Friday, November 12, 2010

. .

ဒေါ်စု ယနေ့ညနေ ၆:၃၀ တွင် လွှတ်မြောက်မည်

၁၃-၁၁-၂၀၁၀(ညနေ ၃နာရီ ၅၀မိနစ်)


ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ညနေ ၆း၃၀ တွင်ပြန်လွှတ်ပေးမည်ဟု အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးမှပြောဆိုခဲ့ပါသည်။ မနေ့ကတည်းက ဒေါ်စုပြန် လည်လွှတ်မြောက်လာမည်ဟု သတင်းထွက်ပေါ်လာ၍ ၎င်းအားထောက်ခံသည့် ထောင်နှင့်ချီသော ပြည်သူများ၊ရာပေါင်းများစွာသောNLD အဖွဲ့ဝင်များနှင့် သတင်းဌာနပေါင်းစုံမှ သတင်းသမားများက NLD ရုံးချုပ်တွင်စုဝေးနေကြသည်။ညနေစောင်းသည့်အထိ အခြအနေမထူးခြား၍ ရောက်ရှိလာသော ပြည်သူလူထုကို ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်စသည့်NLD ခေါင်းဆောင်များမှ မိမိနေအိမ်သို့ ကောင်းမွန်စွာပြန်ကြရန်နှင့် နောက်နေ့မှ ထပ်မံလာရောက်စောင့်ဆိုင်းကြရန်လိုက် လံနှုတ်ဆက်ကြပါသည်။
ပြည်သူတို့သည် "WE STAND WITH AUNG SAN SUU KYI" စာတမ်းပါသည့် T-shirts များ ၀တ်ဆင်ထားသော NLD အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင်လည်းလာရောက် စောင့်ဆိုင်းနေသူပေါင်း၂၀၀၀ကျော်မျှရှိကြောင်းသိရှိရပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များနှင့် စွမ်းအားရှင်များလည်း အနီးအနားတွင်ရောက်ရှိနေကြောင်းသိရှိရပါသည်။ ဒေါ်စုအားလာ ရောက်ကြိုဆိုသူများတွင် လူငယ်လူရွယ်များအပြင် သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်ကြသည်။ အဘွားအိုတစ်ဦးမှ "အမေတို့သူကို အရမ်းချစ်ပါတယ်၊သူတစ်ယောက်တည်းသာ တိုင်းပြည်ကို ကယ်ဆယ် နိုင်မှာပါ။" ဟုပြောကြားပါသည်။ယခုအခါတိုင်းပြည်သည် အရေးကြီးသော အချိန်ကာလတစ်ခုကို ဖြတ်ကျော်
နေခြင်းဖြစ်၍ အပြောင်းအလဲတစ်ခုကိုပြည်သူများက လိုချင်နေကြသည်။ ပြည်သူလူထုက ၎င်းတို့ယုံကြည်ကိုးစားရသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သာ၎င်းတို့ မျှော်လင့်နေသော အပြောင်းအလဲမျိုးကို ဦးဆောင်နိုင်မည့်သူဟု ယုံကြည်ထားကြသည်။

No comments:

Post a Comment