Thursday, October 21, 2010

. .

အိမ်အကူများ၏ငရဲခန်း (သို့) မလေးရှားနိုင်ငံ အပိုင်း(၁)

အင်ဒိုနီးရှားမှ မလေးရှားသို့အိမ်အကူအနေနဲ့လာရောက်လုပ်ကိုင်ကြသောမိန်းကလေးများကို
မလေးရှားအိမ်ရှင်များမှလုပ်ခလစာနှိမ်ပြီးအလုပ်မတန်တဆခိုင်းစေမှု၊ကိုယ်ထိလက်ရောက်ပြုမူဆက်ဆံမှုများနှင့်
အစားအစာဝလင်စွာကျွေးမွေးခြင်းမရှိမှုများစသည့် လှု့အခွင့်အရေးချိုးဖောက်မှုများ အဆင်မပြတ် ဖြစ်ပွား လျက်ရှိပါသည်။
မလေးရှားတွင်သို့အိမ်အကူအဖြင့် လာရောက်လုပ်ကိုင်ကြသောနိုင်ငံအများစုမှာ အင်ဒိုနီးရှား၊
ဖိလစ်ပိုင်၊ကမ္ဘောဒီယား နိုင်ငံများမှဖြစ်ကြသည်။ မလေးရှားတွင်အိမ်အကူများအတွက်လုပ်ခလစာ သတ်မှတ်မှု့များမှာ နိုင်ငံအလိုက်ကွဲပြားခြားနားမှုရှိပါသည်။ဖိလစ်ပိုင် အိမ်အကူများသည် တလလျှင်လစာ ရင်းဂစ် ၉၀၀မှ ၁၆၀၀အကြားရရှိ၍၊ ကမ္ဘောဒီးယားအိမ်အကူများမှာ တလလျှင် ရင်းဂစ် ၆၅၀မှ ၁၁၀၀ထိရှိတတ်ပြီး၊ အင်ဒိုနီးရှားအိမ်အကူများမှာမူ တလလျှင် ရင်းဂစ် ၅၀၀ မှ ၈၀၀အထိသာ ရရှိကြသည်။
မလေးရှားတွင် အိမ်အကူအတွက်လိုအပ်သောသူများမှာ မလေးရှားနိုင်ငံဖွား တရုတ်လူမျိုးများနှင့် အိန္ဒိယလူမျိုးများဖြစ်ကြသည်။ အင်ဒိုနီးရှားအိမ်အကူများအားလုံးမှာ မူဆလင်ဘာသာဝင်များဖြစ်ကြ၍ ၎င်းလူမျိုးများထံတွင် အလုပ်လုပ်ကိုင်သောအခါ စားသောက်ရာနှင့် ဘုရား
ဝတ်ပြုရာတွင် အခက်အခဲများစွာကြုံကြရသည်။အချို့သောအိမ်ရှင်များမှာဝတ်ပြုဆုတောင်းမှုကို နားလည်မှုရှိကြသော်လည်းအများစုမှာ လိုလားမှုမရှိကြ၊ခွင့်မပြုကြပေ။ အစားအစာ ပိုင်းတွင်လည်းထိုသို့ဖြစ်ကြ
ရသည်။
(ဆက်လက်ဖော်ပြပါမည်........အောင်နိုင်သူ)

No comments:

Post a Comment