Wednesday, November 10, 2010

. .

အေးဂျင့်၏ယုတ်မာမှုကြောင့် မလေးရှားမှာ ဒုက္ခရောက်နေသော မြန်မာမလေး


အေးဂျင့်၏အလိမ်လည်ခံခဲ့ရသော မယု။

( ယခုအောက်တွင်ဖော်ပြသော အကြောင်းအရာမှာ ကာယကံရှင်မိန်းကလေး ကိုယ်တိုင်ရေးသား
ထားခြင်းဖြစ်ပါသည်။အောင်နိုင်သူအနေဖြင့် တစုံတရာ ပြန်လည်ဖြည့်စွက်ခြင်း၊ပြောင်းရေးထားခြင်းမရှိပါ။)




အေးဂျင့် အလိမ်ခံသော ကာယကံရှင် မယု။

မြန်မာနိုင်ငံ၌ ပထမဆုံး အလုပ်စအပ်ရန် စရံငွေ ၂သိန်းပေးခဲ့...သူပြောတော့ phone စက်ရုံ......
လစာ ၇၅၀ ရှာအာလန်းမြို့တွင် အလုပ်ရမည်။စာအုပ်လုပ်ရန် စာရွက်စာတမ်းများသူကိုပေးရသည်။ မှတ်ပုံတင်
မိတ္တူ...သန်းခေါင်စာရင်း...ပေးရ၊စာအုပ်လုပ်ရင် ၂ ရက်လိုက်ရတယ်ပြောတယ်။ဒါပေမယ့် ခဏ၊ခဏသွားလိုက်
ပြန်လိုက်နဲ့ ၅ ရက်လောက်သွားရတယ်။သူကမလိုက်ဘူး၊ကိုယ့်စရိတ်နဲ့ ကိုသွားရတယ်။နောက်ပြီး ပုံစံ ၁၇ ကိုယ့်ဘာသာလုပ်ရတယ်။ ပုံစံ ၁၉ ကိုယ့်ဘာသာ လုပ်ရတယ်။ စာအုပ်မိတ္တူရဖို့ ၂ ပတ်လောက်စောင့်ရတယ်။
ရပြီးတော့ စက်ရုံကို တင်ထားတယ်။(၂.၁၀.၂၀၁၀)စာအုပ်ရ။ ၁၃.၁၀.၂၀၁၀ calling ကျ၊နောက်ပြီး ၃ ပတ်လောက် စောင့်လိုက်ရတယ်။ပြီးတော့ ၂.၁၁.၂၀၁၀ ရက်နေ့ သွားရမယ်ပြောတယ်။မနက် ၇:၀၀ နာရီ
လေယာဉ်နဲ့ မသွားခင်သူဆီကိုလာခဲ့ပါတဲ့ပြောတော့ ...နယ်ကနေသွားရတယ်။ဟိုရောက်တော့ သူမရှိဘူး။
ရှောင်နေတယ် သူ့မိန်းမဘဲ ရှိတယ်။ ကျွန်မက စိတ်ပူလာတယ်။ အခြေအနေတွေ ပြောင်းမယ်လို့ စိတ်ကထင်
လာတယ်။သူမိန်းမက စိတ်မပူနဲ့ ဆိုလို့ ပြန်သွားတယ်။သွားလို့ဘယ်လောက်မှ မကြာဘူး နယ်ကိုဖုန်းဝင်လာ
တယ်။ ရက်ရွေ့လိုက်ပြီးတဲ့၊မိန်းကလေးတွေကို ပို့လို့မရတော့ဘူးတဲ့။ အဲဒီအတွက်သူက နေပြည်တော် သွားရတယ်။ သွားရဖို့အတွက် အမျိုးသမိးရေးရာနဲ့ နောက်ဝန်ကြီးလက်မှတ် စောင့်ရတယ်။ကျမက စိတ်ပူတော့ ခဏ၊ခဏ ဖုန်းလှမ်းဆက်တယ်။သူက ကျမကိုတောင် ဆူလိုက်သေးတယ်။သူကိုမယုံဘူးလား..ပြီးတော့ မယုက
တော်တော်ပြောရခက်တာဘဲတဲ့။ကျမကပြောတာ ရွေးကောက်ပွဲကြောင့်လားလို့ ပြောတော့ ဘာမှမဆိုင်ဘူးတဲ့။
ဒါပေမယ့် သူလိမ်နေတာသိတယ်။ရွေးကောက်ပွဲပြီးမှ စနေနေ့သွားရမယ်တဲ့..ဖြစ်ရော။



