Wednesday, November 17, 2010

. .

မြန်မာအလုပ်သမားများအားမတရားအမှုဆင်၍ ရဲ၊လူမိုက်များနှင့်ဖမ်းခိုင်းသောအမှု မလေးရှားတွင်ဖြစ်ပွား


မြန်မာအလုပ်သမားများ အလုပ်လုပ်ခဲ့သော တရုတ်ဆိုင်ဘေးတိုက်မြင်ကွင်း။(ဓာတ်ပုံ-ကိုရဲလင်း)


ရွှေမြန်မာတို့အတွက် လုံးဝအလုပ်မလုပ်သင့် ရှောင်ကျဉ်သင့်သောတရုတ်ဆိုင်။ (ဓာတ်ပုံ-ကိုရဲလင်း)


မြန်မာအလုပ်သမားများကို ကျွန်များသဖွယ် အော်ဟစ်ဆဲဆိုနေသော K.C TAN ဆိုသူတရုတ်သူဌေးပိုင်ဆိုင်သော ဆိုင်မြင်ကွင်း။(ဓာတ်ပုံ-ကိုရဲလင်း)


သတင်း-အောင်နိုင်သူ
၁၈-၁၁-၂၀၁၀

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့အတွင်းရှိ DESA SRI HARTAMAS နယ်မြေ၊ NO-52,JALAN 27/70A တွင်ဖွင့်လှစ်ထားသော တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် မြန်မာအလုပ်သမားများနှင့် ဆိုင်တာဝန်ခံသူဌေးတို့ ပြသာနာစတင် ဖြစ်ပွားရာမှ ရဲများ၊ကုလားလူမိုက်များပါဝင်လာ၍ မြန်မာအလုပ်သမားများ၏ အသက် အန္တာရာယ် ကိုထိပါးလာသည့် အထိပြသာနာတစ်ခု ဖြစ်ပွားခဲ့ပါသည်။ု ဆိုင်တာဝန်ခံ K.C TAN ဆိုသူ သူဌေးမှ ၎င်းဆိုင်တွင်အလုပ်လုပ်နေသော မြန်မာ အလုပ်သမားများအား အမြဲတမ်း အလုပ် မတန်တဆခိုင်းစေမှု့များ၊ အော်ဟစ်ဆဲဆိုဆူပူနေမှု့များနှင့် အခြားသောဖိနှိပ်မှု့များအား အစဉ်ပြုလုပ်လေ့ရှိကြောင်းသိရပါသည်။ ထိုကြောင့်လည်း ၎င်း၏ ဆိုင်တွင်မည်သည့်အလုပ်သမားမှ ကြာရှည်စွာလုပ်ကိုင်နိုင် ခြင်းမရှိပါ။


DESA SRI HARTAMAS တွင်နေထိုင်လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများ အပန်းဖြေလေ့ရှိသော မြန်မာဆိုင်သည် အချိန်မီပိတ်ခဲ့၍ ကံကောင်းစွာဖြင့် ရဲ၊ကုလားလူမိုက်များ၏ဘေးရန်မှ ကင်းဝေးခဲ့ရသည်။
(ဓာတ်ပုံ-ကိုရဲလင်း)



DESA SRI HARTAMAS ရှိရွှေမြန်မာတို့အတွက် အားထားရသော မြန်မာဆိုင်အ၀င်အ၀ ထိပ်မြင်ကွင်း။။(ဓာတ်ပုံ-ကိုရဲလင်း)

ပြသာနာစတင်ဖြစ်ပွားပုံမှာ ၁၇-၁၁-၂၀၁၀ ရက်နေ့ည ၈နာရီခန့်တွင် ဧည့်သည်ပါး၍ မြန်မာအလုပ်သမားများထမင်းစားသောက်နေစဉ် ဆိုင်တာဝန်ခံသူဌေးမှ ၎င်းတို့အားတရုတ်ဘာသာစကားဖြင့် ဆူပူဆဲဆို ပါတော့သည်။ ထိုဆိုင်တွင် ကြော်ဆရာအဖြစ်တာဝန်ယူထားသောမြန်မာအလုပ်သမားမှာ တရုတ်ဘာသာစကားကို နားလည်းကျွမ်းကျင်သောကြောင့် မခံမရပ်နိုင်ဖြစ်၍ တခြားမြန်မာအလုပ်သမား၎ဦးတို့အား အကျိုးအကြောင်းရှင်းပြပြီး ထိုဆိုင်တွင်ဆက်လက်မလုပ်တော့ရန်စုပေါင်းဆုံးဖြတ်လျက် မိမိတို့အနေနှင့်ဆက်လက်အလုပ်မလုပ်လိုတော့ကြောင်းဆိုင်တာဝန်ခံ ကိုပြော၍ ချက်ချင်းထွက်လိုက်ကြပါသည်။ထိုနောက် အနီးအနားရှိငွေကမ္ဘာမြန်မာဆိုင်တွင် သွားထိုင်၍ စားသောက်ကြ
သည်။၎င်းတို့ထဲမှ ကိုဂျွန်ဆိုသူက ၎င်းတို့နေထိုင်ရာအဆောင်သို့ပြန်၍ ပိုက်ဆံပြန်ယူစဉ် အသံများကြား၍
ချောင်းကြည့်လိုက်ရာ ၎င်းတို့ဆိုင်တွင်လုပ်ကိုင်သော တရုတ်လူမျိုးတစ်ယောက်၊အရပ်ဝတ်ရဲ၉ယောက်နှင့် ကုလားလူမိုက်များကိုတွေ့သောကြောင့် မိမိတို့နှင့်ပက်သက်နိုင်သည်ဟုယူဆလျက် အိမ်သာအတွင်း၌ ၀င်ရောက်ပုန်းအောင်းနေလိုက်သည်။ ရဲများမှ အဆောင်တွင်နေထိုင်သောအခြားအခန်းများမှ လူများကို မေးမြန်းစုံစမ်းလိုက်ရှာကြပါသည်။




