Saturday, October 23, 2010

. .

တိုက်ပွဲကြားက ရွှေစောင်းသံ

လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဒီစာအုပ်လေးကို ဖတ်မိခဲ့တာပါ။စာအုပ်လေးရဲ့
နာမည်က " တိုက်ပွဲကြားက ရွှေစောင်းသံ" ။စာရေးဆရာနာမည်ကိုတော့ မေ့သွားပါပြီး။ပြန်စဉ်းစားမိတိုင်း မနေ့တစ်နေ့ကလိုပါပဲ။ကျွန်တော်မှာ ဒီစာအုပ်လေးဖတ်နေတုန်း စာအုပ်ထဲမှာပါတဲ့ အဖြစ်အပျက်တွေထဲ ကိုယ်တိုင်ပါဝင်နေရသလို ၀မ်းနည်းလိုက်၊၀မ်းသာလိုက်၊ကြောက်ရွံ့တုန်လှုပ်လိုက်နဲ့ ဇာတ်လမ်းထဲမှာ နစ်မျောသွားပါတယ်။ဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်ပြီးကာနီး ဂျပန်တွေ တကွဲတပြားနဲ့ မြန်မာပြည်က ဆုတ်ခွာစဉ်ကာလကိုနောက်ခံထားပြီးရေးထားတာပါ။ တကွဲတပြားဖြစ်ပြီး ဆုတ်ခွာနေတဲ့ ဂျပန်တပ်ခွဲလေးတစ်ခွဲ မှာ မြန်မာစောင်းတီးတတ်တဲ့ မစ်ဆူအီ ဆိုတဲ့ဂျပန်လေးနဲ့သူပိုင်ဆိုင်တဲ့ မြန့်မာစောင်းလေးကအဲဒီစာအုပ်လေးမှာအဓိကဇာတ်ဆောင်တွေပါ။
အခုဒီဇာတ်လမ်းလေးဗီဒီယိုအဖြစ်နဲ့ရိုက်ထားတာကိုပြန်လည် ဝေမျှလိုက်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ကြပါ။ကောင်းလွန်းလို့သူ့ခေတ်သူအခါကအကောင်းဆုံးရုပ်ရှင်
ထူးချွှန်ဆုကိုရရှိခဲ့ပါတယ်။ ဇာတ်ကားနာမည်လေးက"ဗမာ့စောင်း"ပါ။ အပိုင်း(၁၁)ရှိပါတယ်။အမြည်းသဘော
မျိုးအနေနဲ့ အပိုင်း၁ကိုတင်ဆက်ပေးလိုက်ပါတယ်။




ဗမာ့စောင်း ဇာတ်ကားအပိုင်းခွဲများကြည့်ရန် နေရာ။

No comments:

Post a Comment