ဒီဇင်ဘာလ ၇ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်၍ တရားဝင်နေထိုင်ခွင့် ကာလမှာရက်ပေါင်း ၂၆ ရက်သာ
ကျန်တော့သည်။

..အော်..ကျန်ခဲ့တယ်။
calling ကျတော့ ကျမနဲ့ အမေနဲ့ သူကို ကျန်တဲ့ ပိုက်ဆံ ၈ သိန်း သွားပေးတယ်။နောက်ပြီး လေဆိပ်ဝင်ဖို့ ပိုက်ဆံ
၁သောင်းတောင်းတယ်။ စာရွက်မှာ နိုင်ငံခြားကို မည်သူတစ်ဦးတစ်ယောက်မှ တိုက်တွန်းဆန္ဒမပါဘဲ သွား
ရောက်ကြောင်း လက်မှတ်ရေးထိုးရတယ်..အမေလည်းသိရှိကြောင်း လက်မှတ်ထိုးရတယ်။ ကျမ အမေက
ရိုးသားတယ်။ပညာသိပ်မတတ်တော့ နားမလည်ဘူး။နောက်တော့ တနင်္လာနေ့ သေချာသွားပြီးတဲ့ ၁၁:၁၅ လေယာဉ်နဲ့တဲ့။အဲဒီနေ့မှာ သွားတော့ သူတူမနဲ့ နှစ်ယောက် အလုပ်ပြောင်းသွားပြီးတဲ့ ။မလေးရှားမှာရှိတဲ့ Dr.အောင်သူရဲ့ဆိုင်မှာ လုပ်ရမယ်တဲ့ပြောတယ်။





မယု၏နိုင်ငံကူးလက်မှတ် အတွင်းပိုင်းမြင်ကွင်း။

ဟိုရောက်တော့ လေယာဉ်အချိန်ပြောင်းသွားတယ်။ညနေ ၅:၁၀ မိနစ်မှာ ထွက်ရတယ်။တနေကုန် လေယာဉ်ကွင်းထဲမှာ နေရတယ်။မလေး လေဆိပ်ရောက်တော့ ၉နာရီရှိ
နေပြီး၊လေဆိပ်မှာလာကြိုလိမ့်မယ်တဲ့ ၊လ.၀.က လူကြီးတဲ့ လာကြိုမှာ ။ဟိုရောက်မှဘယ်သူမှမရှိဘူး။ထိုင်စောင့်
နေရတယ်။၁၁-၁၂ နာရီလောက်မှာ ကုလားတစ်ယောက်လာကြိုတယ်။ပြီးတော့ ကျမတို့အဖွဲ့(၁၄)ယောက်မှာ
မိန်းကလေး ၃ယောက်ပါတယ်။ကျန်တစ်ယောက်က calling စာရွက်မှာ သူနာမည်မပါလို့ တစ်ယောက်တည်း
ကျန်ခဲ့တယ်။သနားဖို့ကောင်းပါတယ်။ပြီးတော့ ကုလားနောက်လိုက်သွား၊နောက်တနေရာရောက်တော့ ကုလား
အုပ်စုနဲ့တွေ့တယ်။သူတို့ကိုလာကြိုခ RM (50) ပေးရမယ်တဲ့။တယောက်ဆီပေးရတယ်။ပြီးတော့ ကားနဲ့ခေါ်သွားတယ်။လူများတော့ ကား၂စီးနဲ့ ခေါ်ရတယ်။ဇေယျာစားသောက်ဆိုင်နားမှာ ကားရပ်ပြီးစောင့်နေ
ရတယ်။




