Saturday, November 13, 2010

. .

ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီး

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။

အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်
---------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီ ဖြစ်သည်။(mizzima သတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment