Wednesday, October 13, 2010

. .

ချီလီသတ္တုမိုင်းတွင်းကယ်ဆယ်မှု့အခြေအနေ


မြေအောက်မိုင်းတွင်းထဲတွင် ဆေးဝန်ထမ်းမှ မိုင်းလုပ်သားများ
ကို စကားပြောနေစဉ်။


အခြေအနေ စောင့်ကြည့်နေကြစဉ်။



ကယ်ဆယ်ရေးသံခြင်းအိမ်အား မြေအောက်ထဲသို့ချပေးနေစဉ်။

လွှတ်မြောက်လာသူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးနေစဉ်။

မြေအောက်မိုင်းတွင်းမှ လွှတ်မြောက်လာသော မိုင်းလုပ်သားတစ်ဦး
၏ပျော်ရွှင်နေပုံနှင့်ကယ်ဆယ်ရေးဝန်ထမ်းများကကြိုဆိုနေပုံ။

လွှတ်မြောက်လာသော မိုင်းလုပ်သားအား ၀ိုင်းကူနေစဉ်။

မိုင်းလုပ်သားများဘေးကင်းရန်ဆုတောင်းနေသော ချှီလီပြည်သူတစ်ဦး။

သံခြင်းအိမ်အတွင်းမှ မိုင်းလုပ်သားအား ၀ိုင်းဝန်းထုတ်ပေးနေစဉ်။

လွှတ်မြောက်လာသူတစ်ဦး၏ ၀မ်းမြောက်မှု့။

လွှတ်မြောက်လာသူတစ်ဦး၏ ၀မ်းမြောက်ပျော်ရွှင်မှူ့။

ချီလီပြည်သူတစ်ဦး၏ ၀မ်းနည်းပူဆွေးမှူ့။

စမ်းသပ်စစ်ဆေးနေစဉ်။

ချီလီမိုင်းတွင်းလုပ်သား၃၃ဦးထဲမှ တစ်ဦးထဲသောနိုင်ငံခြားသား ဘိုလီးဗီးယား နိုင်ငံ
သားလွှတ်မြောက်လာမှု့ကို ၀မ်းသာအားရ၀ိုင်းဝန်းကြိုဆိုနေကြစဉ်။
အောင်နိုင်သူ - ၁၃ရက်၊အောက်တိုဘာ၂၀၁၀

ချီလီသတ္တုမိုင်းအတွင်းမြေအောက်၌ ရက်ပေါင်း ၆၉ ရက်ကြာ ပိတ်မိနေသော မိုင်းလုပ်သား၃၃ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ စတင်ကယ်ဆယ်ရာ လတ်တလောတွင် မိုင်းတွင်းလုပ်သား ၁၄ ဦးအား ကယ်ဆယ်ပြီးဖြစ်ပါသည်။ ကျန်ရှိနေသေးသော မိုင်းလုပ်သား ၁၉ ဦးအားလည်းအမြန်ဆုံးကယ်ဆယ်နိုင်
်ရန် ကြိုးပမ်းလျက် ရှိပါသည်။
မြေမျက်နှာပြင်အောက် အနက်ပေပေါင်း ၂၀၄၁ ပေတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာ
တွင် အခြေအနေအကြောင်းကြောင်းကြောင့် ယနေ့နံနက် ၀၀း၁၁ မိနစ်မှစတင်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြရသည်။ ထိုသို့ကယ်ဆယ်ရာတွင်တစ်ခေါက်လျှင် လူတစ်ဦးသာမတ်တပ်ရပ် လိုက်ပါတင်ဆောင်
နိုင်သော စက်သီးကြိုးဆွဲ သံခြင်းအိမ် ကလေးကို အသုံးပြု၍ကယ်ဆယ်ရပါသည်။ရှေးဦးစွာ ထိုသံခြင်းအိမ်ထဲ
တွင် ဆေးဝန်ထမ်းတစ်ဦး မြေအောက်သို့ လိုက်ပါသွားပြီး မိုင်းလုပ်သားများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေး၍ မည်သူအရင်ဦးစွာ လိုက်ပါရမည်ကို စီစဉ်ပေးမည်ဖြစ်ပါသည်။
ထိုကယ်ဆယ်ရေး လုပ်ငန်းသို့ပိတ်မိနေသော မိုင်းလုပ်သားများ၏မိသားစုများ၊ ချီလီပြည်သူများနှင့် ချီလီသမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။ကမ္ဘာတလွှားမှ ရောက်ရှိလာသော သတင်းထောက်ပေါင်း ၁၀၀၀ကျော်ကလည်း သတင်းရယူ၍ တကမ္ဘာလုံးသို့အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန်ကြိုးစားသတင်းယူလျက်ရှိပါသည်။
(ယခုသတင်းရေးနေစဉ်တွင် ၁၅ဦးမြောက် မိုင်းလုပ်သားကို ကယ်ဆယ်လျက်ရှိပါသည်။)ကျန်ရှိနေသေးသော မိုင်းလုပ်သားများလည်း ဘေးကင်းစွာဖြင့် မြေပြင်ပေါ်သို့ရောက်ရှိပါစေလို့ဆုတောင်းလျက်။ ။အောင်နိုင်သူ

1 comment:

Unknown said...

i really appreciate for the news...

Post a Comment