မယု၏နိုင်ငံကူးလက်မှတ် မျက်နှာဖုံး။

ခဏကြာတော့ ကျမနဲ့သူ့တူမ နောက်တစ်ယောက်၊(၃)ယောက်ကို ဦးအောင်သူဆိုသူလာခေါ်သွား
တယ်။ဟိုရောက်သွားတော့ ဆိုင်ရဲ့အခြေအနေက မြန်မာဆိုင်ဆိုတော့ မထူးခြားဘူး။ဒါပေမယ့် ဆိုင်မှာ ကျမတို့၂ယောက်နဲ့ သူဌေးတို့၂ယောက်။ကျမကဦးအောင်သူကို ပြောတယ်။ကျမယောကျာင်္းနဲ့ တွေ့ချင်တယ် ပြောတော့ သူကိုလေယာဉ်လက်မှတ်ဖိုး ပြန်ပေးရင် ပို့ပေးမယ်တဲ့ ။နောက်ပြီး ဦးအောင်သူပြောမှသိရတယ်။
ကျမတို့လာတာ visit နဲ့လာတာကိုမသိဘူး၊myanmar agent ကပြောတော့ work ပါမစ်နဲ့တဲ့။ဒီရောက်တော့ အကုန်တလွဲချည်းဘဲ။ကျွန်မယောကျာင်္းကိုပြောတော့ သူကမရရအောင် ပြန်ခေါ်မယ်တဲ့။ကိုအောင်နိုင်သူဆိုတဲ့
အစ်ကိုကြီးက ကူညီမယ်တဲ့ ၊ကျွန်မအရမ်းဝမ်းသာသွားတယ်။အဲ အစ်ကို ကို အရမ်းကျေးဇူးတင်တယ်။ထိုင်ရှစ်ခိုး
ချင်လောက်အောင် ဖြစ်မိတယ်။ နောက်တစ်ခုက ဦးအောင်သူက စိတ်ထားကောင်းလို့ ကျွန်မတို့ ဒုက္ခ
မရောက်တာ၊သူ့ကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်မတင်မဟုတ်ပါဘူး သူ့တူမ အရင်းခေါက်ခေါက်တောင် အလိမ်ခံရတယ်။မလေးရှားရောက်မှ Agent လိမ်တယ်ဆိုတာ သိရတယ်။ပြီးတော့ ကျွန်မတို့အဖွဲ့ (၁၄)ယောက်စလုံးကို ပိုက်ဆံယူတာမတူဘူး။ရိုက်စားလုပ်တယ်။အခု ကျွန်မဦးအောင်သူကို ပိုက်ဆံပေးပြီး ပြန်လာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မအမေကို အေးဂျင့်က ဖုန်းလှမ်းဆက်တယ်။တရားစွဲမယ်တဲ့။ပိုက်ဆံပြန်
လျော်ရမယ်တဲ့။ကျွန်မက ထွက်ပြေးသွားတာတဲ့။မြေလှန်ပြီးရှာမယ်။ဒုက္ခပေးမယ်တဲ့ပြောပါတယ်။နောက်ဆုံး
ပြောချင်တာက လက်တွေ့ကြုံမှ သိရတဲ့အတွက် နောင်တရမိပါတယ်။
(****မကြာသေးခင်က ရင်းနှီးခဲ့သော သူငယ်ချင်းတစ်ဦး ဖြစ်သူက အောင်နိုင်သူထံဆက်သွယ်လာ၍ လွန်ခဲ့သော၂ရက်တွင် မလေးရှားသို့ရောက်ရှိကာဒုက္ခရောက်နေသော၎င်း၏ အမျိုးသမီး အားကူညီပေးပါရန် တောင်းဆိုခဲ့ပါတယ်။အကြောင်းရင်းကို သိရသောအခါ အောင်နိုင်သူအနေနဲ့ လွန်စွာစိတ်မကောင်းဖြစ်ရ
