Monday, November 29, 2010

. .

သိထားသမျှ ကျန်းမာရေး ဗဟုသုတ

အနံ့ အသက်များပျောက်စေလိုသော်.............................
အနံ့ အသက် စွဲစေသော အစားအစာများ( ဥပမာ-တညင်းသီး၊ ဆူးပုပ်ကြီးရွက်) စားသောက်ပြီးနောက်အာခံတွင်း
(ပါးစပ်)တွင်၎င်းတို့ ၏ အနံ့အသက်များစွာကျန်
နေတတ်သည်။ ၄င်းအနံ့အသက်များပျောက်စေလိုသော်.............................
သကြားလက်ဖက်စားဇွန်း(၁)ဇွန်းခန့် ဝါးစားပေးပါ။ မကြာမီ အနံ့ အသက်များကင်းစင် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

သွားခြေယိုင်ပြီး သွားရင်းက ပြည်ယိုသော်.........................................
မာလကာသီးအစေ့ကို အခြောက်ခံ ၊အမှုန့် ထောင်းပြီးထည့်ပေးမကြာခင်ပျောက်ပါလိမ့်မယ်။

သွားနာ ၊ သွားကိုက် ၊သွားဖုံးပြည်ယိုရောဂါများအတွက်
မာလကာခေါက်ပြုတ်ရည် ကို ငုံပေးရင်သက်သာပျောက်ကင်းစေနိုင်ပါတယ်။

မျက်လုံးအားပြန်ကောင်းပြီးမျက်မှန်လွတ်တဲ့နည်း
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ စာရိတ္တ သတ္တိ ဆိုတဲ့ စာအုပ်လေးက ရတာပါ။
ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်းမျက်နှာကို အရင်မသစ်ဘဲ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီးရေသုံးခွက်စီလောက် လောင်းပေးပါ။ ဒါက တစ်ကိုယ်လုံးပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။ ပြီးရင်ချက်ချင်း မျက်နှာမသစ်ရသေးပါဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီးလကိနှစ်ဘက်ကို
ခေါင်းပေါ်မြှောက်တင်လိုက်။ အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်လုပ်ပေးပါ။
ပြီးရင် တက်နေတဲ့ ဇက်ကြောတွေ
လျော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက်လှန်ချရမယ်။ရှေ့ကိုလည်း ရသလောက်ငုံ့ပေးပါ။ ဒါကလည်း အကြိမ်၂၀လောက်ပေါ့။ ပြီးရင်ခေါင်းကို ဘယ်ညာအခါ ၂၀လောက် လှည့်ပေး။ ပြီးမှ မျက်နှာသစ်။ပါးစပ်ကိုပိတ်ထားရမယ်တဲ့။
သစ်ပြီး မျက်နှာကိုသုတ်။ ပြီးတော့မှသွားတိုက်ပါတဲ့။

( ဒီနည်းက သွားကိုက်ရောဂါကိုကြိုတင်ကာကွယ်တဲ့နည်းလည်းဖြစ်ပါတယ်တဲ့ )
စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ရှင်။ ကြာကြာလုပ်နိုင်လေ ကောင်းလေပါပဲ။

ထောလပတ်ရွက်ဖြင့်ဆံပင်နက်အောင်လုပ်နည်း။
အရွက်လက်တစ်ဆုပ်စာကိုရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ်
ခံပြီးအရေညှစ်ယူရပါတယ်။ ရေစက်လက်အရွက်ဆိုတော့ အရည်များများရပါတယ်။
အရည်ရဲ့ အရောင်ကအစိမ်းရင့်ရင့်ပါ။ အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက်
လောက်ရောထည့်။ (အုန်းဆီမရလည်းပဲဆီထည့်လို့ ဖြစ်ပါတယ်။ အုန်းဆီကမွှေးတယ်ပေါ့)။
ပြီးရင်သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစလူးရတယ်။ သွားပွတ်တံလေးနဲ့ဘီးဖြီးသလိုလိမ်းလို့ရပါ တယ်။ ဦးရေထဲ ၀င်အောင်ဖိရင်ပိုကောင်းပါတယ်။
အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲတဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။

ပထမတစ်ပတ်တစ်ခါခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမှ လိမ်းမယ်။
မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။
ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။


