Sunday, October 17, 2010

. .

မလေးရှားရောက်မြန်မာတစ်ယောက် အကြောင်း

***ယခု အောင်နိုင်သူ တင်ပြသော အကြောင်းအရာမှာ ရေးသူ၏မူရင်းစာအတိုင်းဖော်ပြပေးခြင်းဖြစ်ပါသည်။***

အမည် --------------- -----ရွှေရန်အေး
နိုင်ငံကူးလက်မှတ် နံပါတ်-----၉၈၃၀၀၂

ကျွန်တော် ၁၀-၁၀-၂၀၀၇ မှာမလေးရှားကိုစရောက်ပါတယ်။မလ္လကာမြို့၊တမန်မာဒေးကား ရပ်ကွက်ရှိ
ဆာဆပ်(စ်)စက်ရုံတွင် ၁၆-၁၀-၂၀၀၇ ရက်နေ့တွင်အလုပ်စတင်၍ဆင်းရပါသည်။ တစ်နှစ်ပြည့်တဲ့အထိလစာငွေကိုတိုးပေးခြင်းမရှိ၍ သူဌေးထံတောင်းဆိုရာ သူဌေးနှင့်စကားများ၍ ကျွန်တော်တို့အလုပ်သမား၅ယောက်ကို အေးဂျင့်မှတခြားအလုပ်သို့ ပြောင်းပေးပါသည်။ထိုနောက် ကားစက်ပစ္စည်းအစိတ်အပိုင်းများ ဖြတ်တောက်ရောင်းချသော အလုပ်ရုံသို့ပြောင်းပေးပါသည်။ထိုစက်ရုံ၌
အလုပ်လုပ်ရာ လကုန်ပြီးသည့်အထိလစာမရ၍ အလုပ်ရှင်အားမေးသောအခါ အေးဂျင့်မှ အလုပ်ပြောင်းပေးခ
အဖြစ် တစ်ယောက်ကို ရင်းဂစ်၁၀၀၀ဖြတ်သည်ဟုသိရပါသည်။ပထမနှစ်တွင် လဲဗီးကြေးအဖြစ် လစဉ်တလကို ရင်းဂစ်၁၀၀ဖြတ်ပါသည်။ ၁၁-၉-၂၀၀၈ ရက်နေ့တွင် သူဌေးမှ မာစီဒီးကားအင်္ဂျင်မှ ဖလှိုင်းဝီးအပြားကိုဖြုတ်ခိုင်း
သဖြင့် ကျွန်တော်ဖြုတ်နေပါသည်။ထိုစဉ် အရက်မူးနေသော သူဌေး၏ယောက်ဖဖြစ်သူ ရောက်လာ၍ ကျွန်တော်အား နှောက်ယှက်ပါသည်။ဖော့ကလစ်ကားဖြင့် အင်ဂျင်တုံးအား အတင်းဆွဲမပါသည်။ကျွန်တော်က မလုပ်ရန်ပြောသောအခါ သူဌေးယောက်ဖမှ ဂရုမစိုက်ဘဲ အတင်းဆွဲမလိုက်သဖြင့် အင်ဂျင်တုံးမှာ ယိုင်၍
ကျွန်တော်လက်ပေါ်လဲကျပါသည်။ကျွန်တော်ရှောင်လိုက်သော်လည်း လက်မမှာအင်ဂျင်တုံးအောက်တွင် ညှပ်၍ပိနေပါသည်။ကျွန်တော်မှာ အမြန်ဖယ်ရှားပေးဖို့အော်မှ လက်မမှာ လွှတ်မြောက်သွားသော်လည်း
လက်မတစ်ခုလုံးပြားသွားပါသည်။ကျွန်တော်က ဒဏ်ရာရသော လက်အားကျန်လက်တစ်ဖက်ဖြင့် အုပ်၍ဆေးရုံပို့ပေးပါရန်ပြောသော်လည်း ၎င်းက မသိချင်ယောင်ဆောင်နေပါသည်။
ကျွန်တော်လည်း သူဌေးရုံခန်းထဲသို့ ပြေးသွား၍ အကျိုးအကြောင်းပြောပြရာ သူဌေးမှ ဆေးရုံသွားရန်ပြောပါသည်။သူကတော့ အလုပ်မအား၍ လိုက်မပို့ပါဟုပြောပါသည်။ကျွန်တော် အလုပ်လုပ်သောနေရာနှင့် ဆေးရုံမှာ အလွန်ဝေးပါသည်။ကျွန်တော်ကလိုက်ပို့ပေးပါရန်တောင်းဆိုသောအခါ
အပြင်သွားနေသော ၎င်း၏သားပြန်လာလျှင် လိုက်ပို့ပေးမည်ဟုပြောပါသည်။ ကျွန်တော်မှာ ဒဏ်ရာအလွန်နာကျင်နေလျက်နှင့် စောင့်နေရပါသည်။ ၁နာရီလောက်ကြာမှ သူဌေး၏သားပြန်ရောက်လာပါ
သည်။ထိုအခါမှဆေးရုံသို့သွားရပါသည်။ ဆရာဝန်မှ ဆေးရုံတက်ရမည်ဆို၍ ဆေးရုံ၌၂ရက်ခန့်နေရပါသည်။
၁၃ရက် ၉လပိုင်း ၂၀၀၈တွင် ဆေးရုံမှဆင်းရပါသည်။အေးဂျင့်မှ ဆေးရုံစာရွက်စာတန်းများ လာယူပါသည်။
ကျွန်တော့်အတွက် လျှော်ကြေးရရန်အတွက်ဟုပြော၍ လက်မှတ်များလည်း ထိုးခိုင်းပါသည်။ ကျွန်တော်က နားမလည်၍ မထိုးပေးဟုပြောသောအခါ မြန်မာပြည်သို့ ပြန်ခိုင်းပါသည်။လေယာဉ်လက်မှတ်ဖိုး အိမ်မှတောင်းခိုင်းပါသည်။
