Saturday, October 2, 2010

. .

ဘ၀အစ-အပိုင်း(၄)

လ၀ကကောင်တာရှေ့သို့ရောက်ရှိလာပါသည်။ အေးဂျင့်က အောင်နိုင်သူတို့လေးယောက်ရဲ့စာအုပ်တွေကို ကောင်တာမှာ စနစ်တကျ သွားထပ်ပေးထားပါတယ်။စာအုပ်စဉ်အရ ကိုထော်ကအရင်ပါ။ပြီးတော့ဖိုးတုတ်
၊အောင်နိုင်သူနဲ့မျိုးမျိုးကအစဉ်လိုက်တန်းစီရမှာပါ။အဲ့ဒါကို ကျေးဇူးရှင်၎ယောက်က ငြိမ်ငြိမ်မနေပဲ၊စကားတွေ
ပြောနေရင်းနဲ့နေရာတွေလဲလိုက်ကြပါတယ်။လ၀ကအရာရှိက ကိုထော်စာအုပ်ကိုကြည့်ပြီးသူအရှေ့မှာရပ်နေတဲ့
လူကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကောင်တာရှေ့ရပ်နေတဲ့သူက မျိုးမျိုးဖြစ်နေလို့ပါ။မလေးဘာသာစကားနဲ့အေးဂျင့်ကိုလှမ်းခေါ်ပြီးပြောတော့မှ အေးဂျင့်က စာအုပ်စဉ်အလိုက်အောင်နိုင်သူတို့ကို ပြန်ပြီးလူစီပေးမှ အဆင်ပြေပါတော့တယ်။နာရီဝက်လောက် ကြာတော့ အားလုံးအစဉ်ပြေစွာနဲ့ ပစ္စည်းထုတ်ရတဲ့ နေရာကိုရောက်လာပြီးကိုယ့်ပစ္စည်းကိုယ်ယူကြပါတယ်။ဖြစ်ချင်တော့ အောင်နိုင်သူတို့၎ယောက်ထဲက ကိုထော်ရဲ့ပစ္စည်းတစ်ထုပ်ပျောက်နေလို့ ဟိုလူ့မေး၊ဒီလူ့မေးနဲ့မနည်းပြန်ရှာရပါသေးတယ်။မလေးစံတော်ချိန်ည ၈နာရီလောက်မှ လေဆိပ်ကနေ
အောင်မြင်စွာနဲ့ ထွက်ခဲ့ပါတယ်။အပြင်ရောက်တော့ အောင်နိုင်သူနဲ့မြန်မာပြည်မှာကတည်းက ရင်းနှီးခဲ့ကြတဲ့ အောင်မိုးအေးကအားရ၀မ်းသာနဲ့ ကြိုဆိုပါတော့တယ်။သူကလက်ရှိအောင်နိုင်သူတို့ကိုခေါ်လိုက်တဲ့သူဌေးရဲ့
ဆိုင်မှာလွန်ခဲ့တဲ့၁နှစ်ကျော်ကျော်ကတည်းက ရောက်နေတာပါ။လေဆိပ်ကနေထွက်တော့ အောင်နိုင်သူ၊ကိုထော်နဲ့အောင်မိုးအေးက အေးဂျင့်ကားနဲ့လိုက်ပြီး၊ဖိုးတုတ်နဲ့မျိုးမျိုးက သူဌေးကားနဲ့သွားကြပါတယ်။ကားပေါ်ကမြင်ရတာတွေကတော့ နေရာအနှံဆီအုန်းပင်တွေမင်းမူထားပါတော့တယ်။ မိနစ်၅၀လောက် မောင်းပြီးတော့မှ ကွာလာလမ်ပူမြို့ထဲကိုရောက်ရှိလာပါတယ်။မြို့ထဲရောက်ရှိလာတာနဲ့ပတ်ဝန်းကျင်မြင်ကွင်းအားလုံးဟာ ခေတ်မီဖွင့်ဖြိုးတိုးတက်တဲ့ မြို့ကြီးတစ်မြို့အသွင်ကိုဆောင်နေတာတွေရပါတော့တယ်။....

No comments:

Post a Comment