Sunday, October 31, 2010

. .

မလေးရှားရှိ TAXI ကားများအားသတိထား

ဒီစာကိုဖတ်ပြီးတာနဲ့ ကျေးဇူးပြုပြီး ကိုယ်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ပြန်လည်ဖြန့်ဝေပေးပါ။လွန်ခဲ့တဲ့လကစပြီး မလေးရှားရှိ တချို့သော TAXI များတွင်ခရီးသည်များအား ရေမွှေး၊ air fresher ကဲ့သို့ အငွေ့တစ်မျိုးသုံးပြီး ပြစ်မှုများကျူးလွန်လျက်ရှိကြောင်း သိရပါသည်။ထိုအငွေ့ကိုရူမိသော ခရီးသည်အနေဖြင့် တကိုယ် လုံးအားနည်းလာပြီး၊ခြေလက်များမလှုပ်ရှားနိုင်တော့ခြင်း၊အသံမထွက်နိုင်တော့ လောက်အောင် အင်အားမရှိတော့ခြင်းတို့ကိုခံစားရ၍ TAXI သမားပြုမူသမျှခံကြရတော့သည်။
အကယ်၍ မိမိသည် အကြောင်းကိစ္စရှိ၍ အပြင်သို့သွားလိုလျှင် အဖော်တစ်ဦးဦးခေါ်ပြီးမှသွားပါ။spray တစ်ခုခုယူဆောင်သွားပါ။အဖော်မပါပဲ မသွားမဖြစ်သွားရမည်
ဆိုပါက သတိဝိရိယဖြင့် အခြေအနေကြည့်၍ ကားဌားပါ ။ မိမိဌားသောကား နံပါတ်၊ မောင်းသူအမည်
များကိုမှတ်သားထားပြီး phone ကိုအသုံးပြု၍ မိမိအရင်းနီးဆုံးသူငယ်ချင်းသို့ sms ပို့ရန်အဆင်သင့်
ပြင်လျက်စီးနှင်းသွားပါ။အကယ်၍ ကားထဲတွင် အလိုအလျောက် အမွှေးနံ့သာဖျန်းသည့် စက်ပါလျက်နှင့် အခြားသောအငွေ့ပါသော တစ်စုံတစ်ရာ ကို ပက်ဖျန်းခဲ့လျင် ချက်ချင်းနီးစပ်ရာနေရာတွင် အကြောင်း တစ်မျိုးမျိုးပြ၍ ဆင်းလိုက်ပါ။မရပ်ပေးပါက အဆင့်သင့် ရေးထားသောsmsကို sendလုပ်လိုက်ပါ။ပြီးလျှင် ကားတံခါးကိုဖွင့်၍အော်ဟစ်အကူအညီတောင်းလိုက်ပါ။
ထိုသို့မဟုတ် TAXI သမားက လူပြတ်သောနေရာသို့မောင်းနှင်း
သွားပါက အသင့်ယူဆောင်လာသော sprayဗူးဖြင့် ကားမောင်းသူကို ဖျန်းပတ်၍ ကားပေါ်မှ ဆင်းပြေးပြီး
ဖြတ်မောင်းသွားသောကားများတား၍ အကူအညီတောင်းပါ။ ထိုသို့မဟုတ်ပါက ထိုအငွေ့ကြောင့် TAXI သမား၏အေးဓားပြတိုက်ခြင်းကိုသော်၎င်း ၊မိန်းကလေးဖြစ်ပါက ကားသမား၏ မတရားစော်ကားခြင်း
ကိုသော်၎င်း ခံရလိမ့်မည်ဖြစ်သည်။
(TAXI သမားများအားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။တချို့သော TAXI သမားများကိုသာဆိုလိုပါသည်။ မည်သို့ပင်ဖြစ်စေ သူငယ်ချင်းတို့အားလုံး တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် သတိဝိရိယထား၍ သွားလာနိုင်စေရန် ရည်ရွယ်ပြီးရေးသားလိုက်ပါသည်။

No comments:

Post a Comment