Tuesday, October 12, 2010

. .

သင့်ဘက် ပါအောင် လုပ်ရန် နည်း ၁၂ နည်း


ဥပဒေသ အမှတ် ၁ ။ ။ တစ်ဖတ်သားကို မိမိဘက်သို့ ပါအောင်လုပ်ရန် အတွက် အကောင်းဆုံးသော နည်းတစ်သည် ငြင်းခုံခြင်းကို ရှောင်ရှားပါ။

ဥပဒေသ အမှတ် ၂ ။ ။ တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ ။ လူတစ်ယောက်အားမှားသည်ဟု ဘယ်သောအခါမှ မပြောလေနှင့်။

ဥပဒေသ အမှတ် ၃ ။ ။ အကယ်၍ သင်သည်မှားခဲ့ပါလျှင် ထိုအမှားကို လျှင်လျှင်မြန်မြန်နှင့် လေးလေးနက် နက် ၀န်ခံပါ။

ဥပဒေသ အမှတ် ၄ ။ ။ ချိုချိုသာသာ နှင့် စပါ ။

ဥပဒေသ အမှတ် ၅ ။ ။ တစ်ဖက်သား အလျှင်အမြန် “ အင်း ” လိုက်အောင် ကြိုးစားပါ။

ဥပဒေသ အမှတ် ၆ ။ ။ တစ်ဖက်သားကို သူပြောချင်တာ ၀ အောင်ပြောပါစေ။

ဥပဒေသ အမှတ် ၇ ။ ။ တစ်ဖက်သားအား ပေးအပ်သောအကြံသည် သူ၏ အကြံသာဖြစ်သည်ဟု
အထင်ရောက်နေပါစေ။

ဥပဒေသ အမှတ် ၈ ။ ။ တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ ။

ဥပဒေသ အမှတ် ၉ ။ ။ တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့ နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ။

ဥပဒေသ အမှတ် ၁၀ ။ ။ မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင်လုပ်ပေးပါ။

ဥပဒေသ အမှတ် ၁၁ ။ ။ သင်၏အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ် အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။

ဥပဒေသ အမှတ် ၁၂။ ။ သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။

ဒေးလ် ကာနက်ဂျီ
How To Win Friends And Influence People

No comments:

Post a Comment