
သေဆုံးသွားသော သူနာပြုဆရာမ၏ပုံ

အခင်းဖြစ်ပွားရာနေရာအား ရဲများမှစစ်ဆေးနေစဉ်

အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျရဲများမှ သဲလွန်စရှာဖွေနေပုံ
သတင်း-အောင်နိုင်သူ( အောက်တိုဘာ ၁၄ရက်နေ့၂၀၁၀၊)
မလေးရှားနိုင်ငံ၌ အောက်တိုဘာ၉ရက်နေ့ညနေ ၅နာရီခန့်က ပျောက်ဆုံးသွားသော အသက်၃၉နှစ်အရွယ် သူနာပြုဆရာမတစ်ဦး၏အလောင်းကို အောက်တိုဘာ ၁၂ရက်နေ့ မနက်၁၁း၄၀ မိနစ်တွင် ရေမြောင်းတစ်ခုအတွင်းမှ ရှာဖွေတွေရှိခဲ့ပါသည်။၎င်းမိခင်၏ပြောဆိုချက်အရ စနေနေ့ည၇နာရီခွဲတွင်ဖုန်းခေါ်ဆိုရာ ခေါ်ဆို၍မရဘဲ သေဆုံးသူ၏ဖုန်းသည် ပိတ်ထားသည်ဟုသိရပါသည်။စတင်တွေ့ရှိစဉ်က ခန္ဓာကိုယ်အထက်ပိုင်း၌သာ အ၀တ်အစားရှိ ၍သူမ၏ဦးခေါင်းတွင်လည်း ဒဏ်ရာရလျက် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းရဲဝန်ထမ်းများ၏ပြောပြပါသည်။
တာဝန်ရှိသူများမှ ထိုအမှုကို လိုက်လံစုံစမ်းလျက်ရှိပါသည်။
No comments:
Post a Comment