အဆီထွက်များသော ဆံကေသာအမျိုးအစား ( Greasy Hair ) ကိုဘယ်လို ထိန်းသိမ်းမလဲ
အဆီအထွက်များတဲ့ ဆံပင်အမျိုးအစားတွေဟာအများအားဖြင့် ဦးရေပြားအောက်ကအဆီကျိတ်ဂလင်းကနေ အဆီထုတ်လုပ်မှု
များခြင်းကြောင့် ဖြစ်တဲ့အတွက်ကုစားလို့ မရပေမယ့် ပြုစုထိန်းသိမ်းတဲ့နည်းနဲ့ တော့တားဆီးလို့ရပါတယ်။ ဆီအထွက်များရတဲ့
အကြောင်းရင်း အဓိကအချက်နှစ်ချက် ရှိပါတယ်။ အဆီကျိတ်ဂလင်းကနေဆီထုတ်လုပ်မှုများတာကြောင့် ဖြစ်စေ ဆံပင်အထွက်နှုန်းကျဲပါးတာကြောင့်အဆီကျိတ်ကနေ ဆီထုတ်လုပ်တာပုံမှန်ဖြစ်ပေမယ့် ဒီပုံမှန် အဆီဓာတ်ကိုပဲလက်ခံနိုင်စွမ်း မရှိတဲ့အတွက် ဦးရေပြားမှာအဆီတွေ များနေရတာဖြစ်တယ်။ ဆံပင်သားသေးမျှင်သူတွေဆိုရင် နောက်ထပ် တစ်မျိုးတောင်
ပိုလာပါေ
သးတယ်။ ဦးရေပြားကနေ ချွေးအထွက်များတဲ့အတွက် ဆီအထွက်များတဲ့ ဆံပင်သားဖြစ်ဖို့အားပေးသလို ဖြစ်တာပါ။
ဘယ်လိုပြုစုထိန်းသိမ်းမလဲ?

အဆီထွက်တဲ့ ဆံပင်ကို ဘယ်လို ထိန်သိမ်းမလဲ ( How to care for greasy hair )
အဆီအထွက်များတတ်တဲ့ ဆံကေသာတွေကို ဦးရေပြားရဲ့ အပြင်ဘက်ကနေ အဆီထွက်ရှိခြင်းကို ထိန်းချုပ်ဖို့ရာခဲယဉ်းလှပါတယ်။
ဘာကြောင့်လဲဆိုရင်ဦးရေပြားရဲ့အတွင်းပိုင်းက ဟော်မုန်းဓာတ်တွေကြောင့် အပြင်မျိုးရိုးဗီဇကြောင့်လည်းဖြစ်တတ်
တဲ့
သဘောကြောင့် ပြုပြင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အဆီဓာတ်တွေထွက်ရှိခြင်းကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပြီးထိန်းချုပ်နိုင်တဲ့
နည်းလမ်းတွေ များစွာရှိနေပါပြီ။
ဥပမာအားဖြင့်............
- ဆံပင်သားနဲ့ ဦးရေပြားမှာအဆီထွက်လာပြီဆိုရင် တတ်နိုင်သမျှ မကြာခဏခေါင်းလျှော်ပေးနိုင်ပါတယ်။ ဒီလိုလျှော်ပေးခြင်းအားဖြင့်
ဦးရေပြားကနေအဆီထုတ်လုပ်မှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။

- ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေအသုံးပြုမယ်ဆိုရင်လည်း အဆီထွက်များတဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုပဲ
ရွေးချယ်သုံးစွဲသင့်ပါတယ်။ ဒီပစ္စည်းတွေထဲမှာတော့ အဆီထွက်စေမယ့် ပစ္စည်းတွေ ပါဝင်မှာ မဟုတ်တဲ့အတွက်ဆံကေသာကို စတိုင်လ်ကျလှပစေမှာပါ။ အကယ်၍ဖယောင်းနဲ့ပြုလုပ်ထားတဲ့ခေါင်းလိမ်းဆီတွေက ဆံပင်သားတွေကိုပါလေးလံနေစေပြီး ပုံသွင်းရ
ခက်ခဲစေပါတယ်။

- ခေါင်းလျှော်တာဖြစ်စေခေါင်းလျှော်ပြီးနောက် အခြောက်ခံဖို့လေမှုတ်ရာမှာဖြစ်စေ ခပ်နွေးနွေးအနေအထားလေးက သင့်တော်ပါတယ်။
ပူလို့ ရှိရင် ခေါင်းမှာအဆီပိုထွက်တယ်ဆိုတာကသက်သေမရှိတာမှန်ပေမယ့်
တစ်ခေါင်းလုံးကိုဆီပျံ့နှံ့မှုကတော့ မြန်ဆန်စေနိုင်တာပါ။