ကျွန်တော်မှာ လက်မှတ်ထိုးပေးလိုက်ရပါသည်။ပါမစ်သက်တမ်းတိုးရန်အတွက် တလ ရင်းဂစ်၃၀၀
နှင့် လဲဗီးကြေးအတွက်တလ ရင်းဂစ် ၁၅၀ ဖြတ်ပါသည်။ကျွန်တော်မှာလည်း လက်ကနာသဖြင့် အလုပ်သိပ်မ
လုပ်နိုင်ပါ။အလုပ်ရှင်မှ ကျွန်တော့်အား အလုပ်မလုပ်လျှင် လစာမပေးဟုဆိုပါသည်။တစ်ဖက်နာလျှင် နောက်တစ်ဖက်နှင့် လုပ်ပါဟုခိုင်းပါသည်။ကျွန်တော်မှာလည်း လက်နာလျက်အလုပ်လုပ်ရပါသည်။ကျွန်တော်၏အနာမှာ ချုပ်ရိုးဖြေပြီးသော်လည်းအနာမကျက်သေးပါ။
ကားဖြတ်သောအခါ သံတူရွင်းနှင့် အလူမီနီယံ အပြားများ၊အမိုးများ၊ကြမ်းခင်းပြားများအားထိုးခွာရပါသည်။
ကားဘီးမူလီများမှာလည်း စက်နှင့်ဖြုတ်မရလျှင် တူကြီးများနှင့်ထု၍ဖြုတ်ရပါသည်။သစ်သားတန်းများအား
လည်းတူကြီးများနှင့်ဖြုတ်ရပါသည်။ကျွန်တော်ရဲ့လက်မှ အရိုးအစအနများလည်းထွက်ထွက်လာပါသည်။
အနာမှာလည်း ပြည်တည်၍ပြည်များထွက်ပါသည်။
ကျွန်တော်မှ သူဌေးကိုပြောပြရာ သူဌေးမှ မင်းမလုပ်နိုင်လျှင်ထွက်ဟု ပြောပါသည်။အေးဂျင့်ကိုလည်း ပြောပြရာ ၎င်းကအလုပ်ပြောင်းချင်လျှင် ရင်းဂစ်၁၀၀၀ပေးဟုပြောပါသည်။
ကျွန်တော်မှာ စိတ်ညစ်ညစ်ဖြင့် သူငယ်ချင်းတွေနှင့် တိုင်ပင်ရာ သူငယ်ချင်းတစ်ဦးမှ မလေးရှားရှိ မျိုးချစ်လူငယ်များအဖွဲ့မှ အပတ်စဉ်အခမဲ့ဖြန့်ဝေသော မျိုးချစ်စာစောင်အားယူလာပြပါသည်။ကျွန်တော်လည်း
မျိုးချစ်စာစောင် ဖတ်၍၎င်းစာစောင်အားထုတ်ဝေသူများကိုအကူအညီတောင်းရန်စိတ်ကူး၍ စာစောင်အတွင်းမှပါသော ကိုအောင်နိုင်သူ၏ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါသည်။ကိုအောင်နိုင်သူမှ ကျွန်တော်အား အလုပ်သမားအဖွဲ့အစည်းမှ ကိုရန်နိုင်ထွန်း ဖုန်းနံပါတ်နှင့် မလေးရှားNLD မှ ကိုကျော်ကျော်
တို့၏ဖုန်းနံပါတ်များပေး၍ ဆက်သွယ်ခိုင်းပါသည်။၎င်းအဖွဲ့များမှ ကျွန်တော့်အား သူတို့ တတ်နိုင်သလောက်ဝိုင်းဝန်းကူညီကြပါသည်။ ကိုရန်နိုင်ထွန်း အဖွဲ့အစည်းမှ ကိုဇေယျာလင်းမှ SUHAKANရုံး
သို့လိုက်ပို့ပေးပါသည်။
မလ္လကာမြို့ရှိ အလုပ်သမားရုံးမှ၂၀-၈-၂၀၁၀ရက်နေ့တွင် လျော်ကြေးမလေးရှားရင်းဂစ်
၇၇၃၆ ရမည်ဟုပြော၍မိတ္တူနှစ်စောင်ပေးပြီးကျွန်တော်တစ်စောင်ယူ၊အေးဂျင့်ကိုတစ်စောင်ပေးလိုက်ဟုပြောပြ
သည်။ကျွန်တော်သွားပို့သောအခါ အေးဂျင့်မှ ကျွန်တော်အားလက်မှတ်အတင်းထိုးခိုင်းပါသည်။ကျွန်တော်က နားမလည်၍ မြန်မာလိုရေးခိုင်းရာ ကျွန်တော်အားရိုင်းရိုင်းစိုင်းစိုင်း ဆဲ၍ လက်မှတ်မထိုးပေးလျင် ဘာမှမလုပ်ပေးနိုင်ဘူး၊တိုင်ချင်ရာတိုင်လို့ပြောပါသည်။
အခုကျွန်တော့်ပါမစ် သက်တမ်းကုန်ရန် (၁)လသာလိုပါတော့သည်။အလုပ်မရှိသည်မှာ ၄လကျော်သွားပါပြီး။ကျွန်တော်၏ဇနီးနှင့် သမီးကိုလည်း ပိုက်ဆံမပို့နိုင်ပါ။ယခုကိုအောင်နိုင်သူသို့အကူအညီ
တောင်း၍နေရပါသည်။
အားလုံးလည်းသိနိုင်ပါစေ။ကျွန်တော့်ကဲ့သို့မဖြစ်အောင်ကြိုးစားကြပါ။
ရွှေရန်အေး----၀၀၆၀-၁၇၆၅၄၉၆၉၃

