Tuesday, October 26, 2010

. .

ဒုက္ခပေးနေသော မြန်မာနိုင်ငံသားများ



***အောင်နိုင်သူတို့တွေ နေတာကြာလာလို့ နေရာဒေသကိုသိတာနဲ့ဘယ်သူတွေနေ
ထိုင်ကြောင်းချက်ချင်းသိပါတယ်။ဒါပေမယ့် ကိုယ်ချင်းစာစိတ်လေးနဲ့ ဘယ်သူဘယ်ဝါလို့ မဖော်ပြဘဲ မြန်မာနိုင်ငံ
သားလို့ဘဲ ထည့်တွင်းသုံးနှုန်းသွားပါတယ်။ အဲဒါကြောင့် အပြန်အလှန်အနေနဲ့ အဲဒီဒေသက သူငယ်ချင်းတွေ
လည်း အော်ငါတို့တွေချည်းပဲ မလေးရှားမှာနေထိုင်တာမဟုတ်ပါလား၊တခြားမြန်မာနိုင်ငံသားတွေလည်း မလေးရှားမှာ နေထိုင်ကြပါလား၊သူတို့တွေအတွက်ငဲ့ညာပြီး ငါတို့တွေလည်းအနေအထိုင်ဆင်ခြင်မှလို့ စဉ်းစား
ပေးပြီးအနေအထိုင်ပြုပြင်စေချင်ပါတယ်။*****


မလေးရှားနိုင်ငံထုတ် ဒီနေ့သတင်းစာထဲမှာ မြန်မာနိုင်ငံသားတွေအတွက် သိက္ခာကျစရာသတင်းတစ်ခု
ဖတ်လိုက်ရပါတယ်။ ဒီသတင်းထဲမှာပါတဲ့ သူတွေထဲမှာ ကိုယ်နဲ့ရင်းနီးခဲ့သည်ရှိသော် ဒီလိုဆက်လက်မနေထိုင်ဖို့
ပြောပေးကြပါဗျာ။ Jalan gajus,off jalan loke yew စတဲ့ဒေသတ၀ိုက်ရှိကစားကွင်းနှင့်လူနေတိုက်ခန်းများတွင် နေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ အပြုအမူတွေဟာဒေသခံမလေးရှားလူမျိုးများအတွက် အလွန်စိတ်ဒုက္ခရောက်စရာ အနေအထားဖြစ်နေကြောင်း၊ ကလေးကစားကွင်းအတွင်း နေ့ညမရွေး ဘီယာ၊အရက်
များသောက်နေလျက်ဘီယာဗူးခွံများနှင့်တခြားအမှိုက်များလည်းရှုပ်ပွနေကြောင်း၊အချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားလျက် ဆူညံနေကြကြောင်း။ထိုကြောင့် ထိုကစားကွင်းနှင့်တ၀ိုက်ကို ဒေသခံလူမျိုးများက ကြောက်လန့်ရွံ့ရှာ၍ ဝေးဝေးရှောင်ကြကြောင်း သိရပါတယ်။
တိုက်ခန်းများတွင်လည်း နေသင့်သည့်လူဦးရေထက် ပိုမိုနေထိုင်ကြကြောင်း၊
တခန်းလျှင် ၁၀ယောက်အထက်နေထိုင်ကြ၍ တချို့သောမြန်မာနိုင်ငံသားများမှာ မူးယစ်သောက်စားပြီး လှေကားအတက်အဆင်းလူမြင်ကွင်း၌ပင်အပေါ့အပါးသွားလျက်ရှိကြောင်း။ထိုအပြင်မြန်မာမိန်းကလေးများမှာ လည်း ညဖက်တွင်ကောင်းမွန်သောအ၀တ်များဝတ်လျက် ကားနှင့်လာရောက်ခေါ်သူများနှင့်ပါသွားကြောင်း။ ထိုပြင်မြန်မာနိုင်ငံသားကလေးငယ်များသည်လည်းကားလမ်းကိုဖြစ်သလိုဖြတ်ကူးကြ၍ကားများကဟွန်းတီးလျှင် ထိုကားကိုကျောက်ခဲနှင့် ပြန်၍ပစ်ပေါက်ကြောင်း သိရပါတယ်။
ထိုဒေသရှိ သင်္ချိုင်းကုန်းတွင်လည်း မြန်မာနိုင်ငံသားများနေရာယူ၍ ကြက်တောင်
ရိုက်ခြင်း၊ဘောလုံးကန်ခြင်းများ ပြုလုပ်ကြကြောင်း ပတ်ဝန်းကျင်ဒေသခံများမှ ပြောပြပါသည်။ယခုအခါထိုကိစ္စ
များကိုဒေသခံများစုပေါင်း၍ အထက်တိုင်ကြား၍ အရေးယူပေးပါရန်တောင်းဆိုထားကြောင်းသိရပါတယ်။


(အောင်နိုင်သူပြောတာ မယုံဘူး၊လိမ်ရေးနေတယ်လို့ထင်ရင် မူရင်းသတင်းစာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။2010/10/26
By Veena Babulal
streets@nstp.com.my
Read more: Migrants disrupt peace http://www.nst.com.my/nst/articles/2myne/Article#इक्ष्ज़्ज़१३ऊ३ह४ग)

No comments:

Post a Comment