Saturday, November 13, 2010

. .

16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်

16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်
အတားအဆီးများကို စတင် ဖယ်ရှား
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးရှိ လုံခြုံရေး အတားအဆီးများကို စတင် ဖယ်ရှားနေပြီ ဖြစ်သည်။
16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်စုကို ၇ နာရီမှာ လွှတ်ပေးမယ်လို့ ဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ည ၇ နာရီမှာ လွှတ်ပေးမှာလို့ နေအိမ်အနီး စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တယောက်က မဇ္ဈိမကို ပြောပါတယ်။

သီးခြား အတည်ပြုချက် မရနိုင်သေးသလို အသေးစိတ် ပြောဖို့ကိုလည်း ရဲအရာရှိက ငြင်းဆိုပါတယ်။

တက္ကသိုလ်ရိပ်သာ လမ်းနေအိမ် အတိုက်အခံ ခေါင်းဆောင်ကို ကြိုဆိုဖို့ ၅ဝဝ လောက်ရှိတဲ့ လူအုပ်ကြီးက စောင့်ဆိုင်းနေပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၄ဝ လောက်က ထိုင်သပိတ်သဘော တင်ပျဉ်ခွေ ထိုင်နေကြပါတယ်။

လက်နက်ကိုင် လုံခြုံရေးတွေလည်း သိသိသာသာ များလာပြီး၊ တားမြစ် ဧရိယာထဲအထိ မဝင်ရောက်ဖို့ ဟန့်တားထားပါတယ်။(mizzima သတင်းဌာနမှကူးယူဖော်ပြပါသည်)

No comments:

Post a Comment