***(နောက်ဆက်တွဲ--------------------------ယခု ကိုရွှေရန်အေးအား အောင်နိုင်သူမှ အိမ်ဌား၍နေထိုင်လို့ရသောနေရာတွင် နေဖို့စီစဉ်ပေးသည်။
လတ်တလော သူနှင့်သင့်လျှော်သောအလုပ်တစ်ခုကို ရှာပေးထားသည်။ပါမစ်ကို စိတ်ချရသောအေးဂျင့်
အကူအညီဖြင့် ပါမစ်သက်တမ်းတိုးထားပါသည်။ပါမစ်ရရန်၁ပတ်သာလိုတော့သည်။ပါမစ်ရသည်နှင့်
ကိုရွှေရန်အေး၏ လျော်ကြေးငွေ ပြန်ရရန် အားလုံးစီစဉ်ပြီးပါပြီး။)***

1 comment:

Unknown said...

အကို....ညီကို ကူညီပေးပါလားဗျာ.....ညီက အရင် အလုပ်မှာ မပျော်တော့လို့ over stay ဖြစ်ခဲ့သူပါ.... ညီသူ တို့ အကြွေးကို လည်း ကြေလည်အောင် ပေးပြီး ခဲ့ပါပြီ.....အခု passport စာအုပ် အသစ်လုပ် ခြင်ပေမဲ့ လည်း လက်ဗွေ နှိပ်ထားတဲ့ စာရွက်ကို အရင် အေးဂျင့် က မပေးခဲ့လို့ စာအုပ် လုပ်ထပ်လုပ် လို့ လည်းမရတော့ပါဘူး..... အခုအဆင်ပြေတယ်လို့ ပြောရပေမဲ့ ကျီးလန့် စာစား ဖြစ်နေရပါတယ်.....ကျနော် အဖမ်းခံရရင် အိမ်က အမေအို ကြီးနဲ့ အဖေတို့ ဒုက္ခရောက်မှာစိုး လို့ပါ.....အခု သူဌေးကလည်း ဘာမှ မလုပ်ပေးနိုင်ပါ..........ညီ မြန်မာပြည်ကို မပြန်ခြင်သေးပါ.....ညီ အတွက် un card တို့ nld card တို့ ရဖို့ အလွန်အရေးကြီးနေပါတယ်အကို......ဘယ်သူ့ ကို ဆက်သွယ်ရမှန်းလဲ မသိလို့ပါ အကို......ဖြစ်နိုင်ရင် ကူညီပေးပါနော်....အခု အိမ်ထဲ ကအိမ်ပြင် တောင် မထွက်ရဲပါဘူး.......ညီအသနားခံတာပါ ,,,,ညီက ရိုးရိုးသားသား လူငယ်တစ်ယောက်ပါ....အကြောငးမသင့် လို့ အခုလို ဖြစ်ခဲ့တာပါ.....ညီကို ဆက်သွယ်ပေးပါနော်.....ညီ email က pyithein481@gmail.com ပါ......လေးစားစွာဖြင်ါ

Post a Comment