Thursday, November 4, 2010

. .

အတုအယောင်ရွေးကောက်ပွဲကိုလက်မခံသော မလေးရှားရောက်မြန်မာများ၏ဆန္ဒပြပွဲ


ဆန္ဒပြရန်အတွက် နေရာမျိုးစုံမှဤသို့ လာရောက်ပူးပေါင်းကြစဉ်။



အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိကြောင်း ဆန္ဒပြနေစဉ်။




ဆန္ဒပြရန် နောက်ထပ်ရောက်ရှိလာသော ဒီမိုကရေစီရဲဘော်များ။


"အဖမ်းခံရမှာကြောက်ရင် ကျွန်တော်ဒီဆန္ဒပြပွဲကို မလာဘူး၊နအဖရဲ့ အတုအယောင်ရွေးကောက်ပွဲကို မလေးရှားမှာရောက်နေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်း လက်မခံဘူးဆိုတာ အားလုံးသိစေချင်...အခုလိုဆန္ဒလာပြနေတာပါ"ဟုပြတ်သားစွာပြောဆိုခဲ့သူ
ကိုရဲလင်း။

ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော န.အ.ဖ၏ အတုအယောင်ရွေးကောက်ပွဲအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုအဖြစ် ပူးပေါင်း၍ စုပေါင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ယခုအချိန်သည် မလေးရှားနိုင်ငံ၏ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားမရှိရေး စီမံ
ချက်နှင့် တိုက်ဆိုင်နေသောကြောင့် မည်သည့်တရားမ၀င်အလုပ်သမားမှ အရေးတကြီးအကြောင်းကိစ္စမရှိဘဲ
အပြင်သို့ မထွက်ဝင့်သော အချိန်ဖြစ်သည်။ထိုသို့ဖမ်းစီးခံရမည့် အရေးကိုလည်း ဂရုမစိုက်ဘဲ စုပေါင်း၍ မိမိတို့၏ရင်ထဲက သဘောထားအမှန်ကို ရဲဝင့်စွာဖြင့် ဖော်ထုတ်ပြသခဲ့ကြသည့် ဒီမိုကရေစီဘက်တော်သားများ
အား ချီးကျူးထိုက်ပေသည်။
ထိုကြောင့်လည်းမလေးရှားရှိ မြန်မာသံရုံးအမည်ခံ သူတောင်းစားဇရပ်မှာနေထိုင်ကြ
သော လူများသည် မိမိတို့၏နေရာသို့လာရောက်ပြီး ဆန္ဒပြသမည်ကို ကြောက်ရွံ့၍ ဆန္ဒပြသူများ မလာရောက်နိုင်အောင် မလေးရှားအာဏာပိုင်များကို အကူအညီတောင်းခံခဲ့ကြသည်။မလေးရှားအာဏာပိုင်
များမှ ဆန္ဒပြသူများအား သံရုံးသို့မရောက်မီ လမ်းတ၀က်မှတားမြစ်ထား၍ ဆက်လက်သွား၍မရသောကြောင့် ထိုနေရာ၌ပင်မိမိတို့၏ဆန္ဒများကိုအသံတိတ်ထုတ်ဖော်ဆန္ဒပြသခဲ့ကြသည်။အသံတိတ်ဆန္ဒပြသရခြင်းမှာ မလေးရှားအာဏာပိုင်များ၏တားမြစ်ခြင်းကြောင့်ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှဝန်ထမ်းနှစ်ဦးမှ ဓာတ်ပုံလာရိုက်၍ မိုက်ရိုင်းစွာပြောဆိုမှုကြောင့် ဆန္ဒပြနေသောလူငယ်များနှင့် အခြေအတင်အနည်းငယ်ဖြစ်ခဲ့သေးသည်။ဆန္ဒပြသူ များခွင့်လွှတ်လိုက်၍သာ ထိုသူနှစ်ဦးသက်သာသွားရခြင်းဖြစ်ပါသည်။



No comments:

Post a Comment