- ဆံပင်ကိုလည်း မကြာခဏ ဖြီးပေးဖို့မလိုအပ်ပါဘူး။ ဖြီးတဲ့အခါမှာဘီးကျဲ(သို့ မဟုတ်)ဘရပ်ရှ်နဲ့ပဲဖြီးပေးနိုင်ပါတယ်။
- ခေါင်းလျှော်နေစဉ်မှာ အသုံးပြုတဲ့ ဘီးနဲ့ဘရပ်ရှ်ကို တစ်ပါတည်း ဆေးကြောပေးပါ။ အဲဒါမှဘီးတွေမှာ ကပ်ငြိနေတဲ့ အဆီတွေဟာ
ဆံပင်ပုံသွင်းတဲ့အခါမှာအနှောင့်အယှက်မဖြစ်စေမှာပါ။


စတိုင်လ်ကျ လှပစေဖို့ အကြံပြုချက် ( The best styling tips )
- ဒီဆံပင်သား ပိုင်ရှင်တွေဟာနေ့ စဉ်ပုံသွင်းနေတာထက် ဆံပင်ပုံစံကိုရိုးရိုးရှင်းရှင်းပုံစံတွေပဲထားသင့်ပါတယ်။
- ဆီကို ဆံပင်သားက မြန်မြန် စုပ်ယူစေနိုင်တဲ့ဦးရေပြားနဲ့ ကပ်အောင်ညှပ်တဲ့ပုံစံမျိုးကိုရှောင်ပါ။
- ဆံပင်ကို နောက်ဘက်လှန်ဖြီးတာက ဆံပင်သားကိုဦးရေပြားကနေ အနည်းငယ် ကွာဝေးသွားစေသလိုဆီအထွက်များစေခြင်းမှလည်းကာကွယ်ပေးပါတယ်။
-ဆံပင်ဖျန်းဆေး စပရေးနဲ့ ပုံသွင်းဆေးရည်တွေကအဆီထွက်များတဲ့ ဆံကေသာတွေအတွက်အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုရင်သူတို့တွေကဆံပင်ခွဲကြောင်းတွေကိုသီးခြားစီ ခွဲထုတ်ပေးနိုင်လို့ပါပဲ။
- အကယ်၍ ဆံပင်မှာ အဆီတွေသိပ်ထွက်နေခဲ့မယ်ဆိုရင် ဆံပင်ကိုကောက်ပေးပြီး အကျားကျားဆေးဆိုးပေးနိုင်ပါတယ်။
ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့ဆေးတွေဟာ ဆံပင်က ထွက်ရှိတဲ့အဆီတွေကို အနည်းနဲ့အများမဆို စုပ်ယူနိုင်စွမ်းအားရှိလို့ပါပဲ။

- ခေါင်းတစ်ခုလုံးကို လျှော်ဖို့အချိန်မရခဲ့ရင် မိမိပုံသွင်းလိုတဲ့ဆံပင်အဖျားပဲ ဖြစ်ဖြစ်ဆံမြိတ်စုကိုပဲဖြစ်ဖြစ်
ကွက်ပြီးလျှော်ပေးပါ။ လိုသလိုပုံသွင်းပေးလိုက်တဲ့အခါ ပုံစံကျလှပနေတာကိုတွေ့မြင်ရမှာပါ။

- နောက်တစ်နည်းကတော့ စိုစွတ်တဲ့ ဂျယ်လ်ကိုအသုံးပြုပြီး ရေစိုဆံပင် ပုံစံအဖြစ်လည်းဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ နံနက်ပိုင်း အိပ်ရာကထစ ထိုင်းမှိုင်းနေတဲ့ဆံပင်သားကို လန်းဆန်းသွားစေနိုင်တာပါ။ အဆီပြန်တဲ့ဆံပင်သားမျိုး အနေနဲ့အမြဲဖြစ်နေတာမျိုး မဟုတ်ဘဲအားလျော့ပြီးပင်ပန်းနေချိန်၊ ကြောင့်ကြစိတ်များပြီး သောကရောက်ချိန်၊ဖိစီးမှုများနေချိန်တွေမှာခေတ္တဖြစ်ပေါ်တတ်တာသာ ဖြစ်ပါတယ်။ ဖိစီးမှုတွေကိုကျော်လွှားပြီးသွားတဲ့အခါမှာ ဆီထုတ်လုပ်မှုလည်းပုံမှန်ပြန်ဖြစ်သွားတာပါ။ အမျိုးသမီးတွေ သုံးစွဲတဲ့ ပဋိသန္ဓေတားဆေးကလည်း အဆီထုတ်လုပ်မှုကို များပြားစေနိုင်ပါသေးတယ်။

Ref: သရဖူမဂ္ဂဇင်း (အမှတ် ၁၄၂၊ သြဂုတ်လ၊ ၂၀၀၉)

No comments:

Post a Comment