ပါသည်။အေးဂျင့်မှာ အလွန်ဆိုးပါသည်။မယုမြန်မာပြည်၌ရှိစဉ် ၁၀ သိန်းကျော်ကျော် ပေးပြီးဖြစ်သည်။ယခု မယု ထွက်ပြေးသွားသည်ဟု အကြောင်းပြလျက် မြန်မာပြည်၌ ကျန်နေခဲ့သော မယု၏အမေထံမှ ပိုက်ဆံ ၇ သိန်းကျော်ကို ထက်မံ၍ ခြိမ်းခြောက်တောင်းလာပါသည်။အေးဂျင့်ပြောပုံမှာ မလေးရှားတွင်ရှိနေသော
မယု၏ မိတ်ဆွေက လူမိုက်များခေါ်လာ၍ မယုအလုပ်လုပ်နေသောဆိုင်တွင် ၀င်ရောက်ဖျက်စီးပြီး မယုကို ခေါ်ဆောင်သွားသောကြောင်၊့ မိမိမှာ ထိုcalling နှင့်ခေါ်ထားသောဆိုင်ပိုင်ရှင်ကို ပြန်လည်၍လျော်ကြေးငွေပေး
ရမည်ဖြစ်သည်ဟုပြောပါသည်။အောင်နိုင်သူအနေဖြင့်ထိုစကားကို ကြားရ၍ အလွန်စိတ်ဆိုးမိပါတယ်။
ဘာကြောင့်လဲဆိုတော့ မယုကိုလက်ခံထားသော ဦးအောင်သူသည် မယုအားလေယာဉ်လက်မှတ်ဖိုးပြန်ပေးပါ
က သွားချင်သည့်နေရာသို့ သွားနိုင်ကြောင်းပြောကြားခဲ့ပါသည်။လတ်တလော၎င်းတို့ထံတွင် ငွေကြေးအခက်အခဲဖြစ်နေ၍ အောင်နိုင်သူမှ လေယာဉ် လက်မှတ်ဖိုး ၂သိန်းခွဲခန့် (ရင်းဂစ် ၈၉၀)ကို တခြားလူဆီ၌ ချေးဌားရှာဖွေစုဆောင်း၍ မယုအားကိုယ်တိုင်သွားရောက်ခေါ်ယူခဲ့ပါသည်။
ဦးအောင်သူဆိုကလည်း ငွေကြေးလက်ခံရယူ၍ မယုအားကြည်ဖြူစွာဖြင့် ခေါ်ဆောင်ခွင့်ပြုပါသည်။ မိမိနှင့် ဦးအောင်သူတို့ ၂ဦး၂ဖက် သဘောတူညီမှုပြု၍ လုပ်ဆောင်ခဲ့သည်ကို သေချာစွာမသိဘဲ ယခုလိုပြောဆိုသည်မှာ
လွန်လွန်းပါသည်။ထိုကိစ္စနှင့်ပက်သက်၍ အောင်နိုင်သူအနေဖြင့် ဦးအောင်သူထံသို့ အကြောင်းကြားပြီးဖြစ်ပါ
သည်။ ၎င်းလည်း စိတ်ဆိုးနေပါသည်။အကယ်၍ ယခုအတိုင်းအတာထက်ကျော်လွန်၍ ထပ်မံဖြစ်ခဲ့ပါက ထိပ်တိုက်ဖြေရှင်းရန်သာရှိပါတော့သည်။အောင်နိုင်သူအနေနဲ့ အကူအညီတောင်းခံလိုသည်မှာ ယခုဒီစာကိုဖတ်နေသော သူငယ်ချင်းတွေထဲမှမြန်မာပြည်ရှိ စိတ်ထားကောင်းမွန်သော အထက်အာဏာပိုင်
တစ်ဦးဦးနှင့် ရင်းနှီးခဲ့သည်ရှိပါက ဥပဒေအတိုင်းအရေးယူနိုင်အောင်ဆောင်ရွက်ပေးစေချင်ပါသည်။ ထိုအေးဂျင့်လုပ်၍ ယခုလို ဒုက္ခရောက်ခဲ့သူပေါင်း မည်မျှရှိခဲ့သည်မသိပါ။ရှေးဆက်ပြီး တခြားသူများ ထပ်မံမဖြစ်ရအောင် ၀ိုင်းဝန်းကူညီကြပါ။အေးဂျင့်လိပ်စာကို အောက်၌ဖော်ပြထားပါသည်။)

KO KO AUNG
(MANAGER)

phone........009595066560

No.353, 6 floor,9-quarter,kabaaye pagoda road
mayangone towship ,yangon,myanmar.


No comments:

Post a Comment