Thursday, October 21, 2010

. .

အိမ်အကူများ၏ငရဲခန်း (သို့) မလေးရှားနိုင်ငံ အပိုင်း(၃)

(သတင်းကွန်းယက်ဂျာနယ်မှ ကိုအောင်ကျော်စည်ဘာသာပြန်ထားသော ဤသတင်းကို ကူးယူဖော်ပြပါသည်)

အခုတင်ပြတဲ့ အဖြစ်လေးကလည်း တော်တော်လေးဆိုးပါတယ်ဗျာ။မိအေး၂ခါနာဆိုတဲ့ အဖြစ်မျိုးပေါ့။အဖြစ်အပျက်ကတော့-
အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီးတစ်ဦးအား အိမ်ရှင်လင်မယားနှစ်ဦးက သုံးပွင့်ဆိုင် လိင်ဆက်ဆံမှုအတင်းအကျပ်
ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။မတရားပြုကျင့်ခံရသူ အိမ်ဖော်
အမျိုးသမီးသည် အိမ်ရှင်လင်မယား၏ အတင်းအကျပ် လိင်ဆက်ဆံမှုကို (၄)လတာ တုန်လှုပ်ခြောက်ခြားစွာခံစားခဲ့ရသည်။လင်မယားနှစ်ဦးအနေနှင့် အဆိုပါအိမ်ဖော်ကို လိင်ဆက်ဆံ၍ အားရကျေနပ်သောအခါတွင် လမ်းဘေးတစ်နေရာ၌ ပစ်ထားခဲ့ကြသည်။အိမ်ဖော်အမျိုးသမီးသည် လက်ထဲတွင် ရင်းဂစ် ၃၀ သာပါရှိပြီး အချိန်၁၂ မျှဦးတည်ရာမဲ့ လျှောက်သွားနေခဲ့သည်။ လမ်းတစ်နေရာတွင် စိတ်ကောင်းရှိပြီး ကူညီတတ်သူတစ်ဦးနှင့်တွေ့ဆုံခဲ့ရာ အဆိုပါ ပုဂ္ဂိုလ်မှ အိမ်ဖော်အမျိုးသမီးအား ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ဂျော့ခ်ျတောင်းရဲအဖွဲ့လက်ထောက်ရဲမင်းကြီး၏ ပြောပြချက်အရ အိမ်ဖော်အမျိုးသမီး၏မျက်နှာ၊၀မ်းဗိုက်နှင့်ကျောပြင်တို့တွင်ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ ပြည့်နှက်နေသည်ကို တွေ့ရ၍ ပီနန်ဆေးရုံသို့ပို့ဆောင်စေပြီး ဆေးကုသမှု့ ခံယူစေခဲ့သည်။
ဆေးရုံ၏စစ်ဆေးတွေ့ရှိချက်တွင် အိမ်ဖော်အမျိုးသမီး၏ အမျိုးသမီးအင်္ဂါဇာတ်သည် ပွန်းပဲ
စုတ်ပြဲသည့်ဒဏ်ရာများကိုတွေ့ရှိရသည်ဟု ဖော်ပြထားသည်။ယင်းအဖြစ်အပျက်အတွက် ပါတာနီလမ်းရှိရဲစခန်း
အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်လိုက်သည်။သတင်းစာ ရှင်လင်းပွဲအရ အသက်
၂၆ နှစ်အရွယ် အရှေ့ဂျာဗားကျွန်းတွင်နေထိုင်သူ အိမ်ဖော်အမျိုးသမီး၏ ပြန်လည်ပြောဆိုခဲ့ပုံမှာ အိမ်ရှင်
ယောက်ျားဖြစ်သူက သူမအား အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံမှုပြုခဲ့သည်ဟု သိရှိရသည်။ အိမ်ရှင်ယောက်ျား
၏လိင်ဆက်ဆံတောင်းဆိုမှုကို လိုက်လျောခြင်းမရှိပါက အိမ်ရှင်မိန်းမက သူမအား မတရားရိုက်နှိက်လေ့
ရှိတတ်သည်။အိမ်ရှင်လင်မယားတို့သည် အသက် (၄၁)နှစ် နှင့် အသက် (၃၆)နှစ် အသီးသီးရှိကြသူများ ဖြစ်
ကြပြီး အိမ်ဖော်ဖြစ်သူ၏ ဦးခေါင်း၊လက်နှင့် ခြေထောက်တို့ကို ခါးပတ်ဖြင့် ရိုက်နှိက်ကြသည့်အပြင် ရေနွေးပူ
ဖြင့်လည်းပက်ကြသည်ဟုသိရပါသည်။ထိုအပြင် ရင်ဘတ်ကိုလည်း မီးပူဖြင့်ကပ်၍ နှိပ်စက်ကြသည်ဟုဆိုသည်။
အိမ်ရှင်လင်မယားနှစ်ဦး၏ အိမ်တွင် အဆိုပါအိမ်ဖော်မှာ ဖေဖော်ဝါရီလက စတင်အလုပ်
ဝင်ရောက်ခဲ့ပြီးမေလမှစတင်၍ အတင်းအကျပ် လိင်ဆက်ဆံမှု့ပြုခြင်းခံခဲ့ရသည်ဟု သူမက ထုတ်ဖော်ပြောဆိုခဲ့
ပါသည်။စက်တင်ဘာ(၁၇)ရက်နေ့ ည(၉း၁၅)လောက်က အဆိုပါလင်မယားနှစ်ဦးအား ရဲအဖွဲ့များကဖမ်းဆီး
လိုက်ကြောင်းကို လက်ထောက်ရဲမင်းကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။အိမ်ဖော်အမျိုးသမီး
သည် ၎င်းအလုပ်လုပ်ခဲ့သည့် နေရာကို မကျွမ်းကျင်သည့်အတွက် အဆိုပါနေရာဒေသကို စုံစမ်းရန် (၅)ရက်ကြာ
အချိန်ယူခဲ့ရသည်။
ရဲမင်းကြီးက"ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ အဆောက်အဦးဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။
အမျိုးသမီးလေးက တစ်နေရာကို မှတ်မိလိုက်တဲ့အတွက် အဲဒီနေရာတစ်ဝိုက်က အိမ်နီးချင်းတွေကို အရင်ဆုံး
စုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ တရားခံဖြစ်တဲ့ လင်မယားကို ဖမ်းစီးခဲ့တာပါ။"ဟု ရဲမင်းကြီးက
ရှင်းလင်းပြောကြားခဲ့ပါသည်။ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံးသို့လည်း အကြောင်း
ကြားခဲ့ပြီးဖြစ်ကြောင်း၊အိမ်ရှင်အမျိုးသားဖြစ်သူသည် ယခင်ကလည်း မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု (၃)မှု
ကျူးလွန်ထားသူဖြစ်ကြောင်းပြောပြပါသည်။ရဲအဖွဲ့က အဆိုပါ လင်မယားပိုင် မော်တော်ယာဉ်ကို သိမ်းဆည်းခဲ့
သည့်အပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သောမီးပူ၊ခါးပတ်၊ဂွမ်းကပ်
တစ်ထည်နှင့် အိပ်ရာခင်းတို့ကိုလည်း သိမ်းဆည်းလိုက်သည်။
ပြစ်မှုကျူးလွန်သည့် လင်မယားတွင် သားသမီး(၄)ဦးရှိ၍ ၎င်းတိုမှာ အသက် (၅)နှစ်မှ (၁၅)နှစ် အတွင်းရှိကြသည်ဟုသိရပါသည်။

No comments:

Post a Comment