Thursday, November 25, 2010

. .

ဘ၀အစ - အပိုင်း(၅)

ပတ်ဝန်းကျင်ဒေသအသစ်ဖြစ်နေတော့ မြင်ရတဲ့အရာအားလုံးဟာ အောင်နိုင်သူအတွက်တော့ ထူးဆန်းနေပါတယ်။ သူ့ဘ၀မှာ မြန်မာပြည်ကလွှဲပြီး ရေခြားမြေခြားဘယ်နိုင်ငံကိုမှ မရောက်ဖူးတော့၊ သူ့အတွက်မလေးရှားဆိုတဲ့ နိုင်ငံကအထင်ကြီးစရာဖြစ်နေပါတော့တယ်။သူ့စိတ်ထဲမှာလည်း " အော်..ငါတို့နိုင်ငံနဲ့တော့ကွာပါ...ဘယ်နေရာကြည့်ကြည့် မီးရောင်စုံနဲ့ ထိန်ထိန်လင်းနေတာပဲ ..ဒီအချိန်...ငါတို့စီမှာ မီးပျက်ချိန်..ဘယ်နေရာကြည့်ကြည့်..မှောင်နေတာဘဲ။" ဟုတွေးနေတော့သည်။ ၂၅ မိနစ်လောက်မောင်းပြီးတော့..အဝေးပြေးလမ်းမဘေးမှာ ဖွင့်ထားတဲ့ ဓာတ်ဆီဆိုင်မှာ ဆီဝင်ဖြည့်ပါတယ်။ အဲဒီအချိန် ကိုအောင်မိုးအေးက ဓာတ်ဆီဆိုင်နဲ့တွဲလျက် ဖွင့်ထားတဲ့ စတိုးဆိုင်မှာ အအေးတွေသွားဝယ်ပြီး တစ်ယောက်တစ်ဘူးစီး ပေးပါတယ်။နောက်ထပ်မိနစ်၃၀လောက်မောင်းပြီးတဲ့အချိန်မှာတော့ အောင်နိုင်သူတို့ နေရမယ့်ဝန်ထမ်းထားတဲ့အဆောင် ၂ထပ်တိုက်ပုလေးဆီရောက်ပါတယ်။ အထဲရောက်တော့ ကိုအောင်မိုးအေးက ရှင်းပြပါတယ်။ အောက်ထပ်က သူဌေးရုံးခန်း၊အပေါ်ထပ်က ၀န်ထမ်းတွေနေတာတဲ့။အဲဒါနဲ့ အောင်နိုင်သူ၊ကိုထော်နဲ့ ကိုအောင်မိုးအေးတို့ ၃ယောက်သားအပေါ်ထပ်ကိုတက်သွားတယ်။အေးဂျင့်ကတော့ သူဌေးရုံးခန်းထဲမှာ ကျန်ခဲ့ပါတယ်။ မကြာခင် ဖိုးတုတ်နဲ့ မျိုးမျိုးတို့ သူဌေးကားနဲ့အတူရောက်လာပါတယ်။
၎ယောက်ပြန်ဆုံကြတော့ အားရ၀မ်းသာနဲ့ စကားတွေတစ်ယောက်တစ်ခွန်းပြောနေကြတုန်း ကိုအောင်မိုးအေးက ဘယ်သူက ဘယ်ဆိုင်မှာ လုပ်ရမယ်ဆိုတာ ပြောပြပါတယ်။အောင်နိုင်သူက ကိုအောင်မိုးအေး၊ဆိုင်မန်နေဂျာနဲ့ အတူအပေါ်ထပ်က ဘိလိယပ်နဲ့ အရက်ဘားတွဲလျက်ဖွင့်တဲ့ဆိုင်မှာ လုပ်ရမှာ၊
ကိုထော်၊မျိုးမျိုးနဲ့ ဖိုးတုတ်က အောက်ထပ် စားသောက်ဆိုင်နဲ့ အရက်ဘားတွဲလျက်ဆိုင်မှာလုပ်ရမှာပါ။၂ဆိုင်
လုံးက အောင်နိုင်သူတို့ကို calling နဲ့ခေါ်တဲ့ သူဌေးပိုင်တာပါ။ခဏလေးကြာတော့ အောက်ထပ်ရုံးခန်းက သူဌေးက ကိုအောင်မိုးအေးကိုလှမ်းခေါ်လို့ ကိုအောင်မိုးအေးဆင်းသွားပါတယ်။မကြာခင်ကိုအောင်မိုးအေး ပြန်တက်လာပြီး အပြင်သွားပြီးထမင်းစားကြမယ်လို့ပြောပါတယ်။အောင်နိုင်သူတို့ အားလုံးကို အပြင်မှာထမင်းသွားလိုက်ကျွေးဖို့ သူဌေးကကိုအောင်မိုးအေးကိုပြောပြီးပိုက်ဆံထုတ်ပေးလိုက်တာပါ။
ကိုအောင်မိုးအေး ဦးဆောင်ပြီး အောင်နိုင်သူတိုတွေ ထမင်းဆိုင်ကိုချီတက်သွားပါတော့တယ်။

No comments:

Post a Comment