Saturday, November 13, 2010

. .

ဒေါ်စုကိုကာကွယ်ပေးကြပါ

အားလုံးရဲ့ရင်ထဲမှာ ပျော်ရွှင်နေကြမယ်ဆိုတာ မေးစရာမလိုတော့ပါဘူး။ဒါပေမယ့် ကျွန်တော်တို့အားလုံး တခုသတိထားရမှာက အခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကျေးဇူးပြုပြီးကာကွယ်ပေးကြပါ။ ဘူတို အဖြစ်အပျက်ကိုလည်း မမေ့ကြပါနဲ့။ဘူတိုလို အဖြစ်မျိုး ဒေါ်စုကို လုံးဝအဖြစ်မခံနိုင်ပါဘူး။အဲဒါကြောင့် NLD အဖွဲဝင်တွေတင်မက၊ပြည်သူတွေကပါ အားလုံးဝိုင်းဝန်းပြီးဒေါ်စုကိုကာကွယ်ပေးကြပါ။ကျွန်တော်တို့ ပြည်ပရောက်မြန်မာတွေကလည်း ပြည်တွင်းကလူတွေလိုဘဲ ၀မ်းသာနေကြပါတယ်။ပြီးတော့ နိုင်ငံအနှံ့အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ ရဲဘော်ရဲဘက်တွေအားလုံးလည်း ပြန်လည်လွှတ်မြောက်လာအောင် ကျွန်တော်တို့တွေ
ဆက်လက်တိုက်ပွဲဝင်ရပါဦးမယ်။လတ်တလောလွှတ်မြောက်လာတဲ့ ဒေါ်စု လုပ်စရာတွေ
အများကြီးကျန်သေးတဲ့ အချိန်မှာအန္တာရာယ်တစုံတရာမကျရောက်အောင် ကာကွယ်ပေးရမှာက ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ပါ။ မနက်ဖြန်ကစပြီးဒေါ်စုဟာ ပြည်သူလူထုလွှတ်မြောက်ရေးအတွက် စတင်တိုက်ပွဲဝင်တော့မှာ ဖြစ်ပါတယ်။ဒေါ်စုဟာ သူရဲ့အသက်ကို ပဓာနမထားဘဲ တနိုင်ငံလုံးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့အတွက်၊တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေကလည်း ဒေါ်စုလုံခြုံရေးကို မိမိတို့တတ်နိုင်တဲ့ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းကူညီတာဝန်ယူပေးပါလို့တောင်းဆိုလိုက်ပါတယ်။
အားလုံးကိုအစဉ်လေးစားလျက်
အောင်နိုင်သူ

No comments:

Post a Comment