မျက်မြင်သက်သေကိုရဲလင်းမှ ပြန်လည်သရုပ်ပြနေစဉ်။(ဓာတ်ပုံ-ကိုရဲလင်း)

တံခါးအားသော့နှင့်ဖွင့်မရ၍ ဖျက်စီးဖွင့်ခဲ့ပုံကို ပြန်လည်သရုပ်ပြနေသော မျက်မြင်သက်သေ ကိုရဲလင်း။(ဓာတ်ပုံ-ကိုရဲလင်း)

ရဲများ၏မွှေနှောက်မှု့ကြောင့် ဖရိုဖရဲတစစီဖြစ်နေပုံ။(ဓာတ်ပုံ-ကိုရဲလင်း)

လုံချည်များ၊အင်္ကျီများ၊အိတ်များပါမကျန် အားလုံးရှာဖွေသွားခဲ့။(ဓာတ်ပုံ-ကိုရဲလင်း)


ရဲများမွှေနှောက်ရှာဖွေပြီးနောက် မြင်တွေ့ရသော မြင်ကွင်း။(ဓာတ်ပုံ-ကိုရဲလင်း)


မြန်မာအလုပ်သမားများ စုပေါင်းနေထိုင်ကြသော အခန်းငယ်လေးများကိုတွေ့ရစဉ်။(ဓာတ်ပုံ-ကိုရဲလင်း)

သိပ်မကြာခင်တွင် ၎င်းပုန်းအောင်းနေသည်ကိုသိရှိသွားသောကြောင့် အပြင်သို့ထွက်ခဲ့ရန်အော်လေသည်။ ဘယ်လိုမှမတတ်နိုင်၍ အပြင်သို့ထွက်ပေးလိုက်ရာ ၎င်းအားရဲမှ ချက်ချင်းလက်ထိတ်ခတ်လိုက်ပါသည်။ ထိုအချိန်တွင်ရဲများမှ ၎င်းတို့နေထိုင်သော အခန်းတွင်းသို့ဝင်ရောက်ရှာဖွေနေညကြစဉ်ကုလားလူမိုက်တစ်ဦးမှ ကိုဂျွန်လည်ပင်အား ဓားနှင့်ထောက်၍ ဆိုင်မှထွက်သွားသည့် အကြော်ဆရာနှင့်တခြား သူငယ်ချင်းများ ဘယ်မှာလဲဟုမေးပါသည်။ကိုဂျွန်ကမဖြေသောအခါ လည်ပင်းကိုထောက်ထားသောဓားကို ပိုမိုအားစိုက်ထိုးလိုက်ပါသည်။ကိုဂျွန်မှ နာကျင်လွန်သောကြောင့် မြန်မာဆိုင်တွင်ကျန်ခဲ့ကြောင့်ပြောပြလိုက်ပါ
သည်။ ထိုအခါ ၎င်းတို့အား နေရာလိုက်ပြရန် ဖမ်းချုပ်၍ ခေါ်သွားပါသည်။ ကိုဂျွန်တို့ရောက်သောအခါ (အောင်နိုင်သူအား ထိုသတင်းကို မြန်မာလူမျိုးကိုရဲသူရ ဆိုသူမှ ဆက်သွယ်၍ သတင်းပေးသောကြောင့် အောင်နိုင်သူသည် ငွေကမ္ဘာမြန်မာဆိုင်ပိုင်ရှင်ကိုသူရအား ကြိုတင်အကြောင်းကြားထားမှု့ကြောင့်) မြန်မာဆိုင်သည် စောစီးစွာပိတ်နေသည်ကိုတွေ့ရသောကြောင့် ၎င်းတို့မည်သို့မျှမတတ်နိုင်ဘဲ တရုတ်ဆိုင်
သို့ပြန်သွားကြသည်။ဆိုင်တာဝန်ခံ တရုတ်သူဌေးနှင့် ရဲများစကားပြောနေကြပြီးနောက် မကြာမီ ရဲမှ ကိုဂျွန်ကို လက်ထိတ်ဖြုတ်ပေး၍ ထွက်သွားကြပါသည်။ရဲများပြန်သွားသောအခါ ကုလားလူမိုက်များသည် ကိုဂျွန်ကို တစ်ယောက်ခြင်းချမလားဟု မေးပါသည်။ကိုဂျွန်မှ လက်မခံဟုပြောနေစဉ် ဆိုင်တာဝန်ခံသူဌေးရောက်လာ၍
၎င်းတို့အားနောက်တခါမမြင်လိုတော့ကြောင်း ၊ယခုလအတွက်လစာကိုလည်း မိမိအနေဖြင့်မပေးနိုင်ကြောင်းနှင့်
အကြော်ဆရာအားတွေ့လျင်မိမိကို အကြောင်းကြားရန် ပြောဆိုပြီးပြန်လွှတ်ပေးလိုက်ပါသည်။ မြန်မာ အလုပ် သမားများမှာ ထိုည၌ မိမိတို့အဆောင်တွင်ပြန်လည်မအိပ်ဘဲ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြ ရပါသည်။

မှတ်ချက်။ ။ဆိုင်တာဝန်ခံ K.C TAN ဆိုသူမှ ရဲကို အကြောင်းကြားရာတွင် ဘိန်း၊ဆေးခြောက် အမှုနှင့် လိမ်လည်အကြောင်းကြားသည်ဟု ပတ်ဝန်းကျင်မှပြောပြကြပါသည်။

No comments:

Post a Comment