးဇော်အောင်ကို အော်ငေါက်ပြီးပြောတဲ့အတွက်
ကိုမိုးဇော်အောင်ကလည်းပြန်လည်ပြောဆိုပါတယ်။အရာရှိက သူဆက်ပြောလို့မရတော့ထွက်သွားပါတယ်။ကိုမိုးဇော်အောင်လည်း နေပူတဲ့အတွက် အရိပ်ရတဲ့အတွက် နေရာပြောင်းပြီးနေပါတယ်။ပြသာနာလည်းအေးသွားပြီးထင်လိုက်ပေမယ့် အခုနအရာရှိက သိပ်မကြာခင်မှာဘဲ လုံခြုံရေး၎ယောက်နဲ့အတူပြန်လာပြီးပြသာနာထပ်ရှာပါတယ်။ ပြီးတော့သူ့ကိုဗီဒီယိုရိုက်ကူးတဲ့အတွက်သူကလည်းအခုလိုပြန်လည်ရိုက်ကူးထားတာပါ။ဒီနေ့ကိုမိုးဇော်အောင် နဲ့စကားပြောတဲ့အခါနောက်ဆက်တွဲပြသာနာတချို့ကိုသိရလိုတင်ပြပေးလိုက်ပါတယ်။တကယ်ဒုက္ခရောက်နေတဲ့
သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေတဲ့ဒီလိုလူမျိုးတွေကြောင့် ယူအန်ရုံးရဲ့သိက္ခာလည်းကျရပါတယ်။
လူကိုလူလို့မဆက်ဆံဘဲ သူစိတ်တိုင်းကျလုပ်နေတာတွေဟာ မသင့်တော်ပါဘူး။ယူအန်ရုံးရောက်ဖူးတဲ့လူတွေ
သိကြမှာပါ။၁၉ရက်နေ့ပြသာနာဖြစ်တာကို ကိုပါလရဲ့ဘလောက်မှာ တင်ခဲ့တဲ့အပြင်ဂျီနီဗာမှာရှိတဲ့ ရုံးကိုလည်း
တိုင်ခဲ့ပါတယ်။၂၀ရက်နေ့မှာ မလေးရှားယူအန်ရုံးကနေ ကိုမိုးဇော်အောင်ဆီ ဖုန်းဆက်ပြီး ရုံးကိုလာဖို့ပြောပါ
တယ်။ညနေ ၄နာရီလောက်ရှိတော့ ကားလမ်းကြောတွေပိတ်မှာကြောင့်၊နောက်တနေ့၁၁နာရီမှာ ချိန်လိုက်ပါတယ်။ ၂၁ရက်နေ့ယူအန်ရုံးရောက်တော့ မနေ့က၀င်ပေါက်ကမ၀င်ဘဲ တခြားဝင်ပေါက်က၀င်ခဲ့ပါ
တယ်။ ရုံးခန်းထဲရောက်တော့ ကိုမိုးဇော်အောင်နဲ့ သူတို့အရာရှိ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သေချာမေးပါတယ်။
ပြီးတော့ကိုမိုးဇော်အောင်ကို ဘယ်မှာနေလဲ?ဘာလုပ်လဲ?စသည်ဖြင့် တရားခံစစ်သလိုစစ်ပါတော့တယ်။
ပြီးတော့ သူတို့ရဲ့အရာရှိဟာ တာဝန်အရ ယူအန်ရုံးအရှေ့မှာ ပိတ်ဆို့ပြီးယာဉ်သွားလာတွေ
အခက်အခဲ့မဖြစ်အောင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းပြောပြပါတယ်။ကိုမိုးဇော်အောင်ကလည်း ထိုသိုပြောဆိုသည့်အခါ ယဉ်းကျေးစွာပြောလျှင် မိမိအနေဖြင့် လိုက်နာဖို့ဝန်မလေးကြောင်း သို့သော်ထိုအရာရှိ
က ရိုင်းပြစွာပြောသည့်အတွက် မိမိအနေဖြင့်ပြန်လည်ပြောဆိုရခြင်းဖြစ်ကြောင်းသေချာရှင်းပြပါတယ်။
ကိုမိုးဇော်အောင်နှင့် ယူအန်ရုံးမှ အရာရှိများ အခြေအတင်းပြောဆိုလုနီးပါး ဖြစ်ခဲ့ရပါသည်။ပြန်ရန်၁၅မိနစ် အလိုမှ ကိုမိုးဇော်အောင်က မိမိသည် လွန်ခဲ့သော ၁၅နှစ်ခန့်က ကျောင်းသားတပ်မတော်မှတဆင့် ထိုင်းနိုင်ငံရှိ
ယူအန်ရုံးတွင် စကားပြန်လုပ်ခဲ့ပြီး ထိုမှတဆင့် အမေရိကားသို့ ပြောင်းရွှေအခြေချခဲ့ကြောင်း ၊ယခုမလေးရှားသို့
ခဏတာလာရောက်စဉ်ဤသို့ကြုံတွေ့ရခြင်းဖြစ်ကြောင်းပြောပြလိုက်၍ ပြန်လာခဲ့ပါသည်။ပြန်ရောက်၍ အိမ်၌အနားယူနေစဉ် ဂျီနီဗာရှိ ရုံးချုပ်မှ ထိုပြသာနာအတွင်းပါဝင်သော ဗီဒီယိုမှတ်တမ်းကိုမိမိတို့ဆီ ပို့ပေးပါရန်
ကိုမိုးဇော်အောင်သို့ တောင်းဆိုလာပါသည်။၎င်းအနေဖြင့် တောင်းဆိုသည့်အတိုင်းပေးပို့ခဲ့ပါသည်။ နောက်ဆုံးအနေနှင့် ကိုမိုးဇော်အောင် ပြောပြသည်မှာ မလေးရှားရှိ အချို့သော ၀န်ထမ်းများအနေဖြင့် လူအချင်းချင်းတန်ဖိုးထား ဆက်ဆံစေချင်ကြောင်းပြောကြားပါသည်။

No comments:

Post a Comment