Thursday, October 21, 2010

. .

အိမ်အကူများ၏ငရဲခန်း (သို့) မလေးရှားနိုင်ငံ အပိုင်း(၂)

လက်လှမ်းမီ သိရှိရသလောက်နှင့် ကိုယ်တွေ့ ကြုံရသော အိမ်အကူပြသာနာတချို့ကိုပြောပြ
ရလျှင်၊အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်းမှ မလေးရှားသို့လာရောက်လုပ်ကိုင်သော စီတီဟာဂျာ အမည်ရှိ
မိန်းကလေးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊မောင့်ကီရာရပ်ကွက် ၊လာနိုင်းကီရာအမည်ရှိ ကွန်ဒိုတစ်ခုတွင် ၂।၇।၂၀၀၆ တွင် အလုပ်စတင်လုပ်ခဲ့ပါသည်။စီတီသည် ရောက်ရှိလာသော နေ့မှစ၍ တရက်မှစိတ်မချမ်းသာခဲ့ပါ။
နေ့တိုင်းအိမ်အလုပ်ကို မိုးလင်းမှမိုးချုပ်သည့်တိုင်အောင် ပင်ပန်းဆင်းရဲစွာ လုပ်ရပြီး၊အမြဲတမ်းလည်းညှဉ်းပန်းနှိပ်
စက်ခံရသည်။အစားအသောက်ကို တစ်ရက် ၂ကြိမ်သာ ဟင်းမပါသောချည်းသက်သက်စားရ၍ ၊သူမက
ဟင်းတောင်းဆိုတိုင်း အမြဲတမ်းဝက်သားဟင်းကိုသာ စားရန်ဖိအားပေးခြင်းခံရသည်။သို့သော်မူဆလင်ဘာသာဝင် ဖြစ်သော စီတီသည် မည်သည့်အခါမှ ၀က်သားဟင်းကို မစားသောက်ခဲ့ပါ။ထိုကြောင့်နေ့စဉ်ထမင်းဖြူကိုသာ စားခဲ့ရသည်။
စီတီသည် တလလျှင် လုပ်ခ ရင်းဂစ် ၅၀၀သာရရှိ၍၊ထိုလစာကိုလည်း လစဉ်ရရှိခြင်းမဟုတ်ဘဲ
ထိုအိမ်တွင်လုပ်ကိုင်သော စာချုပ်ပြည့်မှသာ ပေးမည်ဟု အိမ်ရှင်ကပြောဆိုထားသည်။အလုပ်ရှင်ဖြစ်သူ
အသက်(၄၃နှစ်)အရွယ်ကလေး၂ယောက်မိခင်သည် စီတီအပေါ်တွင် တစ်ခါမှ ကောင်းမွန်စွာ မဆက်ဆံခဲ့ပါ။
တစ်ခါတစ်ရံ၌ သူမရဲ့ကလေးများရှေ့မှာပင် စီတီကို ရိုက်နှိက်လျက်ရှိသည်။အိမ်တံခါးကို လုံခြုံစွာပိတ်ထားပြီး
အိမ်ရှင်မ၏ အမြဲတမ်းစောင့်ကြည့်နေမှုကြောင့် မထွက်ပြေးနိုင်ပေမယ့် အခါအခွင့်သင့်လျှင် ထွက်ပြေးရန်စိတ်
ထဲတွင်ဆုံးဖြတ်ထားလေသည်။
ဤသို့ဖြင့်စီတီသည် ငရဲပြည်ကဲ့သို့ ကြောက်စရာကောင်းသော အိမ်တွင်စိတ်ကိုချုပ်တည်းကာ
(၃)နှစ်နီးပါးနေထိုင်ခဲ့ရပါသည်။၃နှစ်တာ ကာလအတွင်း အမြဲလိုလိုပင် ကြိမ်လုံးဖြင့်ရိုက်ခံရပြီး ရေနွေးပူဖြင့်
လည်းလောင်းချခံခဲ့ရပါသည်။ရေနွေးပူလောင်သည့် ဒဏ်ရာများကြောင့် သူမ၏ကိုယ်တွင် ကြောက်မက်ဖွယ်ရာ
အမာရွတ်များသေရာပါအဖြစ်ထင်ကျန်ခဲ့ရသည်။နေ့စဉ် အစားအသောက်ကို မ၀တ၀စားသောက်ရခြင်းနှင့်
အမြဲတမ်းညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် ထွက်ပြေးရန်ဆုံးဖြတ်ထားသော စီတီအတွက် လွှတ်မြောက်ရန် အခွင့်အရေးတစ်ခုပေါ်ပေါက်လာပါသည်။ ၈-၆-၂၀၀၉ ခုနှစ်(တနလာင်္နေ့)မနက်(၇)နာရီခန့်တွင် ဘေးအခန်းရှိ
အိမ်နီးချင်းအကူအညီဖြင့်ထွက်ပြေးပြီး၊ အဌားယာဉ်တစ်စီးကို အကျိုးအကြောင်းရှင်းပြ၍ကာ အင်ဒိုနီးရှားသံရုံး
သို့သွားရောက်ခဲ့ပါသည်။လိုက်လံပို့ဆောင်ပေးသော အဌားယာဉ်သမားမှာ စီတီ၏ အဖြစ်ကိုသိရသောအခါ အလွန်စိတ်မကောင်းဖြစ်သွား၍ ကားခယူသည့်အပြင် သူ၏ကိုယ်ပိုင်ငွေထဲမှ ရင်းဂစ်၁၀ကိုလည်းသုံးစွဲရန်ပေး
လိုက်ပါသည်။
သံရုံးသို့ရောက်ရှိ၍ သံရုံးဝန်ထမ်းများကို အကျိုးအကြောင်းရှင်းပြသောအခါ ၀န်ထမ်းများကစီတီနှင့် သံအမတ်ကြီးတွေ့စေပြီး ပြောပြစေပါသည်။ထိုအခါသံအမတ်မှ စီတီ၏အေးဂျင့်မှတဆင့်
သူမ လုပ်ခဲ့သော အလုပ်ရှင်ကိုဖုန်းဆက်၍ စီတီ၏လစာများကိုရှင်းပေးရန်နှင့် အခြားကိစ္စများကိုလာရောက်ဆွေးနွေးဖို့ အင်ဒိုနီးရှားသံရုံးသို့ဆင့်ခေါ်လိုက်ပါသည်။ထိုနောက် အမှုကိစ္စများကိုမလေးရှားအာဏာပိုင်များနှင့်တိုင်ကြား၍ စီတီ အတွက်အကျိုးခံစားခွင့်နှင့် နစ်နာမှုများကို တောင်းဆိုခဲ့ကြပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment