Friday, October 15, 2010

. .

မြန်မာတွေ မလေးရှားလာရင် ရှောင်ရမယ့်စက်ရုံ

စက်ရုံလိပ်စာ။ ။ NG KEE COLD STORAGE SDN / BHD
NG KEE FROZEN FOOD DISTRIBUTORS
LOT 729 , BATU 2- 1/2 . JALAN SUNGAI RASA
PADANG JAWA KLANG 41300 SELANGOR
DARUL EHSAN MALAYSIA .


စက်ရုံလိပ်စာကို အနီးကပ်ဓာတ်ပုံ ရိုက်ယူစဉ်က။

အခုတင်ပြတဲ့သတင်းက အောင်နိုင်သူ့အီးမေးထဲက တဆင့်ရတာပါ။(ဧဒင်ဥယျာဉ်ထဲကပါ။မူရင်းစာကိုပြန်ပြင်ဖြည့်စွက်ထားပေးပါတယ်)အဲဒီစက်ရုံက မြန်မာတွေကသူတို့လိုမဖြစ်အောင် အားလုံးကိုပြောပေးပါဆိုလို့ အောင်နိုင်သူ့ဘလောက်မှာ သတင်းတင်လိုက်တာပါ။ မြန်မာပြည်ကနေ မလေးရှာကိုလာဖို့စီစဉ်နေတဲ့သူတွေနဲ့ မလေးရှားမှာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေ
အားလုံးကို အသိပေးတာပါ။နှစ်ဖက်စလုံးကမြန်မာတွေအားလုံးသိထားတော့ ဒီစက်ရုံကိုရှောင်လို့ရတာပေါ့။အေးဂျင့်တွေပြောတုန်းကတော့( အအေးခန်းစက်ရုံထဲမှာ သက်သောင့်သက်သာနဲ့
ကွန်တိန်နာကားရောက်လာရင်ပစ္စည်းလေးတွေတင်ပေးချပေးလိုက်ယုံပဲ။သူများစက်ရုံတွေလို အချိန်ပိုတွေလည်း လုပ်စရာမလိုဘူး။အလုပ်ပြီးတာနဲ့ ကိုယ့်နိုင်ငံလို သူငယ်ချင်းတွေစုပြီးပျော်ပျော်ပါးပါးနဲ့
ချက်ပြုတ်စားသောက်ရမယ်။တခြားစက်ရုံတွေလိုနံရံတွေမလုံတာတို့ အမိုးမလုံတာတို့လည်းမရှိဘူး။အေးအေး
ဆေးဆေးနဲ့တလကို မြန်မာငွေ၂သိန်းလောက် မြန်မာပြည်ကိုအသာလေးလွှဲလို့ရတယ်။ဒီလောက်ကောင်းတဲ့
စက်ရုံမျိုး တခြားဘယ်အေးဂျင့်မှတောင်မသိသေးဘူး။ကံကောင်းလို့ ဒီလိုနေရာမျိုး ရတာ။စိတ်ကူးမလွှဲကြနဲ့။
လူဦးရေအကန့်အသတ်နဲ့ခေါ်တာမို့ စဉ်းစားမနေနဲ့တော့။)ရွှန်းရွှန်းဝေနေပေါ့။တကယ်နဖူးတွေ့ဒူးတွေ့လည်းကျ
အလိမ်ခံရမှန်းသိတော့တယ်။ ကွန်တိန်နာတခါချရင် သယ်ရတွေကနည်းနည်းနောနောမဟုတ်ပါ။အထုပ်တစ်ထုပ်ကီလို ၃၀ဆိုတာ အနည်းဆုံးပါ။အမြဲတမ်းသယ်ရတာက ကီလို၃၀၊ကီလို၄၀အိပ်တွေနဲ့ကီလို ၅၀အိပ်တွေပါ။ရတော့လစာက
မလေးရှားရင်းဂစ် ၆၅၀ ထဲပါ။နေရတာက ကွန်တိန်နာတွေထဲမှာ ။နံရံတွေလုံ၊အမိုးတွေလုံသလားမမေးနဲ့ အပြင်ကိုဘာမှမမြင်ရဘူး။ကိုယ်ထမင်းကိုယ်စား ဆိုတော့ စားစရိတ်နုတ်လိုက်ရင် ၄၅၀ကျော်လောက်ပဲ ကျန်ပါတယ်။ဒီကြားထဲ အိမ်နဲ့ သူငယ်ချင်းတွေဆီ ဖုန်းခေါ်ဖို့ဖုန်းဖိုး တလကို အနည်းဆုံးရင်းဂစ်၁၀၀ လောက်တော့ကုန်ပါတယ်။ပြီးပြီးလို့တော့မထင်လိုက်ပါနဲ့။ဆေးလိပ်ဖိုး၊ကွမ်းယာဖိုး၊အ၀တ်လျှော်ဖို့ ဆပ်ပြာ၊ကိုယ်တိုက်ဖို့အတွက်ဆပ်ပြာ၊အမွှေးနံ့သာစတာတွေ ၀ယ်ဖို့အတွက်ကရင်းဂစ်၁၀၀လောက်အသာလေးပါပဲ။အားလုံးလည်း နုတ်လိုက်ရောရင်းဂစ်၂၅၀ ကျော်လောက်ပဲကျန်တယ်။မြန်မာငွေဈေးနဲ့တွက်ရင်း ၁သိန်းတောင်မရဘူး။(ကဲ...လာချင်အုံးဟဲ မလေးရှား)
*****ကျေးဇူးပြုပြီး ဒီသတင်းလေးကို သူငယ်ချင်းတွေအားလုံးကို ဖြန့်ပေးပါ။*****

ထိုသို့သော အိတ်များကို နေ့စဉ်ဆိုသလို သယ်ကြရပါသည်။


ကီလို 40 အလေးချိန်ရှိသော ကုန်များကိုပင်ပန်းကြီးစွာဖြင့်နေ့စဉ် သယ်ရ။

ကီလို 30 လေးသော ထောပတ်တုံးများထည့်သည့် ဘောက်များကို သယ်ယူနေစဉ်။

ထိုစက်ရုံတွင် အလုပ်လုပ်နေသောသနားစရာ မြန်မာနိုင်ငံသားများ။

စက်ရုံ၏ကုန်တင်ကုန်ချ လုပ်သောနေရာ။

No comments:

Post a Comment