Saturday, October 2, 2010

. .

UNHCR-Malaysia ရဲ့ လျစ်လျူရှုမှုကြောင့် ဒုက္ခရောက်နေရတဲ့ ကလေးငယ်နှင့်မိခင် (အသံဖိုင်)


ကိုသန်းထွဋ်ခိုင်၏ UNHCR အထောက်အထားစာရွက်

အသံဖိုင်ကိုဒေါင်းလုပ်လုပ်၍နားထောင်ရန်

from Mediafire
from Fileden
from 4shared

အထက်ပါ အသံဖိုင်မှာ UNHCR-Malaysia ၏အထောက်အထားမှတ်ပုံတင်စာရွက်ရရှိထားပြီး နှစ်လနီးပါးဖမ်းဆီးခံထားရသည့် ကိုသန်းထွဋ်ခိုင်၏ဇနီး မဇင်မာခိုင်အား မေးမြန်းထားသည့်အသံဖိုင်ဖြစ်ပါသည်။ မဇင်မာခိုင်သည် ၄င်း၏အမျိုးသားအဖမ်းခံရပြီးနောက်ပိုင်း လူမမယ်သားလေးတဦးနှင့် မည်သည့်အလုပ်မှမလုပ်နိုင်ဘဲ မလေးရှားတွင်ဒုက္ခရောက်လျက်ရှိပါသည်။ UNHCR-Malaysia ရုံးသို့ နှစ်လအတွင်း သုံးကြိမ်သွားရောက်၍ သူမ၏အမျိုးသားလွတ်မြောက်ရေးအတွက် အကူအညီတောင်းခံခဲ့ပါသော်လည်း မည်သည့်အကူအညီမှမရရှိခဲ့ပါ။ (UNHCR-Malaysia သည် ၄င်းနှင့်အကြောင်းအပေါင်းသင့်သော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖမ်းဆီးခံရပါက တပတ်အတွင်းလွတ်အောင် ဆောင်ရွက်ပေးသော်လည်း ယခုကဲ့သို့ အမှန်တကယ်ဒုက္ခရောက်နေသူများအား လျစ်လျူရှုထားသည့်အဖြစ်အပျက်များ အများအပြားရှိပါသည်။)

အသံဖိုင်နှင့်ကိုသန်းထွဋ်ခိုင်၏အချက်အလက်များအားလုံးကို UNHCR-Malaysia ၏ဌာနအသီးသီးသို့ပေးပို့ထားပြီးဖြစ်ပါသည်။ UNHCR-Malaysia နှင့်နီးစပ်သူများသည် မဇင်မာခိုင်နှင့် လူမမယ်ကလေးငယ်ကို ကူညီသောအားဖြင့် ၄င်း၏အမျိုးသားပြန်လည်လွတ်မြောက်စေရန်အတွက် UNHCR-Malaysia အား အထက်ပါကိစ္စကို ထပ်မံတင်ပြပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Than Htut Khaing သည်ယခုအခါ KLIA Camp, Subang, Malaysia တွင်ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ၄င်း၏ Camp Body No. မှာ 1668 ဖြစ်ပါသည်။

မဇင်မာခိုင်အား အကူအညီပေးလိုသူများနှင့် အဖြစ်အပျက်များကို အသေးစိတ်သိလိုသူများ မောင်ပါလ (017 299 6989) သို့လည်းကောင်း၊ မဇင်မာခိုင် (012 597 0396) သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment